OPPO A9 2020 နဲ႔ A5 2020 စမတ္ဖုန္းေတြကို ျပည္တြင္းမွာ စတင္ေရာင္းခ်ေပးလိုက္ၿပီ

[Zawgyi]

လူငယ္ေတြရဲ႕ ေန႔စဥ္ဘဝနဲ႔ ကိုက္ညီမယ့္ စမတ္ဖုန္းေတြကို မိတ္ဆက္ေပးတတ္တဲ့ OPPO မွ “Unstoppable Fun” ေခါင္းစဥ္နဲ႔အတူ OPPO A9 2020 နဲ႔ A5 2020 စမတ္ဖုန္းေတြကို ျမန္မာျပည္မွာရွိတဲ့ စမတ္ဖုန္းခ်စ္သူေတြအတြက္ စက္တင္ဘာလ (၁၉) ရက္ေန႔က ရန္ကုန္ၿမိဳ႕ HOG Esports Centre မွာ PUBG Theme ေတြနဲ႔အတူ ထူးျခားဆန္းျပားစြာ မိတ္ဆက္ေပးခဲ့ၿပီးေနာက္ စက္တင္ဘာလ (၂၉)ရက္ေန႔မွာ စတင္ေရာင္းခ်ေပးလိုက္ၿပီ ျဖစ္ပါတယ္။

OPPO A9 2020 နဲ႔ A5 2020 စမတ္ဖုန္း Pre-Order မ်ားကို OPPO Myanmar မွ စက္တင္ဘာလ (၂၀)ရက္ေန႔မွ စက္တင္ဘာလ (၂၇)ရက္ေန႔အတြင္းတြင္ ေကာက္ခံခဲ့ၿပီး စက္တင္ဘာလ (၂၉) ရက္ေန႔တြင္ OPPO အေရာင္းေကာင္တာမ်ားတြင္ စတင္ေရာင္းခ်ေပးခဲ့ပါတယ္။ OPPO Myanmar မွ Pre-Order မွာယူထားသူမ်ားအား ေမတၱာလက္ေဆာင္အျဖစ္ Power Bank၊ Photo Frame မ်ားနဲ႔အတူ PUBG နဲ႔ပတ္သက္တဲ့ ဆုလက္ေဆာင္ေတြကိုလည္း ေပးအပ္ခဲ့ပါတယ္။

ယခုစတင္ေရာင္းခ်ေပးလိုက္တဲ့ OPPO A9 2020 နဲ႔ A5 2020 စမတ္ဖုန္းမ်ားတြင္ အမ်ိဳးအစားစုံလင္ေသာ ဓာတ္ပုံမ်ားကို ႐ိုက္ကူးႏိုင္ရန္အတြက္ Quad Camera ထည့္သြင္းေပးထားၿပီး စြမ္းေဆာင္ရည္ေကာင္မြန္တဲ့ Snapdragon 665 Processor နဲ႔အတူ ဂိမ္းကစားျခင္းကို ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ဂိမ္းစြမ္းေဆာင္ရည္ကို ျမႇင့္တင္ေပးမယ့္ Game Boost 2.0 လည္း ပါဝင္ထားပါတယ္။ ဒါ့အျပင္ ၁၉ နာရီေလာက္ထိ ဆက္တိုက္ အသုံးျပဳႏိုင္မယ့္ 5000 mAh Battery နဲ႔အတူ entertainment ပိုင္းမွာ အေကာင္းဆုံး အသံအရည္အေသြးေတြကို ခံစားႏိုင္မယ့္ Dolby Atmos® Stereo Speaker ကိုလည္း ထည့္သြင္းေပးထားပါတယ္။

OPPO A9 2020 စမတ္ဖုန္းတြင္ 48MP main camera၊ 8MP Ultra Wide Angle Lens၊ 2MP Mono lens နဲ႔ 2MP Portrait lens တို႔ျဖင့္ ကင္မရာ (၄)လုံးအထိပါဝင္တာေၾကာင့္ ၾကည္လင္ျပတ္သားတဲ့ ပုံရိပ္ေတြကို ႐ိုက္ကူးႏိုင္မယ့္အျပင္ ပိုမိုက်ယ္ျပန႔္တဲ့ ပုံေတြကိုလည္း ႐ိုက္ကူးေပးႏိုင္မွာ ျဖစ္ပါတယ္။ Ram ပိုင္းအေနနဲ႔ 8GB အထိအသုံးျပဳေပးထားၿပီး storage အေနနဲ႔ 128 GB အထိအသုံးျပဳေပးထားတဲ့အတြက္ အေကာင္းဆုံးေသာ စြမ္းေဆာင္ရည္ေတြနဲ႔ storage မ်ားမ်ားႀကိဳက္သူမ်ားအတြက္ အႀကိဳက္ေတြ႕ေစမယ့္ စမတ္ဖုန္းတစ္လုံး ျဖစ္ပါတယ္။

OPPO A5 2020 စမတ္ဖုန္းမွာလည္း Quad Camera တည္ေဆာက္ပုံျဖစ္တဲ့ 12MP main camera၊ 8MP Ultra Wide Angle Lens၊ 2MP Mono lens နဲ႔ 2MP Portrait lens တို႔ပါဝင္လာတဲ့အျပင္ 119° Ultra Wide Angle ေၾကာင့္ သူငယ္ခ်င္းေတြနဲ႔ ဓာတ္ပုံဘဲ႐ိုက္႐ိုက္၊ ရႈခင္းပုံေတြဘဲ ႐ိုက္႐ိုက္ က်ယ္ျပန႔္တဲ့ အေကာင္းဆုံးပုံေတြကို ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Ultra Night Mode 2.0 လည္း ထည့္သြင္းေပးထားတဲ့အတြက္ ညအခ်ိန္ပုံရိပ္မ်ားကို ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။

ယခုစတင္ေရာင္းခ်ေပးလိုက္တဲ့ OPPO A9 2020 စမတ္ဖုန္းကို စိုေျပဆန္းျပားတဲ့ Marine Green အေရာင္ႏွင့္ အျပာေရာင္နဲ႔ ခရမ္းေရာင္တို႔ကို ေရာစပ္ထားတဲ့ Space Purple အေရာင္တို႔ျဖင့္ ရရွိႏိုင္မွာ ျဖစ္ၿပီး ျမန္မာေငြ (၃၉၉,၉၀၀) က်ပ္ျဖင့္ လည္းေကာင္း၊ OPPO A5 2020 စမတ္ဖုန္းကို ေႂကြထည္လို ေတာက္ပေနတဲ့ Mirror Black ႏွင့္ ႐ြန္းစိုေတာက္ပေသာ အျဖဴေရာင္ Dazzling White အေရာင္တို႔ရရွိႏိုင္မွာျဖစ္ၿပီး ျမန္မာေငြ (၂၉၉,၉၀၀)က်ပ္ ျဖင့္လည္းေကာင္း စတင္ေရာင္းခ်ေပးေနၿပီ ျဖစ္ၿပီး ဝယ္ယူသူမ်ားကို Power Bank နဲ႔ Photo Frame မ်ားကို လက္ေဆာက္အေနနဲ႔ ေပးအပ္သြားမွာ ျဖစ္ပါတယ္။ OPPO A9 2020 နဲ႔ A5 2020 ဝယ္ယူသူမ်ားအတြက္ ျပဳလုပ္ေပးထားတဲ့ 100% cash back အစီအစဥ္မွ ကံထူးသူအခ်ိဳ႕ကိုလည္း OPPO Myanmar Facebook Page မွာ ေၾကညာေပးထားၿပီး ျမန္မာတစ္ႏိုင္ငံလုံးအတိုင္းအတာ အေနျဖင့္ က်န္ရွိေနေသးတဲ့ ကံထူးသူမ်ားကိုလည္း OPPO Myanmar မွ ထပ္မံေၾကညာေပးသြားမွာ ျဖစ္ပါတယ္။

[Unicode]

OPPO A9 2020 နဲ့ A5 2020 စမတ်ဖုန်းတွေကို ပြည်တွင်းမှာ စတင်ရောင်းချပေးလိုက်ပြီ

လူငယ်တွေရဲ့ နေ့စဉ်ဘဝနဲ့ ကိုက်ညီမယ့် စမတ်ဖုန်းတွေကို မိတ်ဆက်ပေးတတ်တဲ့ OPPO မှ “Unstoppable Fun” ခေါင်းစဉ်နဲ့အတူ OPPO A9 2020 နဲ့ A5 2020 စမတ်ဖုန်းတွေကို မြန်မာပြည်မှာရှိတဲ့ စမတ်ဖုန်းချစ်သူတွေအတွက် စက်တင်ဘာလ (၁၉) ရက်နေ့က ရန်ကုန်မြို့ HOG Esports Centre မှာ PUBG Theme တွေနဲ့အတူ ထူးခြားဆန်းပြားစွာ မိတ်ဆက်ပေးခဲ့ပြီးနောက် စက်တင်ဘာလ (၂၉)ရက်နေ့မှာ စတင်ရောင်းချပေးလိုက်ပြီ ဖြစ်ပါတယ်။

OPPO A9 2020 နဲ့ A5 2020 စမတ်ဖုန်း Pre-Order များကို OPPO Myanmar မှ စက်တင်ဘာလ (၂၀)ရက်နေ့မှ စက်တင်ဘာလ (၂၇)ရက်နေ့အတွင်းတွင် ကောက်ခံခဲ့ပြီး စက်တင်ဘာလ (၂၉) ရက်နေ့တွင် OPPO အရောင်းကောင်တာများတွင် စတင်ရောင်းချပေးခဲ့ပါတယ်။ OPPO Myanmar မှ Pre-Order မှာယူထားသူများအား မေတ္တာလက်ဆောင်အဖြစ် Power Bank၊ Photo Frame များနဲ့အတူ PUBG နဲ့ပတ်သက်တဲ့ ဆုလက်ဆောင်တွေကိုလည်း ပေးအပ်ခဲ့ပါတယ်။

ယခုစတင်ရောင်းချပေးလိုက်တဲ့ OPPO A9 2020 နဲ့ A5 2020 စမတ်ဖုန်းများတွင် အမျိုးအစားစုံလင်သော ဓာတ်ပုံများကို ရိုက်ကူးနိုင်ရန်အတွက် Quad Camera ထည့်သွင်းပေးထားပြီး စွမ်းဆောင်ရည်ကောင်မွန်တဲ့ Snapdragon 665 Processor နဲ့အတူ ဂိမ်းကစားခြင်းကို ကြိုက်နှစ်သက်သူများအတွက် ဂိမ်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် Game Boost 2.0 လည်း ပါဝင်ထားပါတယ်။ ဒါ့အပြင် ၁၉ နာရီလောက်ထိ ဆက်တိုက် အသုံးပြုနိုင်မယ့် 5000 mAh Battery နဲ့အတူ entertainment ပိုင်းမှာ အကောင်းဆုံး အသံအရည်အသွေးတွေကို ခံစားနိုင်မယ့် Dolby Atmos® Stereo Speaker ကိုလည်း ထည့်သွင်းပေးထားပါတယ်။

OPPO A9 2020 စမတ်ဖုန်းတွင် 48MP main camera၊ 8MP Ultra Wide Angle Lens၊ 2MP Mono lens နဲ့ 2MP Portrait lens တို့ဖြင့် ကင်မရာ (၄)လုံးအထိပါဝင်တာကြောင့် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်မယ့်အပြင် ပိုမိုကျယ်ပြန့်တဲ့ ပုံတွေကိုလည်း ရိုက်ကူးပေးနိုင်မှာ ဖြစ်ပါတယ်။ Ram ပိုင်းအနေနဲ့ 8GB အထိအသုံးပြုပေးထားပြီး storage အနေနဲ့ 128 GB အထိအသုံးပြုပေးထားတဲ့အတွက် အကောင်းဆုံးသော စွမ်းဆောင်ရည်တွေနဲ့ storage များများကြိုက်သူများအတွက် အကြိုက်တွေ့စေမယ့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။

OPPO A5 2020 စမတ်ဖုန်းမှာလည်း Quad Camera တည်ဆောက်ပုံဖြစ်တဲ့ 12MP main camera၊ 8MP Ultra Wide Angle Lens၊ 2MP Mono lens နဲ့ 2MP Portrait lens တို့ပါဝင်လာတဲ့အပြင် 119° Ultra Wide Angle ကြောင့် သူငယ်ချင်းတွေနဲ့ ဓာတ်ပုံဘဲရိုက်ရိုက်၊ ရှုခင်းပုံတွေဘဲ ရိုက်ရိုက် ကျယ်ပြန့်တဲ့ အကောင်းဆုံးပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Ultra Night Mode 2.0 လည်း ထည့်သွင်းပေးထားတဲ့အတွက် ညအချိန်ပုံရိပ်များကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ယခုစတင်ရောင်းချပေးလိုက်တဲ့ OPPO A9 2020 စမတ်ဖုန်းကို စိုပြေဆန်းပြားတဲ့ Marine Green အရောင်နှင့် အပြာရောင်နဲ့ ခရမ်းရောင်တို့ကို ရောစပ်ထားတဲ့ Space Purple အရောင်တို့ဖြင့် ရရှိနိုင်မှာ ဖြစ်ပြီး မြန်မာငွေ (၃၉၉,၉၀၀) ကျပ်ဖြင့် လည်းကောင်း၊ OPPO A5 2020 စမတ်ဖုန်းကို ကြွေထည်လို တောက်ပနေတဲ့ Mirror Black နှင့် ရွန်းစိုတောက်ပသော အဖြူရောင် Dazzling White အရောင်တို့ရရှိနိုင်မှာဖြစ်ပြီး မြန်မာငွေ (၂၉၉,၉၀၀)ကျပ် ဖြင့်လည်းကောင်း စတင်ရောင်းချပေးနေပြီ ဖြစ်ပြီး ဝယ်ယူသူများကို Power Bank နဲ့ Photo Frame များကို လက်ဆောက်အနေနဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ OPPO A9 2020 နဲ့ A5 2020 ဝယ်ယူသူများအတွက် ပြုလုပ်ပေးထားတဲ့ 100% cash back အစီအစဉ်မှ ကံထူးသူအချို့ကိုလည်း OPPO Myanmar Facebook Page မှာ ကြေညာပေးထားပြီး မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ကျန်ရှိနေသေးတဲ့ ကံထူးသူများကိုလည်း OPPO Myanmar မှ ထပ်မံကြေညာပေးသွားမှာ ဖြစ်ပါတယ်။

The post OPPO A9 2020 နဲ႔ A5 2020 စမတ္ဖုန္းေတြကို ျပည္တြင္းမွာ စတင္ေရာင္းခ်ေပးလိုက္ၿပီ appeared first on MyTech Myanmar.

Comments