Galaxy S20 Series မှာ S20e နာမည်ကို ဖြုတ်ပြီး နာမည်အသစ်ပြောင်းမယ့် Samsung

Unicode

Samsung ကနေ လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလဝန်းကျင်မှာ Galaxy S10 Series ဖုန်းတွေရဲ့ မျိုးဆက်သစ် S20 Series ဖုန်းတွေကို မိတ်ဆက်လာတော့မှာပါ။ အစောပိုင်းတုန်းက Galaxy S11 လို့ ခေါ်ဆိုမယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ ၂၀၂၀ ခုနှစ်ဖြစ်တာနဲ့အတူ S20 Series အနေနဲ့ ပြောင်းလဲလိုက်တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီ S11 Series အစား S20 Series ဖြစ်လာတာက Samsung ရဲ့ တစ်ခုထဲသော နာမည်ပြောင်းတာမဟုတ်တော့ပါဘူး။ ဘာကြောင့်လည်းဆိုရင် နောက်ဆုံးရရှိတဲ့ သတင်းအရ Samsung ကနေ အနိမ့်ဆုံး S20 Series ဖြစ်လာမယ့် S20e နာမည်ကို မသုံးတော့ပဲ ဖြုတ်ချသွားမှာကြောင့်ဖြစ်ပါတယ်။

အဲ့ဒီအတွက် ယခင်တုန်းက Galaxy S11e သို့ S20e နာမည်နဲ့ သတင်းထွက်ရှိထားတဲ့ ဖုန်းက S20 ပဲဖြစ်လာမှာဖြစ်ပြီး ပုံမှန် S20 က S20+ နဲ့ Screen Size အကြီးဆုံးဖြစ်လာမယ့်ဖုန်းကိုတော့ S20 Ultra ဆိုပြီး ပြောင်းလဲခေါ်ဆိုသွားမှာဖြစ်ပါတယ်။ ဒီ Galaxy S20 Series ဖုန်းတွေအကုန်လုံးဟာ အနည်းဆုံး Screen Size အနေနဲ့ 6.3″ ကနေ အကြီးဆုံး 6.7″ အထိရှိလာမှာဖြစ်တဲ့အတွက် ဒီလို နာမည်ပြောင်းလဲလိုက်တာက ပိုပြီး သင့်တော်တယ်လို့ ပြောရမှာပါ။

အခုလိုမျိုး S20e ကို ဖြုတ်လိုက်ပြီး S20 လို့ပဲ ခေါ်ဆိုမှာဖြစ်တဲ့အတွက် နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက ဒီ အနိမ့်ဆုံး S20 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ Galaxy S10e ထက် ပိုပြီး စျေးပိုများလာဖို့ များနေပါတယ်။

Samsung အနေနဲ့ ဒီ Galaxy S20 Series စမတ်ဖုန်းတွေကို လာမယ့် ၂၀၂၀ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီးတော့ Galaxy Buds+ Earphone အသစ်ကိုပါ ထည့်သွင်းကြေညာသွားဖွယ်ရှိနေပါတယ်။

Ref – Gizmo China

Zawgyi

Samsung ကေန လာမယ့္ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလဝန္းက်င္မွာ Galaxy S10 Series ဖုန္းေတြရဲ႕ မ်ိဳးဆက္သစ္ S20 Series ဖုန္းေတြကို မိတ္ဆက္လာေတာ့မွာပါ။ အေစာပိုင္းတုန္းက Galaxy S11 လို႔ ေခၚဆိုမယ္ဆိုၿပီး သတင္းေတြထြက္ခဲ့ေပမယ့္လည္း အခုအခ်ိန္မွာေတာ့ ၂၀၂၀ ခုႏွစ္ျဖစ္တာနဲ႔အတူ S20 Series အေနနဲ႔ ေျပာင္းလဲလိုက္တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ဒီ S11 Series အစား S20 Series ျဖစ္လာတာက Samsung ရဲ႕ တစ္ခုထဲေသာ နာမည္ေျပာင္းတာမဟုတ္ေတာ့ပါဘူး။ ဘာေၾကာင့္လည္းဆိုရင္ ေနာက္ဆုံးရရွိတဲ့ သတင္းအရ Samsung ကေန အနိမ့္ဆုံး S20 Series ျဖစ္လာမယ့္ S20e နာမည္ကို မသုံးေတာ့ပဲ ျဖဳတ္ခ်သြားမွာေၾကာင့္ျဖစ္ပါတယ္။

အဲ့ဒီအတြက္ ယခင္တုန္းက Galaxy S11e သို႔ S20e နာမည္နဲ႔ သတင္းထြက္ရွိထားတဲ့ ဖုန္းက S20 ပဲျဖစ္လာမွာျဖစ္ၿပီး ပုံမွန္ S20 က S20+ နဲ႔ Screen Size အႀကီးဆုံးျဖစ္လာမယ့္ဖုန္းကိုေတာ့ S20 Ultra ဆိုၿပီး ေျပာင္းလဲေခၚဆိုသြားမွာျဖစ္ပါတယ္။ ဒီ Galaxy S20 Series ဖုန္းေတြအကုန္လုံးဟာ အနည္းဆုံး Screen Size အေနနဲ႔ 6.3″ ကေန အႀကီးဆုံး 6.7″ အထိရွိလာမွာျဖစ္တဲ့အတြက္ ဒီလို နာမည္ေျပာင္းလဲလိုက္တာက ပိုၿပီး သင့္ေတာ္တယ္လို႔ ေျပာရမွာပါ။

အခုလိုမ်ိဳး S20e ကို ျဖဳတ္လိုက္ၿပီး S20 လို႔ပဲ ေခၚဆိုမွာျဖစ္တဲ့အတြက္ ေနာက္ထပ္ျဖစ္ႏိုင္ေျခတစ္ခုက ဒီ အနိမ့္ဆုံး S20 စမတ္ဖုန္းဟာ ၿပီးခဲ့တဲ့ Galaxy S10e ထက္ ပိုၿပီး ေစ်းပိုမ်ားလာဖို႔ မ်ားေနပါတယ္။

Samsung အေနနဲ႔ ဒီ Galaxy S20 Series စမတ္ဖုန္းေတြကို လာမယ့္ ၂၀၂၀ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ၿပီးေတာ့ Galaxy Buds+ Earphone အသစ္ကိုပါ ထည့္သြင္းေၾကညာသြားဖြယ္ရွိေနပါတယ္။

Ref – Gizmo China

The post Galaxy S20 Series မှာ S20e နာမည်ကို ဖြုတ်ပြီး နာမည်အသစ်ပြောင်းမယ့် Samsung appeared first on MyTech Myanmar.

Comments