ပ႐ုိဂရမ္ဘာသာစကားႏွင့္ သူတုိ႔၏ဖခင္ႀကီးမ်ား (၁)

1) Java – James Gosling

လြန္ခဲ့တဲ့ႏွစ္ေတြအတြင္း ေပၚျပဴလာအျဖစ္ဆံုး ဘာသာစကားေတြထဲမွာ Java က အၿမဲတမ္းပါဝင္ခဲ့ပါတယ္။ Java ကို တီထြင္ခဲ့တဲ့သူက Dr.James Arthur Gosling ျဖစ္ၿပီးေတာ့ ဒီဘာသာစကားရဲ႕ဖခင္ႀကီးလုိ႔ေျပာရင္လည္း မမွားပါဘူး။  ၁၉၈၄ ခုႏွစ္ ကေန ၂ဝ၁ဝ ခုႏွစ္အတြင္း Sun Micro-systems မွာ အလုပ္လုပ္ေနတဲ့အခ်ိန္တုန္းက Dr.Gosling က ဒီပ႐ိုဂရမ္ဘာသာ စကားကုိ တီထြင္ခဲ့တာျဖစ္ပါတယ္။ Sun Microsystems မွာ အလုပ္မလုပ္ခင္အခ်ိန္ Carnegie Mellon တကၠသိုလ္မွာရွိေနစဥ္ အခ်ိန္တုန္းက သူဟာ 16-bit ကိုအသံုးျပဳတဲ့ ကြန္ပ်ဴတာစနစ္အတြက္ Unix Multi-processor Version ကို ထြင္ခဲ့ပါေသးတယ္။

Java ကိုအေစာပိုင္းကာလမွာ Sun Microsystems က အေထာက္အပံ့ေပးခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ Oracle က ဆက္လက္အေထာက္အပံ့ေပးပါတယ္။ Java ကို WORA ဆိုတဲ့မူနဲ႔ အေျခခံၿပီးတည္ ေဆာက္ခဲ့တာျဖစ္ၿပီး အရွည္က “Write Once Run Any-where” လို႔ျဖစ္ပါတယ္။ အဓိပၸာယ္က Java ကိုဘယ္ေနရာမွာပဲေရးခဲ့ေရးခဲ့ OS တိုင္းမွာ အလုပ္လုပ္ႏိုင္ရမယ္ လို႔ ဆိုလိုပါတယ္။ မသိကိန္းေတြကို သက္ေသျပရတာ ႀကိဳက္ႏွစ္သက္တဲ့သူတစ္ဦးျဖစ္ၿပီး သူအႀကိဳက္ဆံုးဂဏန္းက အီရာရွင္ နယ္ကိန္း လ၂ ျဖစ္ပါတယ္။ လ၂ ရဲ႕တန္ဖိုး ဒသမအေနာက္အလံုးတစ္ေထာင္ကို ေဘာင္ေခတ္ၿပီး သူ႔ရဲ႕႐ံုးခန္းထဲမွာ ခ်ိတ္ဆြဲ ထားပါတယ္။

2) C – Dennis Ritchie

၁၉၆၇ ခုႏွစ္နဲ႔ ၁၉၇၃ ခုႏွစ္အတြင္း အေမရိကန္ကြန္ပ်ဴတာ သိပၸံပညာရွင္ Dennis MacAistair Ritchie က C ပ႐ိုဂရမ္ ဘာသာစကားကို တီထြင္ခဲ့ပါတယ္။  အဲဒီတုန္းက  သူက AT&T Bell labs မွာ အလုပ္လုပ္ေနတဲ့ အခ်ိန္ပါ။ C ဟာ ဟိုးအခ်ိန္ ကတည္းကေန အခုထိေပၚျပဴလာအျဖစ္ဆံုးျဖစ္ၿပီး System ေတြကို ပ႐ိုဂရမ္ေရးဖို႔ အမ်ားဆံုးအသံုးျပဳေနတဲ့ ဘာသာစကားတစ္ခုလည္းျဖစ္ပါတယ္။ C ပ႐ိုဂရမ္ဘာသာစကားကို K&R C လို႔လည္းသိၾကၿပီး “The C Programming Language” ဆိုတဲ့စာအုပ္ ကို ပူးတြဲေရးခဲ့ၾကတဲ့ Kernighan and Ritchie တို႔နဲ႔တြဲေခၚတဲ့သေဘာပါ။ Ritchie ကို သူရဲ႕ Username ျဖစ္တဲ့ dmr နဲဲ႔တြဲသိၾကပါတယ္။

Dennis Ritchie ဟာ ကမၻာေပၚမွာအထင္ရွားဆံုးျဖစ္ခဲ့တဲ့ UNIX Operation System ကို သူ႔ရဲ႕သူငယ္ခ်င္း Ken Thompson နဲ႔တြဲဖက္ ေရးသားခဲ့တဲ့အတြက္ ဂုဏ္ျပဳျခင္းခံခဲ့ရပါတယ္။ Microsoft ရဲ႕ Bill Gates နဲ႔ Apple ရဲ႕ Steve Jobs တို႔ေလာက္မေက်ာ္္ၾကားခဲ့ေပမယ့္လည္း သူ႔ကို Programming ေလာကရဲ႕ ဦးေသွ်ာင္ႀကီးအျဖစ္ အသိအမွတ္ျပဳၾကပါတယ္။ သူေသၿပီး ၅ ႏွစ္ေလာက္အၾကာမွ နည္းပညာေလာကမွာ ေက်ာ္ၾကားသူေတြက လူမႈကြန္ရက္ေတြမွာ ခ်ီးက်ဴးေျပာဆိုခဲ့ၾကလို႔ နာမည္ႀကီးခဲ့ရသူပါ။

3) C++ – Bjarne Stroustrup

Bjarne Stroustrup ကေတာ့ C++ ကို တီထြင္ခဲ့သူပါ။ သူ႔ကို ဒိန္းမတ္ႏိုင္ငံ၊ Aarhus ၿမိဳ႕မွာ ၁၉၅ဝ ခုႏွစ္၊ ဒီဇင္ဘာလ ၃ ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။ C++ ကို က်ယ္က်ယ္ျပန္႔ျပန္႔အသံုးျပဳႏိုင္ေအာင္ တစိုက္မတ္မတ္ လုပ္ေဆာင္ခဲ့တဲ့ တစ္ဦးလို႔ ေျပာ ရင္လည္း မမွားပါဘူး။ ၁၉၇၅ ခုႏွစ္မွာ Stroustrup ဟာ မာစတာဘြဲ႕ကို ကြန္ပ်ဴတာသိပၸံဘာသာရပ္နဲ႔ ဒိန္းမတ္ႏိုင္ငံ Aarhus တကၠသိုလ္က ရရွိခဲ့ပါတယ္။ ၁၉၇၉ ခုႏွစ္မွာ ကြန္ပ်ဴတာသိပၸံဘာသာနဲ႔ပဲ ေဒါက္တာဘြဲ႕ကို အဂၤလန္ႏိုင္ငံ၊ Cambridge တကၠ သိုလ္ကေန ရရွိခဲ့ပါတယ္။ သူ႔ရဲ႕စာတမ္းအႀကံေပးကေတာ့ Cambridge တကၠသိုလ္က David Wheeler ပါ။

Stroustrup ဟာ C++ ကို ၁၉၇၈ ခုႏွစ္မွာ စတင္အေကာင္ အထည္ေဖာ္ခဲ့တာျဖစ္ၿပီး အစပိုင္းတုန္းက “C with Classes” လို႔ ေခၚၾက ပါတယ္။ Stroustrup ဟာ C++ အတြက္ ျပဌာန္းစာအုပ္တစ္အုပ္ကိုလည္း ေရးခဲ့ပါေသးတယ္။

4) Python – Guido van Rossum

Guido van Rossum ကုိ ၁၉၅၆ ခုႏွစ္၊ ဇန္နဝါရီလ ၃၁ ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ ဒတ္ခ်္လူမ်ိဳးပ႐ိုဂရမ္မာတစ္ဦးျဖစ္ၿပီး Python Program-ming Language ကို ေရးသားခဲ့တဲ့သူတစ္ဦးျဖစ္ပါတယ္။ Python ေလာကမွာေတာ့ Van Rossum ကို ဘဝတစ္ေလွ်ာက္လံုးေစတနာေတြ ထံုမႊမ္းထားတဲ့သူလို႔ေျပာဆိုၾကပါတယ္။

Python တိုးတက္ေရးအတြက္ ႀကီးၾကပ္ေဆာင္ရြက္ခဲ့သလို လိုအပ္တဲ့ဆံုးျဖတ္ခ်က္ေတြကိုလည္း တစိုက္မတ္မတ္ ေဆာင္ရြက္ခဲ့ပါတယ္။ ဖြဲ႕စည္းမႈစနစ္တည္ၿငိမ္မႈရွိတဲ့အျပင္ Exploits နဲ႔ Tools ေတြတည္ေဆာက္ရာမွာ အရမ္းအသံုးဝင္တဲ့ အတြက္ Python ဟာ Hacker, Security Researcher နဲ႔ Pentesters ေတြရဲ႕ အႀကိဳက္ဆံုးဘာသာစကားတစ္ခုထဲမွာ ပါဝင္ပါတယ္။ Hacker ေတြဘာလို႔ႀကိဳက္လဲဆိုေတာ့ သူ႔ရဲ႕ Syntax ေတြဟာ ႐ိုးရွင္းၿပီးလြယ္ကူလို႔ပါ။

5) PHP – Rasmus Lerdorf

Rasmus Lerdorf ကို ၁၉၆၈ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၂ ရက္ေန႔မွာ ေမြးဖြားခဲ့ၿပီး ဂရင္းလန္ကြၽန္းဖြား ဒိန္းမတ္လူမ်ိဳး ပ႐ို ဂရမ္မာတစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ Scripting Language တစ္ခုျဖစ္တဲ့ PHP ကို အေကာင္အထည္ေဖာ္ခဲ့သူျဖစ္ၿပီး ပထမဆံုးဗားရွင္းႏွစ္ခုကို ေရးသားခဲ့တဲ့သူပါ။ ေနာက္ပိုင္းဗားရွင္းေတြကို Jim Winstead (blo.gs ကို တည္ေထာင္သူ) , Stig Bakken, Shane Caraveo, Andi Gutmans နဲ႔ Zeev Suraski တို႔ပါဝင္တဲ့ Developer အဖြဲဲ႕က ဆက္လက္ေရးသားၿပီး Lerdorf ကလည္း တစ္ေထာင့္တစ္ေနရာက ဆက္လက္ပါဝင္ခဲ့ပါတယ္။

PHP ကို Web Progarmming ကိုအဓိကအသံုးျပဳတာျဖစ္ၿပီး Lerdorf က ၁၉၉၅ ခုႏွစ္မွာ စတင္ဖန္တီးခဲ့တဲ့ ဘာသာ စကားပါ။ PHP အတြက္ မြမ္းမံျဖည့္စြက္ခ်က္ေတြကို PHP Group က ဆက္လက္လုပ္ေဆာင္ေနၿပီး  PHP အတြက္ ဘာသာ စကားရည္ညႊန္းကိုလည္း ထုတ္ျပန္ေပးေနပါတယ္။ PHP ဟာ Open Source ဘာသာစကားတစ္ခုျဖစ္တဲ့အျပင္ အင္တာနက္ ဘီလူးႀကီးေတြျဖစ္တဲ့ Facebook နဲ႔ Wikipedia ကလည္း PHP နဲ႔ ေရးထားတာပါ။ ေနာက္ၿပီး CMS စနစ္ကိုအသံုးျပဳႏိုင္တဲ့ WordPress နဲ႔ Joomla တို႔ကလည္း PHP ပဲသံုးပါတယ္။ PHP ရဲ႕အျပည့္အစံုက Personal Home Page ပါ။

ဆက္လက္ဖတ္ရႈပါရန္

မင္းသုခ

(Unicode Version)

ပရိုဂရမ်ဘာသာစကားနှင့် သူတို့၏ဖခင်ကြီးများ (၁)

1) Java – James Gosling
လွန်ခဲ့တဲ့နှစ်တွေအတွင်း ပေါ်ပြူလာအဖြစ်ဆုံး ဘာသာစကားတွေထဲမှာ Java က အမြဲတမ်းပါဝင်ခဲ့ပါတယ်။ Java ကို တီထွင်ခဲ့တဲ့သူက Dr.James Arthur Gosling ဖြစ်ပြီးတော့ ဒီဘာသာစကားရဲ့ဖခင်ကြီးလို့ပြောရင်လည်း မမှားပါဘူး။  ၁၉၈၄ ခုနှစ် ကနေ ၂ဝ၁ဝ ခုနှစ်အတွင်း Sun Micro-systems မှာ အလုပ်လုပ်နေတဲ့အချိန်တုန်းက Dr.Gosling က ဒီပရိုဂရမ်ဘာသာ စကားကို တီထွင်ခဲ့တာဖြစ်ပါတယ်။ Sun Microsystems မှာ အလုပ်မလုပ်ခင်အချိန် Carnegie Mellon တက္ကသိုလ်မှာရှိနေစဉ် အချိန်တုန်းက သူဟာ 16-bit ကိုအသုံးပြုတဲ့ ကွန်ပျူတာစနစ်အတွက် Unix Multi-processor Version ကို ထွင်ခဲ့ပါသေးတယ်။

Java ကိုအစောပိုင်းကာလမှာ Sun Microsystems က အထောက်အပံ့ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ Oracle က ဆက်လက်အထောက်အပံ့ပေးပါတယ်။ Java ကို WORA ဆိုတဲ့မူနဲ့ အခြေခံပြီးတည် ဆောက်ခဲ့တာဖြစ်ပြီး အရှည်က “Write Once Run Any-where” လို့ဖြစ်ပါတယ်။ အဓိပ္ပာယ်က Java ကိုဘယ်နေရာမှာပဲရေးခဲ့ရေးခဲ့ OS တိုင်းမှာ အလုပ်လုပ်နိုင်ရမယ် လို့ ဆိုလိုပါတယ်။ မသိကိန်းတွေကို သက်သေပြရတာ ကြိုက်နှစ်သက်တဲ့သူတစ်ဦးဖြစ်ပြီး သူအကြိုက်ဆုံးဂဏန်းက အီရာရှင် နယ်ကိန်း လ၂ ဖြစ်ပါတယ်။ လ၂ ရဲ့တန်ဖိုး ဒသမအနောက်အလုံးတစ်ထောင်ကို ဘောင်ခေတ်ပြီး သူ့ရဲ့ရုံးခန်းထဲမှာ ချိတ်ဆွဲ ထားပါတယ်။

2) C – Dennis Ritchie
၁၉၆၇ ခုနှစ်နဲ့ ၁၉၇၃ ခုနှစ်အတွင်း အမေရိကန်ကွန်ပျူတာ သိပ္ပံပညာရှင် Dennis MacAistair Ritchie က C ပရိုဂရမ် ဘာသာစကားကို တီထွင်ခဲ့ပါတယ်။  အဲဒီတုန်းက  သူက AT&T Bell labs မှာ အလုပ်လုပ်နေတဲ့ အချိန်ပါ။ C ဟာ ဟိုးအချိန် ကတည်းကနေ အခုထိပေါ်ပြူလာအဖြစ်ဆုံးဖြစ်ပြီး System တွေကို ပရိုဂရမ်ရေးဖို့ အများဆုံးအသုံးပြုနေတဲ့ ဘာသာစကားတစ်ခုလည်းဖြစ်ပါတယ်။ C ပရိုဂရမ်ဘာသာစကားကို K&R C လို့လည်းသိကြပြီး “The C Programming Language” ဆိုတဲ့စာအုပ် ကို ပူးတွဲရေးခဲ့ကြတဲ့ Kernighan and Ritchie တို့နဲ့တွဲခေါ်တဲ့သဘောပါ။ Ritchie ကို သူရဲ့ Username ဖြစ်တဲ့ dmr နဲ့တွဲသိကြပါတယ်။

Dennis Ritchie ဟာ ကမ္ဘာပေါ်မှာအထင်ရှားဆုံးဖြစ်ခဲ့တဲ့ UNIX Operation System ကို သူ့ရဲ့သူငယ်ချင်း Ken Thompson နဲ့တွဲဖက် ရေးသားခဲ့တဲ့အတွက် ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ Microsoft ရဲ့ Bill Gates နဲ့ Apple ရဲ့ Steve Jobs တို့လောက်မကျော်ကြားခဲ့ပေမယ့်လည်း သူ့ကို Programming လောကရဲ့ ဦးသျှောင်ကြီးအဖြစ် အသိအမှတ်ပြုကြပါတယ်။ သူသေပြီး ၅ နှစ်လောက်အကြာမှ နည်းပညာလောကမှာ ကျော်ကြားသူတွေက လူမှုကွန်ရက်တွေမှာ ချီးကျူးပြောဆိုခဲ့ကြလို့ နာမည်ကြီးခဲ့ရသူပါ။

3) C++ – Bjarne Stroustrup
Bjarne Stroustrup ကတော့ C++ ကို တီထွင်ခဲ့သူပါ။ သူ့ကို ဒိန်းမတ်နိုင်ငံ၊ Aarhus မြို့မှာ ၁၉၅ဝ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ C++ ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်အောင် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့ တစ်ဦးလို့ ပြော ရင်လည်း မမှားပါဘူး။ ၁၉၇၅ ခုနှစ်မှာ Stroustrup ဟာ မာစတာဘွဲ့ကို ကွန်ပျူတာသိပ္ပံဘာသာရပ်နဲ့ ဒိန်းမတ်နိုင်ငံ Aarhus တက္ကသိုလ်က ရရှိခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာ ကွန်ပျူတာသိပ္ပံဘာသာနဲ့ပဲ ဒေါက်တာဘွဲ့ကို အင်္ဂလန်နိုင်ငံ၊ Cambridge တက္က သိုလ်ကနေ ရရှိခဲ့ပါတယ်။ သူ့ရဲ့စာတမ်းအကြံပေးကတော့ Cambridge တက္ကသိုလ်က David Wheeler ပါ။

Stroustrup ဟာ C++ ကို ၁၉၇၈ ခုနှစ်မှာ စတင်အကောင် အထည်ဖော်ခဲ့တာဖြစ်ပြီး အစပိုင်းတုန်းက “C with Classes” လို့ ခေါ်ကြ ပါတယ်။ Stroustrup ဟာ C++ အတွက် ပြဌာန်းစာအုပ်တစ်အုပ်ကိုလည်း ရေးခဲ့ပါသေးတယ်။

4) Python – Guido van Rossum
Guido van Rossum ကို ၁၉၅၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဒတ်ချ်လူမျိုးပရိုဂရမ်မာတစ်ဦးဖြစ်ပြီး Python Program-ming Language ကို ရေးသားခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ Python လောကမှာတော့ Van Rossum ကို ဘဝတစ်လျှောက်လုံးစေတနာတွေ ထုံမွှမ်းထားတဲ့သူလို့ပြောဆိုကြပါတယ်။

Python တိုးတက်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့သလို လိုအပ်တဲ့ဆုံးဖြတ်ချက်တွေကိုလည်း တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ ဖွဲ့စည်းမှုစနစ်တည်ငြိမ်မှုရှိတဲ့အပြင် Exploits နဲ့ Tools တွေတည်ဆောက်ရာမှာ အရမ်းအသုံးဝင်တဲ့ အတွက် Python ဟာ Hacker, Security Researcher နဲ့ Pentesters တွေရဲ့ အကြိုက်ဆုံးဘာသာစကားတစ်ခုထဲမှာ ပါဝင်ပါတယ်။ Hacker တွေဘာလို့ကြိုက်လဲဆိုတော့ သူ့ရဲ့ Syntax တွေဟာ ရိုးရှင်းပြီးလွယ်ကူလို့ပါ။

5) PHP – Rasmus Lerdorf
Rasmus Lerdorf ကို ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဂရင်းလန်ကျွန်းဖွား ဒိန်းမတ်လူမျိုး ပရို ဂရမ်မာတစ်ယောက် ဖြစ်ပါတယ်။ သူဟာ Scripting Language တစ်ခုဖြစ်တဲ့ PHP ကို အကောင်အထည်ဖော်ခဲ့သူဖြစ်ပြီး ပထမဆုံးဗားရှင်းနှစ်ခုကို ရေးသားခဲ့တဲ့သူပါ။ နောက်ပိုင်းဗားရှင်းတွေကို Jim Winstead (blo.gs ကို တည်ထောင်သူ) , Stig Bakken, Shane Caraveo, Andi Gutmans နဲ့ Zeev Suraski တို့ပါဝင်တဲ့ Developer အဖွဲ့က ဆက်လက်ရေးသားပြီး Lerdorf ကလည်း တစ်ထောင့်တစ်နေရာက ဆက်လက်ပါဝင်ခဲ့ပါတယ်။

PHP ကို Web Progarmming ကိုအဓိကအသုံးပြုတာဖြစ်ပြီး Lerdorf က ၁၉၉၅ ခုနှစ်မှာ စတင်ဖန်တီးခဲ့တဲ့ ဘာသာ စကားပါ။ PHP အတွက် မွမ်းမံဖြည့်စွက်ချက်တွေကို PHP Group က ဆက်လက်လုပ်ဆောင်နေပြီး  PHP အတွက် ဘာသာ စကားရည်ညွှန်းကိုလည်း ထုတ်ပြန်ပေးနေပါတယ်။ PHP ဟာ Open Source ဘာသာစကားတစ်ခုဖြစ်တဲ့အပြင် အင်တာနက် ဘီလူးကြီးတွေဖြစ်တဲ့ Facebook နဲ့ Wikipedia ကလည်း PHP နဲ့ ရေးထားတာပါ။ နောက်ပြီး CMS စနစ်ကိုအသုံးပြုနိုင်တဲ့ WordPress နဲ့ Joomla တို့ကလည်း PHP ပဲသုံးပါတယ်။ PHP ရဲ့အပြည့်အစုံက Personal Home Page ပါ။

ဆက်လက်ဖတ်ရှုပါရန်

မင်းသုခ

Comments