Xiaomi Mi Watch မွာ MIUI for Watch ထည့္ထားမည္

[Zawgyi]

Xiaomi Mi Watch ကို Mi CC9 Pro/ Mi Note 10 , Mi TV 5 တို႔နဲ႔ အတူ ႏုိ၀င္ဘာလ ၅ ရက္ေန႔မွာ ေၾကညာေတာ့မွာပါ။ Xiaomi ရဲ႕ ပထမဆံုး စမတ္နာရီကို ေစာင့္ေမွ်ာ္ေနသူေတြအတြက္ ရင္ခုန္ရမယ့္ အခ်ိန္ေရာက္လာပါၿပီ။ အခုလည္း ကုမၸဏီက ပိုၿပီး ရင္ခုန္စရာေကာင္းေအာင္ အဲဒီ စမတ္နာရီရဲ႕ Teaser Video ၂ ခုကို မွ်ေ၀လိုက္ပါတယ္။

Video မွာ စမတ္နာရီကို Unlock လုပ္လိုက္တဲ့အခါမွာ 3×3 App Grid နဲ႔ ေလးေထာင့္ပံုသ႑ာန္ အုိင္ကြန္ေတြကို ျမင္ရပါတယ္။ အနက္ေရာင္ ေနာက္ခံပါလာတဲ့အတြက္ MIUI for Watch မွာ Dark Mode ဟာ Built-in ပါလာႏုိင္ပါတယ္။ ကုမၸဏီရဲ႕ စမတ္ဖုန္းေတြမွာလည္း Dark Mode ထည့္ေပးထားပါတယ္။ User Interface မွာ Navigate လုပ္ဖို႔နဲ႔ ပါ၀ါခလုတ္လို သံုးဖို႔ Digital Crown ကို ျမင္ရပါတယ္။  ဗီဒီယို အဆံုးနားမွာ User က ဗီဒီယို ၁ ခုကို ဖြင့္လိုက္တာကို ျမင္ရပါတယ္။ အရြယ္ေသး စမတ္နာရီ မ်က္ႏွာျပင္မွာ ဗီဒီယို ၾကည့္လို႔ရတာက အရမ္းကို ထူးဆန္းပါတယ္။

ေနာက္ထပ္ Video ကေတာ့ MIUI for Watch အေၾကာင္း ျဖစ္ပါတယ္။ ဗီဒီယိုမွာ စမတ္ဖုန္းေတြရဲ႕ MIUI နဲ႔ စမတ္နာရီရဲ႕ MIUI for Watch ၾကားမွာ App ေတြကို ခ်ိတ္ဆက္သံုးႏုိင္တဲ့ Continuity Design ကို အရိပ္အျမြက္ ျပသထားပါတယ္။

Xiaomi Mi Watch မွာ Snapdragon Wear 3100 SoC ေမာင္းႏွင္ထားမွာ ျဖစ္ၿပီး GPS, NFC, WiFi နဲ႔ Bluetooth ဆက္သြယ္မႈေတြ ပါလာမွာ ျဖစ္ပါတယ္။ eSIM စြမ္းရည္ ထည့္သြင္းထားမွာျဖစ္ၿပီး အနက္နဲ႔ အျဖဴေရာင္ ထုတ္လုပ္ထားမွာပါ။ ေစ်းႏႈန္းကို မသိရေသးေပမယ့္ Xiaomi ရဲ႕ ထံုးစံအတုိင္း ေစ်းခ်ိဳႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

Xiaomi Mi Watch မှာ MIUI for Watch ထည့်ထားမည်

Xiaomi Mi Watch ကို Mi CC9 Pro/ Mi Note 10 , Mi TV 5 တို့နဲ့ အတူ နိုဝင်ဘာလ ၅ ရက်နေ့မှာ ကြေညာတော့မှာပါ။ Xiaomi ရဲ့ ပထမဆုံး စမတ်နာရီကို စောင့်မျှော်နေသူတွေအတွက် ရင်ခုန်ရမယ့် အချိန်ရောက်လာပါပြီ။ အခုလည်း ကုမ္ပဏီက ပိုပြီး ရင်ခုန်စရာကောင်းအောင် အဲဒီ စမတ်နာရီရဲ့ Teaser Video ၂ ခုကို မျှဝေလိုက်ပါတယ်။

Video မှာ စမတ်နာရီကို Unlock လုပ်လိုက်တဲ့အခါမှာ 3×3 App Grid နဲ့ လေးထောင့်ပုံသဏ္ဍာန် အိုင်ကွန်တွေကို မြင်ရပါတယ်။ အနက်ရောင် နောက်ခံပါလာတဲ့အတွက် MIUI for Watch မှာ Dark Mode ဟာ Built-in ပါလာနိုင်ပါတယ်။ ကုမ္ပဏီရဲ့ စမတ်ဖုန်းတွေမှာလည်း Dark Mode ထည့်ပေးထားပါတယ်။ User Interface မှာ Navigate လုပ်ဖို့နဲ့ ပါဝါခလုတ်လို သုံးဖို့ Digital Crown ကို မြင်ရပါတယ်။ ဗီဒီယို အဆုံးနားမှာ User က ဗီဒီယို ၁ ခုကို ဖွင့်လိုက်တာကို မြင်ရပါတယ်။ အရွယ်သေး စမတ်နာရီ မျက်နှာပြင်မှာ ဗီဒီယို ကြည့်လို့ရတာက အရမ်းကို ထူးဆန်းပါတယ်။

နောက်ထပ် Video ကတော့ MIUI for Watch အကြောင်း ဖြစ်ပါတယ်။ ဗီဒီယိုမှာ စမတ်ဖုန်းတွေရဲ့ MIUI နဲ့ စမတ်နာရီရဲ့ MIUI for Watch ကြားမှာ App တွေကို ချိတ်ဆက်သုံးနိုင်တဲ့ Continuity Design ကို အရိပ်အမြွက် ပြသထားပါတယ်။

Xiaomi Mi Watch မှာ Snapdragon Wear 3100 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး GPS, NFC, WiFi နဲ့ Bluetooth ဆက်သွယ်မှုတွေ ပါလာမှာ ဖြစ်ပါတယ်။ eSIM စွမ်းရည် ထည့်သွင်းထားမှာဖြစ်ပြီး အနက်နဲ့ အဖြူရောင် ထုတ်လုပ်ထားမှာပါ။ ဈေးနှုန်းကို မသိရသေးပေမယ့် Xiaomi ရဲ့ ထုံးစံအတိုင်း ဈေးချိုနိုင်ပါတယ်။

Ref : gsmarena

The post Xiaomi Mi Watch မွာ MIUI for Watch ထည့္ထားမည္ appeared first on MyTech Myanmar.

Comments