[Unicode]
ဗြိတိန်ရဲ့ လုံခြုံရေး အရာရှိတွေက Huawei ရဲ့ 5G ကွန်ရက်ဟာ စိတ်ချရတယ်လို့ ဝန်ကြီးချုပ် Boris Johnson ကို အတည်ပြုလိုက်ကြောင်း သတင်းထွက်လာပါတယ်။ တရုတ် အစိုးရဟာ Huawei ရဲ့ နည်းပညာကို အသုံးပြုပြီး တခြား နိုင်ငံတွေကို စုံစမ်းထောက်လှမ်းနေတယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် Huawei ဟာ ဗြိတိန်ရဲ့ 5G ကွန်ရက်ကို တည်ဆောက်နိုင်တော့မှာပါ။
ဗြိတိန် မီဒီယာ Daily Mail က အစိုးရဟာ ဗြိတိန်နိုင်ငံရဲ့ လုံခြုံရေးနဲ့ အကျိုးအမြတ်ကြားမှာ ကောင်းကောင်း စီမံခန့်ခွဲနိုင်တယ်လို့ ပြောကြောင်း ရေးသားထားပါတယ်။ ဗြိတိန်ရဲ့ နိုင်ငံလုံခြုံရေး ကောင်စီနဲ့ ဝန်ကြီးချုပ်တို့ဟာ Huawei အား 5G ကွန်ရက် တည်ဆောက်ခွင့်ပေးဖို့ ဆုံးဖြတ်ချက်ကို ဇန်နဝါရီလ တတိယ အပတ်မှာ ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။
အရင်သတင်းတွေအရ ဗြိတိန်ဟာ 5G ကွန်ရက်ရဲ့ အဓိက အစိတ်အပိုင်းတွေကို Huawei အား တည်ဆောက်ခွင့် မပေးဘူးလို့ သိရပါတယ်။ အခုတော့ မြန်နှုန်းမြင့် မိုဘိုင်း အင်တာနက်အတွက် အန်တင်နာလို အရမ်း အရေးမကြီးတဲ့ အစိတ်အပိုင်းတွေကို တည်ဆောက်ဖို့ Huawei ကို ဗြိတိန် အစိုးရက ခွင့်ပြုလိုက်ပြီလို့ သတင်းထွက်လာပါတယ်။ Huawei ရဲ့ နည်းပညာကို မသုံးရင် ဗြိတိန်ဟာ 5G ပြိုင်ပွဲမှာ နောက်ကောက်ကျသွားနိုင်တဲ့အတွက် ဒီလို ဆုံးဖြတ်တာ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် Huawei အပေါ် ခါးခါးသီးသီး ဖြစ်နေတဲ့ အမေရိကန် အစိုးရနဲ့ ဗြိတိန်ဟာ ဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာနိုင်ပါတယ်။ အမေရိကန်ဟာ မဟာမိတ်နိုင်ငံတွေကို Huawei ရဲ့ 5G နည်းပညာကို မသုံးဖို့ စည်းရုံးနေပါတယ်။
Ref : gizmochina
[Zawgyi]
Huawei က ၿဗိတိန္မွာ 5G ကြန္ရက္ တည္ေဆာက္ခြင့္ရၿပီလို႔ သတင္းထြက္လာ
ၿဗိတိန္ရဲ႕ လံုျခံဳေရး အရာရွိေတြက Huawei ရဲ႕ 5G ကြန္ရက္ဟာ စိတ္ခ်ရတယ္လို႔ ၀န္ႀကီးခ်ဳပ္ Boris Johnson ကို အတည္ျပဳလိုက္ေၾကာင္း သတင္းထြက္လာပါတယ္။ တရုတ္ အစိုးရဟာ Huawei ရဲ႕ နည္းပညာကို အသံုးျပဳၿပီး တျခား ႏိုင္ငံေတြကို စံုစမ္းေထာက္လွမ္းေနတယ္ဆိုတဲ့ သတင္းေတြထြက္ေနေပမယ့္ Huawei ဟာ ၿဗိတိန္ရဲ႕ 5G ကြန္ရက္ကို တည္ေဆာက္ႏုိင္ေတာ့မွာပါ။
ၿဗိတိန္ မီဒီယာ Daily Mail က အစိုးရဟာ ၿဗိတိန္ႏုိင္ငံရဲ႕ လံုျခံဳေရးနဲ႔ အက်ိဳးအျမတ္ၾကားမွာ ေကာင္းေကာင္း စီမံခန္႔ခြဲႏုိင္တယ္လို႔ ေျပာေၾကာင္း ေရးသားထားပါတယ္။ ၿဗိတိန္ရဲ႕ ႏုိင္ငံလံုျခံဳေရး ေကာင္စီနဲ႔ ၀န္ႀကီးခ်ဳပ္တို႔ဟာ Huawei အား 5G ကြန္ရက္ တည္ေဆာက္ခြင့္ေပးဖို႔ ဆံုးျဖတ္ခ်က္ကို ဇန္န၀ါရီလ တတိယ အပတ္မွာ ဆံုးျဖတ္ရေတာ့မွာ ျဖစ္ပါတယ္။
အရင္သတင္းေတြအရ ၿဗိတိန္ဟာ 5G ကြန္ရက္ရဲ႕ အဓိက အစိတ္အပိုင္းေတြကို Huawei အား တည္ေဆာက္ခြင့္ မေပးဘူးလို႔ သိရပါတယ္။ အခုေတာ့ ျမန္ႏႈန္းျမင့္ မိုဘိုင္း အင္တာနက္အတြက္ အန္တင္နာလို အရမ္း အေရးမႀကီးတဲ့ အစိတ္အပိုင္းေတြကို တည္ေဆာက္ဖို႔ Huawei ကို ၿဗိတိန္ အစိုးရက ခြင့္ျပဳလိုက္ၿပီလို႔ သတင္းထြက္လာပါတယ္။ Huawei ရဲ႕ နည္းပညာကို မသံုးရင္ ၿဗိတိန္ဟာ 5G ၿပိဳင္ပြဲမွာ ေနာက္ေကာက္က်သြားႏိုင္တဲ့အတြက္ ဒီလို ဆံုးျဖတ္တာ ျဖစ္ႏုိင္ပါတယ္။
ဒါေပမယ့္ Huawei အေပၚ ခါးခါးသီးသီး ျဖစ္ေနတဲ့ အေမရိကန္ အစိုးရနဲ႔ ၿဗိတိန္ဟာ ဆက္ဆံေရးမွာ အဖုအထစ္ေတြ ျဖစ္လာႏုိင္ပါတယ္။ အေမရိကန္ဟာ မဟာမိတ္ႏုိင္ငံေတြကို Huawei ရဲ႕ 5G နည္းပညာကို မသံုးဖို႔ စည္းရံုးေနပါတယ္။
Ref : gizmochina
The post Huawei က ဗြိတိန်မှာ 5G ကွန်ရက် တည်ဆောက်ခွင့်ရပြီလို့ သတင်းထွက်လာ appeared first on MyTech Myanmar.
Comments
Post a Comment