Network ထဲမွာ လံုၿခံဳစြာ

ကြန္ရက္ခ်ိတ္ဆက္၍သံုးရေသာ အင္တာနက္မုိဘုိင္းဖုန္းႏွင့္ Wi-Fi တို႔ေပၚလာၿပီးသည့္ေနာက္တြင္ ကြန္ရက္ ႏွင့္မည္သူမွ်မကင္း။ မုိဘုိင္းကြန္ရက္မွာ စနစ္တက်စီမံထားၿပီး သက္ဆုိင္သူအခ်င္းခ်င္းသာ ဆက္သြယ္၍ရ ေသာေၾကာင့္ လံုၿခံဳမႈႏွင့္ပတ္သက္ၿပီး ေၾကာင့္ၾကဖြယ္ရာမရွိပါေပ။ သုိ႔ေသာ္ အင္တာနက္ကုိ ပံုစံတစ္မ်ဳိးမ်ဳိးျဖင့္ ကြန္ရက္ခ်ိတ္ဆက္၍ သံုးရၿပီဆုိလွ်င္ျဖစ္ေစ၊ Wi-Fi ကြန္ရက္ထဲ၀င္ရၿပီဆုိလွ်င္ျဖစ္ေစ ကုိယ္ေရးလံုၿခံဳမႈႏွင့္ data လံုၿခံဳမႈကုိ သတိႀကီးစြာထားရေတာ့မည္။ ထုိသုိ႔ေသာ အေျခအေနမ်ဳိးလံုၿခံဳမႈကုိ မည္သုိ႔ထိန္းသိမ္းၾကမည္နည္း။

Multiple Firewall အသံုးျပဳျခင္း

ကြန္ပ်ဴတာတြင္ျဖစ္ေစ၊ မုိဘုိင္းဖုန္းတြင္ျဖစ္ေစ antivirus တစ္မ်ဳိးသာ သံုးခြင့္ရွိသည္။ သုိ႔ေသာ္ Firewall မွာမူ တစ္မ်ဳိးထက္မက သံုးခြင့္ရွိသည္။ တစ္မ်ဳိးမက ပုိသံုးသျဖင့္ antivirus ေတြမွာလို တစ္ခုႏွင့္တစ္ခု conflict မျဖစ္ပါ။ Firewall ဆုိသည္မွာ ကြန္ပ်ဴတာသုိ႔ ကြန္ရက္တစ္ေနရာမွ လွမ္း၍ခ်ိတ္ဆက္ေသာဆက္ေၾကာင္းတစ္ခု ကုိ ေထာက္လွမ္းသည့္စနစ္ျဖစ္သည္။ ထို႔ျပင္ ကြန္ပ်ဴတာ၊ မုိဘိုင္းဖုန္းအတြင္းမွေန၍ ျပင္ပရွိကြန္ရက္တစ္ေနရာ သုိ႔ လွမ္း၍ခ်ိတ္ဆက္ေသာ ဆက္ေၾကာင္းကုိလည္း ေထာက္လွမ္းေပးပါသည္။ မည္သည့္ဆက္ေၾကာင္းမ်ားကုိ ခြင့္ျပဳၿပီး မည္သည့္ဆက္ေၾကာင္းမ်ားကုိ ခြင့္မျပဳဟု သတ္မွတ္ေပးထားပါက ယင္းတုိ႔ကုိ ပိတ္ဆုိ႔ေပးပါသည္။ ခြင့္ျပဳခ်က္မရွိေသာ ဆက္ေၾကာင္းမ်ား device အတြင္း/အျပင္သုိ႔ သြားလာခြင့္မရွိေသာေၾကာင့္ firewall ဟု ေခၚဆုိ ျခင္းျဖစ္ပါသည္။

ကြန္ရက္တစ္ခုအား လံုၿခံဳမႈရွိေစရန္အတြက္ဆုိလွ်င္ အနည္းဆံုး firewall ႏွစ္ခုကုိသာ သံုးသင့္ပါသည္။ Wifi ဆက္ေၾကာင္းမွတစ္ဆင့္ခ်ိတ္ဆက္မည္ဆုိလွ်င္ router အတြက္ hardware firewall တစ္ခုလိုအပ္ၿပီး မိမိ အသံုးျပဳေသာ device အတြက္ software firewall တစ္ခု လိုအပ္ပါသည္။ ယေန႔ေခတ္တြင္ router အားလံုးနီးပါး၌ hardware firewall ထည့္သြင္းေပးထားၿပီးျဖစ္ပါသည္။ မိမိလိုအပ္သလို ခ်ိန္ညႇိရန္အတြက္ router configuration tool ထဲ၀င္ၾကည့္ရန္လိုသည္။ Advanced သုိ႔မဟုတ္ security setting  ေအာက္တြင္ရွိေသာ firewall option ထဲသုိ႔၀င္ၿပီး လိုအပ္သလို ခ်ိန္ညိႇရန္ျဖစ္ပါသည္။ အကယ္၍ firewall ကုိ enable လုပ္ထားျခင္းမရွိပါက enable လုပ္ေပးၿပီး save changes တြင္ တစ္ခ်က္ႏွိပ္ရပါမည္။

ကြန္ပ်ဴတာအသံုးျပဳသူျဖစ္က windows firewall ကုိ အသံုးျပဳႏိုင္သည္။ အခမဲ့ antivirus (ဥပမာ Avast Free) ကုိအသံုးျပဳၿပီး ယင္း၌ firewall မပါလွ်င္ windows firewall အသံုးျပဳျခင္းသည္ သင့္ေတာ္ပါသည္။ ဤ firewall သည္ အသံုးျပဳရန္ အလြန္တရာလြယ္ကူၿပီး ေကာင္းမြန္ေသာလံုၿခံဳမႈကုိလည္း ေပးထားႏိုင္သည္။ ယင္း၏ interface သည္ ရင္းႏွီးဖို႔မလြယ္ေသာ္လည္း ေဖ်ာက္ထားေသာ option အမ်ားအျပား ပါ၀င္ျခင္းက အားသာခ်က္တစ္ခုျဖစ္သည္။ Windows firewall ၏ interface ကုိ တုိးတက္ေစႏိုင္မည့္နည္းလမ္းတစ္ခုမွာ အခမဲ့ရႏိုင္ေသာ windows firewall control ကုိ အသံုးျပဳျခင္းျဖစ္သည္။ ယင္းကုိ www.snipca.com/23495 မွေန၍ ရရွိႏိုင္သည္။

အဆုိပါ firewall control ကုိအသံုးျပဳမည္ဆုိပါက firewall setting ထဲသုိ႔ အလြယ္တကူ ၀င္ေရာက္ႏိုင္ေစမည့္ လမ္းေၾကာင္းကုိ ရရွိပါလိမ့္မည္။ ထုိ႔ေၾကာင့္ setting ျပင္ဆင္ရန္လိုအပ္သည့္အခါ အလြယ္တကူ ျပဳလုပ္ႏုိင္သည္။ Firewall control  သည္ notification area တြင္ icon တစ္ခုအျဖစ္ရွိေနပါသည္။ ယင္းေနရာရွိ အစိမ္းေရာင္ icon ကုိ ကလစ္ႏွိပ္လွ်င္ ဒါဇင္ႏွင့္ခ်ီေသာ option မ်ားကုိရရွိႏိုင္သည္။ Firewall control ကုိ install လုပ္ၿပီးေနာက္ အလ်င္အျမန္ျပဳျပင္ရန္ လိုအပ္သည့္အခ်က္တစ္ခုမွာ low filtering  လုပ္ထားျခင္းအား medium filtering သုိ႔ ေျပာင္းလဲေပးရန္ျဖစ္သည္။ မိမိသတ္မွတ္ေပးထားေသာ rule ႏွင့္ မကိုက္ညီသည့္ outgoing connection မ်ားကို block လုပ္ရန္ျဖစ္သည္။ ထိုသုိ႔ ပိတ္ဆုိ႔သည့္အရာမ်ားထဲတြင္ မိမိ၏ကြန္ပ်ဴတာထဲမွ data မ်ားကုိ ျပင္ပသို႔ပုိ႔မည့္ keyloggers ၊ spyware ႏွင့္ malware မ်ား ပါ၀င္ပါသည္။

Wi-Fi Password ကုိ ေျပာင္းလဲျခင္း

Wi-Fi သံုးၿပီဆုိသည့္အခါ router က ပါလာစၿမဲ။ ထို router ကုိ ထုတ္လုပ္သူက မည္သူ၀င္ခ်ိတ္ခ်ိတ္ရသည့္ အပြင့္ပံုစံ (open) ထားသည္မဟုတ္။ ႀကိဳတင္သတ္မွတ္ထားေသာ password တစ္ခုျဖင့္ ပိတ္ထားပါသည္။ ယင္း password ကုိ မ်ားေသာအားျဖင့္ router ၏ ေက်ာဖက္တြင္ ပံုႏွိပ္ေဖာ္ျပထားေလ့ရွိပါသည္။ ထိုသို႔ အမ်ားျမင္ႏိုင္ေအာင္ ေရးျပထားသည့္ အတြက္ ယင္း password မွာ လံုၿခံဳလွသည္မဟုတ္။ ျမင္ေတြ႕သူတစ္ေယာက္ေယာက္က ယင္းကုိ ကူးယူေရးမွတ္ထားႏိုင္သည္။ ယင္း password ကုိသာသံုး၍ မိမိသံုးေနေသာ ကြန္ရက္ထဲသုိ႔၀င္ေရာက္လာႏိုင္သည္။

ထို႔ေၾကာင့္ router ၀ယ္လာၿပီဆုိလွ်င္ ယင္းရွိ wireless setting ထဲသုိ႔၀င္ကာ ထုတ္လုပ္သူက ႀကိဳတင္သတ္မွတ္ေပးလိုက္ေသာ password ကုိ ပုိမိုအားေကာင္းေသာ Password တစ္ခုျဖင့္ အစားထိုးလဲလွယ္သင့္သည္။ အားေကာင္းၿပီး လံုၿခံဳစိတ္ခ်ရေသာ password တစ္ခုကုိ ဖန္တီးရန္အတြက္ online password generator တစ္ခုကုိ သံုးႏိုင္သည္။ ထိုကိစၥအတြက္ သင့္ေတာ္သည္မွာ lastpass ျဖစ္သည္။ www.snipa.com/23496 တြင္ ၀င္၍ၾကည့္ႏိုင္သည္။ Online password generator ျဖင့္ ဖန္တီးလိုက္ေသာ password ကုိ တစ္ေနရာတြင္ အေသအခ်ာ သိမ္းဆည္းသင့္သည္။ router က အသံုးျပဳေသာ encryption ပံုစံကုိလိုက္၍ အတုိင္းအတာတစ္ခုထိ ရွည္လ်ားေသာ password ကုိ အသံုးျပဳရပါမည္။ စာလံုးေရမည္မွ်ပါ၀င္မည္ဟူေသာ password ကုိဖန္တီးရန္အတြက္ last pass ၏ detail section တြင္ပါေသာ password length ကို အသံုးျပဳႏိုင္ပါသည္။

မလံုၿခံဳေသာအမ်ားသံုး  Wi-Fi network မ်ားကုိ ပယ္ဖ်က္ျခင္း

ယေန႔ေခတ္ကာလတြင္ အင္တာနက္ကုိ အခမဲ့သံုးလိုသူေတြ အလြန္ပင္မ်ားပါသည္။ ထို႔ေၾကာင့္ အခမဲ့ wifi ဟုဆုိေသာ public Wi-Fi ကုိ သံုးသူတုိ႔လည္း အလြန္ပင္မ်ားပါသည္။ အစြမ္းကုန္လြတ္လပ္ခြင့္ေပးထားေသာ အမ်ားသံုးအခမဲ့ Wi-Fi  တို႔တြင္ user ID ႏွင့္ password ထားေလ့မရွိပါ။ ထိုသုိ႔ေသာ အခမဲ့  Wi-Fi တို႔ကုိ အသံုးျပဳရာတြင္ အႏၲရာယ္ႏွင့္ ရင္းရေလ့ရွိပါသည္။ ကြန္ပ်ဴတာမွတစ္ဆင့္ အခမဲ့ Wi-Fi ကုိတစ္ႀကိမ္ ခ်ိတ္ဆက္ဖူးပါက windows သည္ယင္း connection တို႔ကုိ မွတ္သားသိမ္းဆည္းထားပါသည္။ ေနာင္တစ္ႀကိမ္တြင္ မိမိမသိလိုက္ရဘဲ ယင္း connection အား အလိုအေလ်ာက္ခ်ိတ္ဆက္ႏိုင္သည္။ အဆုိပါ ျဖစ္ရပ္မ်ဳိးကုိ ကာကြယ္ႏိုင္ရန္အတြက္ မိမိအသံုးမျပဳေတာ့သည့္ Wi-Fi connection အေဟာင္းမ်ားကုိ ဖ်က္ပစ္သင့္သည္။ အထူးသျဖင့္ လံုၿခံဳမႈမရွိေသာ public Wi-Fi  တို႔ကုိ ဖ်က္သင့္ပါသည္။

ယင္းသုိ႔ျပဳလုပ္ရန္အတြက္ Windows 10 တြင္ start ကုိႏွိပ္ၿပီး ေပၚလာသည့္အကြက္မွတစ္ဆင့္ setting>network&internet>wi-fi  လမ္းေၾကာင္းအတုိင္း ၀င္သြားရပါမည္။ ေနာက္တစ္ဆင့္တြင္ Manage known networks ေနရာ၌ ကလစ္ႏွိပ္ရပါမည္။ ယင္းေနာက္တြင္ မိမိဖယ္ရွားလိုေသာ network connection တစ္ခုခ်င္းကုိ ကလစ္ႏွိပ္ရပါမည္။ ၿပီးသြားလွ်င္ forget ကလစ္ႏွိပ္ၿပီး အဆံုးသတ္ရပါမည္။ Windows7 တြင္လည္း start ေနရာ၌ ကလစ္ႏွိပ္ရပါမည္။ ေပၚလာေသာအကြက္ထဲမွ ကြက္လပ္တြင္ manage wireless ဟူေသာ စာသားကုိ ႐ိုက္ထည့္ရပါမည္။ ၿပီးလွ်င္ Manage Wireless Networks စာသားေနရာတြင္ ကလစ္ႏွိပ္ရပါမည္။ ၿပီးလွ်င္ျမင္ေနရေသာ network မ်ားထဲမွ မိမိအလိုမရွိသည္ကုိ ကလစ္ႏွိပ္ၿပီးေရြးရပါမည္။ ေနာက္တစ္ဆင့္၌ remove တြင္ ကလစ္ႏွိပ္ပါက ကိစၥျပတ္ပါၿပီ။

ဧဧသက္(ၿဖိဳးဓနဒစ္ဂ်စ္တယ္ဓာတ္ပံု)

(Unicode Version)

Network ထဲမှာ လုံခြုံစွာ

ကွန်ရက်ချိတ်ဆက်၍သုံးရသော အင်တာနက်မိုဘိုင်းဖုန်းနှင့် Wi-Fi တို့ပေါ်လာပြီးသည့်နောက်တွင် ကွန်ရက် နှင့်မည်သူမျှမကင်း။ မိုဘိုင်းကွန်ရက်မှာ စနစ်တကျစီမံထားပြီး သက်ဆိုင်သူအချင်းချင်းသာ ဆက်သွယ်၍ရ သောကြောင့် လုံခြုံမှုနှင့်ပတ်သက်ပြီး ကြောင့်ကြဖွယ်ရာမရှိပါပေ။ သို့သော် အင်တာနက်ကို ပုံစံတစ်မျိုးမျိုးဖြင့် ကွန်ရက်ချိတ်ဆက်၍ သုံးရပြီဆိုလျှင်ဖြစ်စေ၊ Wi-Fi ကွန်ရက်ထဲဝင်ရပြီဆိုလျှင်ဖြစ်စေ ကိုယ်ရေးလုံခြုံမှုနှင့် data လုံခြုံမှုကို သတိကြီးစွာထားရတော့မည်။ ထိုသို့သော အခြေအနေမျိုးလုံခြုံမှုကို မည်သို့ထိန်းသိမ်းကြမည်နည်း။

Multiple Firewall အသုံးပြုခြင်း
ကွန်ပျူတာတွင်ဖြစ်စေ၊ မိုဘိုင်းဖုန်းတွင်ဖြစ်စေ antivirus တစ်မျိုးသာ သုံးခွင့်ရှိသည်။ သို့သော် Firewall မှာမူ တစ်မျိုးထက်မက သုံးခွင့်ရှိသည်။ တစ်မျိုးမက ပိုသုံးသဖြင့် antivirus တွေမှာလို တစ်ခုနှင့်တစ်ခု conflict မဖြစ်ပါ။ Firewall ဆိုသည်မှာ ကွန်ပျူတာသို့ ကွန်ရက်တစ်နေရာမှ လှမ်း၍ချိတ်ဆက်သောဆက်ကြောင်းတစ်ခု ကို ထောက်လှမ်းသည့်စနစ်ဖြစ်သည်။ ထို့ပြင် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းအတွင်းမှနေ၍ ပြင်ပရှိကွန်ရက်တစ်နေရာ သို့ လှမ်း၍ချိတ်ဆက်သော ဆက်ကြောင်းကိုလည်း ထောက်လှမ်းပေးပါသည်။ မည်သည့်ဆက်ကြောင်းများကို ခွင့်ပြုပြီး မည်သည့်ဆက်ကြောင်းများကို ခွင့်မပြုဟု သတ်မှတ်ပေးထားပါက ယင်းတို့ကို ပိတ်ဆို့ပေးပါသည်။ ခွင့်ပြုချက်မရှိသော ဆက်ကြောင်းများ device အတွင်း/အပြင်သို့ သွားလာခွင့်မရှိသောကြောင့် firewall ဟု ခေါ်ဆို ခြင်းဖြစ်ပါသည်။

ကွန်ရက်တစ်ခုအား လုံခြုံမှုရှိစေရန်အတွက်ဆိုလျှင် အနည်းဆုံး firewall နှစ်ခုကိုသာ သုံးသင့်ပါသည်။ Wifi ဆက်ကြောင်းမှတစ်ဆင့်ချိတ်ဆက်မည်ဆိုလျှင် router အတွက် hardware firewall တစ်ခုလိုအပ်ပြီး မိမိ အသုံးပြုသော device အတွက် software firewall တစ်ခု လိုအပ်ပါသည်။ ယနေ့ခေတ်တွင် router အားလုံးနီးပါး၌ hardware firewall ထည့်သွင်းပေးထားပြီးဖြစ်ပါသည်။ မိမိလိုအပ်သလို ချိန်ညှိရန်အတွက် router configuration tool ထဲဝင်ကြည့်ရန်လိုသည်။ Advanced သို့မဟုတ် security setting  အောက်တွင်ရှိသော firewall option ထဲသို့ဝင်ပြီး လိုအပ်သလို ချိန်ညှိရန်ဖြစ်ပါသည်။ အကယ်၍ firewall ကို enable လုပ်ထားခြင်းမရှိပါက enable လုပ်ပေးပြီး save changes တွင် တစ်ချက်နှိပ်ရပါမည်။

ကွန်ပျူတာအသုံးပြုသူဖြစ်က windows firewall ကို အသုံးပြုနိုင်သည်။ အခမဲ့ antivirus (ဥပမာ Avast Free) ကိုအသုံးပြုပြီး ယင်း၌ firewall မပါလျှင် windows firewall အသုံးပြုခြင်းသည် သင့်တော်ပါသည်။ ဤ firewall သည် အသုံးပြုရန် အလွန်တရာလွယ်ကူပြီး ကောင်းမွန်သောလုံခြုံမှုကိုလည်း ပေးထားနိုင်သည်။ ယင်း၏ interface သည် ရင်းနှီးဖို့မလွယ်သော်လည်း ဖျောက်ထားသော option အများအပြား ပါဝင်ခြင်းက အားသာချက်တစ်ခုဖြစ်သည်။ Windows firewall ၏ interface ကို တိုးတက်စေနိုင်မည့်နည်းလမ်းတစ်ခုမှာ အခမဲ့ရနိုင်သော windows firewall control ကို အသုံးပြုခြင်းဖြစ်သည်။ ယင်းကို www.snipca.com/23495 မှနေ၍ ရရှိနိုင်သည်။

အဆိုပါ firewall control ကိုအသုံးပြုမည်ဆိုပါက firewall setting ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်စေမည့် လမ်းကြောင်းကို ရရှိပါလိမ့်မည်။ ထို့ကြောင့် setting ပြင်ဆင်ရန်လိုအပ်သည့်အခါ အလွယ်တကူ ပြုလုပ်နိုင်သည်။ Firewall control  သည် notification area တွင် icon တစ်ခုအဖြစ်ရှိနေပါသည်။ ယင်းနေရာရှိ အစိမ်းရောင် icon ကို ကလစ်နှိပ်လျှင် ဒါဇင်နှင့်ချီသော option များကိုရရှိနိုင်သည်။ Firewall control ကို install လုပ်ပြီးနောက် အလျင်အမြန်ပြုပြင်ရန် လိုအပ်သည့်အချက်တစ်ခုမှာ low filtering  လုပ်ထားခြင်းအား medium filtering သို့ ပြောင်းလဲပေးရန်ဖြစ်သည်။ မိမိသတ်မှတ်ပေးထားသော rule နှင့် မကိုက်ညီသည့် outgoing connection များကို block လုပ်ရန်ဖြစ်သည်။ ထိုသို့ ပိတ်ဆို့သည့်အရာများထဲတွင် မိမိ၏ကွန်ပျူတာထဲမှ data များကို ပြင်ပသို့ပို့မည့် keyloggers ၊ spyware နှင့် malware များ ပါဝင်ပါသည်။

Wi-Fi Password ကို ပြောင်းလဲခြင်း
Wi-Fi သုံးပြီဆိုသည့်အခါ router က ပါလာစမြဲ။ ထို router ကို ထုတ်လုပ်သူက မည်သူဝင်ချိတ်ချိတ်ရသည့် အပွင့်ပုံစံ (open) ထားသည်မဟုတ်။ ကြိုတင်သတ်မှတ်ထားသော password တစ်ခုဖြင့် ပိတ်ထားပါသည်။ ယင်း password ကို များသောအားဖြင့် router ၏ ကျောဖက်တွင် ပုံနှိပ်ဖော်ပြထားလေ့ရှိပါသည်။ ထိုသို့ အများမြင်နိုင်အောင် ရေးပြထားသည့် အတွက် ယင်း password မှာ လုံခြုံလှသည်မဟုတ်။ မြင်တွေ့သူတစ်ယောက်ယောက်က ယင်းကို ကူးယူရေးမှတ်ထားနိုင်သည်။ ယင်း password ကိုသာသုံး၍ မိမိသုံးနေသော ကွန်ရက်ထဲသို့ဝင်ရောက်လာနိုင်သည်။

ထို့ကြောင့် router ဝယ်လာပြီဆိုလျှင် ယင်းရှိ wireless setting ထဲသို့ဝင်ကာ ထုတ်လုပ်သူက ကြိုတင်သတ်မှတ်ပေးလိုက်သော password ကို ပိုမိုအားကောင်းသော Password တစ်ခုဖြင့် အစားထိုးလဲလှယ်သင့်သည်။ အားကောင်းပြီး လုံခြုံစိတ်ချရသော password တစ်ခုကို ဖန်တီးရန်အတွက် online password generator တစ်ခုကို သုံးနိုင်သည်။ ထိုကိစ္စအတွက် သင့်တော်သည်မှာ lastpass ဖြစ်သည်။ www.snipa.com/23496 တွင် ဝင်၍ကြည့်နိုင်သည်။ Online password generator ဖြင့် ဖန်တီးလိုက်သော password ကို တစ်နေရာတွင် အသေအချာ သိမ်းဆည်းသင့်သည်။ router က အသုံးပြုသော encryption ပုံစံကိုလိုက်၍ အတိုင်းအတာတစ်ခုထိ ရှည်လျားသော password ကို အသုံးပြုရပါမည်။ စာလုံးရေမည်မျှပါဝင်မည်ဟူသော password ကိုဖန်တီးရန်အတွက် last pass ၏ detail section တွင်ပါသော password length ကို အသုံးပြုနိုင်ပါသည်။

မလုံခြုံသောအများသုံး  Wi-Fi network များကို ပယ်ဖျက်ခြင်း
ယနေ့ခေတ်ကာလတွင် အင်တာနက်ကို အခမဲ့သုံးလိုသူတွေ အလွန်ပင်များပါသည်။ ထို့ကြောင့် အခမဲ့ wifi ဟုဆိုသော public Wi-Fi ကို သုံးသူတို့လည်း အလွန်ပင်များပါသည်။ အစွမ်းကုန်လွတ်လပ်ခွင့်ပေးထားသော အများသုံးအခမဲ့ Wi-Fi  တို့တွင် user ID နှင့် password ထားလေ့မရှိပါ။ ထိုသို့သော အခမဲ့  Wi-Fi တို့ကို အသုံးပြုရာတွင် အန္တရာယ်နှင့် ရင်းရလေ့ရှိပါသည်။ ကွန်ပျူတာမှတစ်ဆင့် အခမဲ့ Wi-Fi ကိုတစ်ကြိမ် ချိတ်ဆက်ဖူးပါက windows သည်ယင်း connection တို့ကို မှတ်သားသိမ်းဆည်းထားပါသည်။ နောင်တစ်ကြိမ်တွင် မိမိမသိလိုက်ရဘဲ ယင်း connection အား အလိုအလျောက်ချိတ်ဆက်နိုင်သည်။ အဆိုပါ ဖြစ်ရပ်မျိုးကို ကာကွယ်နိုင်ရန်အတွက် မိမိအသုံးမပြုတော့သည့် Wi-Fi connection အဟောင်းများကို ဖျက်ပစ်သင့်သည်။ အထူးသဖြင့် လုံခြုံမှုမရှိသော public Wi-Fi  တို့ကို ဖျက်သင့်ပါသည်။

ယင်းသို့ပြုလုပ်ရန်အတွက် Windows 10 တွင် start ကိုနှိပ်ပြီး ပေါ်လာသည့်အကွက်မှတစ်ဆင့် setting>network&internet>wi-fi  လမ်းကြောင်းအတိုင်း ဝင်သွားရပါမည်။ နောက်တစ်ဆင့်တွင် Manage known networks နေရာ၌ ကလစ်နှိပ်ရပါမည်။ ယင်းနောက်တွင် မိမိဖယ်ရှားလိုသော network connection တစ်ခုချင်းကို ကလစ်နှိပ်ရပါမည်။ ပြီးသွားလျှင် forget ကလစ်နှိပ်ပြီး အဆုံးသတ်ရပါမည်။ Windows7 တွင်လည်း start နေရာ၌ ကလစ်နှိပ်ရပါမည်။ ပေါ်လာသောအကွက်ထဲမှ ကွက်လပ်တွင် manage wireless ဟူသော စာသားကို ရိုက်ထည့်ရပါမည်။ ပြီးလျှင် Manage Wireless Networks စာသားနေရာတွင် ကလစ်နှိပ်ရပါမည်။ ပြီးလျှင်မြင်နေရသော network များထဲမှ မိမိအလိုမရှိသည်ကို ကလစ်နှိပ်ပြီးရွေးရပါမည်။ နောက်တစ်ဆင့်၌ remove တွင် ကလစ်နှိပ်ပါက ကိစ္စပြတ်ပါပြီ။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Comments