ကမာၻ႕ထိပ္တန္း စမတ္ဖုန္း ကုမၸဏီ ၁၀ ခုစာရင္းမွာပါလာတဲ့ Realme

[Zawgyi]

OPPO က တန္ဖိုးနည္းနဲ႔ တန္ဖိုးသင့္ စမတ္ဖုန္းေတြ ထုတ္လုပ္ေရာင္းခ်ဖို႔ Realme Brand ကို တည္ေထာင္ခဲ့သလို Xiaomi ကလည္း Redmi Brand ကို တည္ေထာင္ခဲ့ပါတယ္။ OPPO နဲ႔ Xiaomi က Realme နဲ႔ Redmi ကို ယွဥ္ၿပိဳင္ဖို႔ ရည္ရြယ္ထားပါတယ္။ Realme ဟာ ၁ ႏွစ္ေက်ာ္သက္တမ္းေလာက္ပဲ ရွိေသးေပမယ့္ ေအာင္ျမင္ေနပါတယ္။

အခုေတာ့ ေစ်းကြက္ သုေတသန အဖြဲ႕အစည္း Counterpoint က ဒီႏွစ္ ကြာတား ၂ ျဖစ္တဲ့ ဧၿပီလကေန ဇြန္လအတြင္း ကမာၻအ၀န္း စမတ္ဖုန္း ေရာင္းအားေတြကို ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ သုေတသန စစ္တမ္းအရ Realme ဟာ ကမာၻ႕ထိပ္တန္း စမတ္ဖုန္း ကုမၸဏီ ၁၀ ခုစာရင္းထဲ ၀င္လာပါတယ္။ ဒါဟာ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ Realme က ၁၄ လအတြင္းမွာ ကမာၻအ၀န္းတြင္ စမတ္ဖုန္း အလံုးေရ ၁၀ သန္းေက်ာ္ ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ ဒီလ အေစာပိုင္းက ေၾကညာခဲ့ပါတယ္။

Realme 3 Pro ကို ဧၿပီလက ေၾကညာခဲ့ၿပီး  စြမ္းရည္သင့္ စမတ္ဖုန္း ေစ်းကြက္မွာ အရမ္းကို လူႀကိဳက္မ်ားပါတယ္။ Realme 3 Pro ဟာ  Redmi Note 7 Pro ရဲ႕ ၿပိဳင္ဖက္ ျဖစ္လာပါတယ္။  Realme 5 Pro ကိုလည္း မၾကာခင္က ေၾကညာထားၿပီး အေနာက္ကင္မရာ ၄ လံုးတပ္ထားတဲ့ ကုမၸဏီရဲ႕ ပထမဆံုး စမတ္ဖုန္း ျဖစ္လာပါတယ္။

ကုမၸဏီက Realme XT ကိုလည္း ေၾကညာေတာ့မွာ ျဖစ္ၿပီး Samsung GW1 64MP Sensor ပါလာမွာပါ။ အဲဒီ Sensor ပါတဲ့ Redmi Note 8 Pro နဲ႔ ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ ကုမၸဏီက လာမယ့္ လအနည္းငယ္အတြင္းမွာ ေမာ္ဒယ္ အသစ္ေတြကို အိႏၵိယနဲ႔ တရုတ္မွာ ထုတ္လုပ္ေရာင္းခ်ဖုိ႔ ျပင္ဆင္ေနပါတယ္။

Ref : gizmochina

[Unicode]

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီ ၁၀ ခုစာရင်းမှာပါလာတဲ့ Realme

OPPO က တန်ဖိုးနည်းနဲ့ တန်ဖိုးသင့် စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချဖို့ Realme Brand ကို တည်ထောင်ခဲ့သလို Xiaomi ကလည်း Redmi Brand ကို တည်ထောင်ခဲ့ပါတယ်။ OPPO နဲ့ Xiaomi က Realme နဲ့ Redmi ကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်။ Realme ဟာ ၁ နှစ်ကျော်သက်တမ်းလောက်ပဲ ရှိသေးပေမယ့် အောင်မြင်နေပါတယ်။

အခုတော့ ဈေးကွက် သုတေသန အဖွဲ့အစည်း Counterpoint က ဒီနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ကမ္ဘာအဝန်း စမတ်ဖုန်း ရောင်းအားတွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ သုတေသန စစ်တမ်းအရ Realme ဟာ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီ ၁၀ ခုစာရင်းထဲ ဝင်လာပါတယ်။ ဒါဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ Realme က ၁၄ လအတွင်းမှာ ကမ္ဘာအဝန်းတွင် စမတ်ဖုန်း အလုံးရေ ၁၀ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ဒီလ အစောပိုင်းက ကြေညာခဲ့ပါတယ်။

Realme 3 Pro ကို ဧပြီလက ကြေညာခဲ့ပြီး စွမ်းရည်သင့် စမတ်ဖုန်း ဈေးကွက်မှာ အရမ်းကို လူကြိုက်များပါတယ်။ Realme 3 Pro ဟာ Redmi Note 7 Pro ရဲ့ ပြိုင်ဖက် ဖြစ်လာပါတယ်။ Realme 5 Pro ကိုလည်း မကြာခင်က ကြေညာထားပြီး အနောက်ကင်မရာ ၄ လုံးတပ်ထားတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။

ကုမ္ပဏီက Realme XT ကိုလည်း ကြေညာတော့မှာ ဖြစ်ပြီး Samsung GW1 64MP Sensor ပါလာမှာပါ။ အဲဒီ Sensor ပါတဲ့ Redmi Note 8 Pro နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက လာမယ့် လအနည်းငယ်အတွင်းမှာ မော်ဒယ် အသစ်တွေကို အိန္ဒိယနဲ့ တရုတ်မှာ ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

Ref : gizmochina

The post ကမာၻ႕ထိပ္တန္း စမတ္ဖုန္း ကုမၸဏီ ၁၀ ခုစာရင္းမွာပါလာတဲ့ Realme appeared first on MyTech Myanmar.

Comments