အမေရိကန်ဈေးကွက်ကို လက်လွှတ်ထားရပေမယ့် Samsung နဲ့ ကွာဟမှုကို ၃.၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့တဲ့ Huawei

[Unicode]

Huawei ဟာ လက်ရှိအချိန်မှာ တရုတ်−အမေရိကန်ကုန်သွယ်ရေ:စစ်ကြောင့် အခက်အခဲအချို့နဲ့ရင်ဆိုင်နေရပြီး အမေရိကန်ဈေးကွက်ကို လက်လွှတ်ထားရတယ်ဆိုပေမယ့် အခြားနိုင်ငံတကာဈေးကွက်တွေမှာတော့ ဆက်လက်ရှင်သန် နေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၉ ခုနှစ်အတွင်း ရောင်းအားက ကျဆင်းမသွားတာကို တွေ့ရပါတယ်။

ပိတ်ပင်မှုတွေ မဖြစ်ခင်တုန်းက Huawei ဟာ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ Samsung ရဲ့နေရာကို ရယူပြီး စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်ဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိထွက်ပေါ်လာတဲ့ Strategy Analytics ရဲ့ အချက်အလက်တွေကို ကိုးကားမှုအရ Huawei ရဲ့ ဈေးကွက်ဝေစုဟာ Samsung နဲ့ အတော်လေးကို နီးကပ်လာတာကို တွေ့ရရပါတယ်။

Korean Herald ကနေ ဖော်ပြခဲ့တဲ့ အချက်အလက်အရ Huawei ဟာ ဒီနှစ်ထဲမှာ ဈေးကွက်ဝေစုကွာဟမှုကို ၃.၆ ရာခိုင်နှုန်းဖြစ်အောင် လျှော့ချနိုင်ခဲ့တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က Huawei နဲ့ Samsung ကြား ဈေးကွက်ဝေစုကွာခြားမှုဟာ ၅.၉ ရာခိုင်နှုန်းဖြစ်ခဲ့ပါတယ်။

ဒီအချက်အလက်တွေဟာ Strategy Analytic ရဲ့ ဝက်ဘ်ဆိုက်ကနေ တိုက်ရိုက်ယူထားတာမဟုတ်တဲ့အတွက် ရာနှုန်းပြည့် မှန်ကန်မယ်လို့ မဆိုနိုင်ပေမယ့် အနီးစပ်ဆုံးတော့ ပြသနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ Samsung ဟာ စမတ်ဖုန်းအလုံးရေပေါင်း ၃၂၃ သန်းကို တင်ပို့ရောင်းချခဲ့ပြီး ဈေးကွက်ဝေစုရဲ့ ၂၁.၃ ရာခိုင်နှုန်း ဖြစ်ခဲ့ပါတယ်။

အခြားတစ်ဘက်မှာတော့ Huawei ဟာ စမတ်ဖုန်းအလုံးရေပေါင်း ၂၅၁ သန်း တင်ပို့ရောင်းချခဲ့တယ်လို့သိရပြီး ဈေးကွက်ဝေစုအားဖြင့် ၁၇.၇ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကထက် ၁၄.၄ ရာခိုင်နှုန်း တိုးတက်လာတာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Samsung ကပဲ ဦးဆောင်ထားတာဖြစ်ပြီး Huawei က ဒုတိယနေရာနဲ့ Apple က တတိနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

Ref: Gizmochina

[Zawgyi]

အေမရိကန္ေဈးကြက္ကို လက္လႊတ္ထားရေပမယ့္ Samsung နဲ႔ ကြာဟမႈကို ၃.၆ ရာခိုင္ႏႈန္းထိ ေလွ်ာ့ခ်ႏိုင္ခဲ့တဲ့ Huawei

Huawei ဟာ လက္ရွိအခ်ိန္မွာ တ႐ုတ္−အေမရိကန္ကုန္သြယ္ေရ:စစ္ေၾကာင့္ အခက္အခဲအခ်ိဳ႕နဲ႔ရင္ဆိုင္ေနရၿပီး အေမရိကန္ေဈးကြက္ကို လက္လႊတ္ထားရတယ္ဆိုေပမယ့္ အျခားႏိုင္ငံတကာေဈးကြက္ေတြမွာေတာ့ ဆက္လက္ရွင္သန္ ေနဆဲျဖစ္ပါတယ္။ အထူးသျဖင့္ ၂၀၁၉ ခုႏွစ္အတြင္း ေရာင္းအားက က်ဆင္းမသြားတာကို ေတြ႕ရပါတယ္။

ပိတ္ပင္မႈေတြ မျဖစ္ခင္တုန္းက Huawei ဟာ ၂၀၁၉ ႏွစ္ကုန္ပိုင္းမွာ Samsung ရဲ႕ေနရာကို ရယူၿပီး စမတ္ဖုန္းေဈးကြက္ကို ဦးေဆာင္ဖို႔ ရည္႐ြယ္ထားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း လက္ရွိထြက္ေပၚလာတဲ့ Strategy Analytics ရဲ႕ အခ်က္အလက္ေတြကို ကိုးကားမႈအရ Huawei ရဲ႕ ေဈးကြက္ေဝစုဟာ Samsung နဲ႔ အေတာ္ေလးကို နီးကပ္လာတာကို ေတြ႕ရရပါတယ္။

Korean Herald ကေန ေဖာ္ျပခဲ့တဲ့ အခ်က္အလက္အရ Huawei ဟာ ဒီႏွစ္ထဲမွာ ေဈးကြက္ေဝစုကြာဟမႈကို ၃.၆ ရာခိုင္ႏႈန္းျဖစ္ေအာင္ ေလွ်ာ့ခ်ႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က Huawei နဲ႔ Samsung ၾကား ေဈးကြက္ေဝစုကြာျခားမႈဟာ ၅.၉ ရာခိုင္ႏႈန္းျဖစ္ခဲ့ပါတယ္။

ဒီအခ်က္အလက္ေတြဟာ Strategy Analytic ရဲ႕ ဝက္ဘ္ဆိုက္ကေန တိုက္႐ိုက္ယူထားတာမဟုတ္တဲ့အတြက္ ရာႏႈန္းျပည့္ မွန္ကန္မယ္လို႔ မဆိုႏိုင္ေပမယ့္ အနီးစပ္ဆုံးေတာ့ ျပသႏိုင္ပါတယ္။ ၂၀၁၉ ခုႏွစ္မွာ Samsung ဟာ စမတ္ဖုန္းအလုံးေရေပါင္း ၃၂၃ သန္းကို တင္ပို႔ေရာင္းခ်ခဲ့ၿပီး ေဈးကြက္ေဝစုရဲ႕ ၂၁.၃ ရာခိုင္ႏႈန္း ျဖစ္ခဲ့ပါတယ္။

အျခားတစ္ဘက္မွာေတာ့ Huawei ဟာ စမတ္ဖုန္းအလုံးေရေပါင္း ၂၅၁ သန္း တင္ပို႔ေရာင္းခ်ခဲ့တယ္လို႔သိရၿပီး ေဈးကြက္ေဝစုအားျဖင့္ ၁၇.၇ ရာခိုင္ႏႈန္းရရွိခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ကထက္ ၁၄.၄ ရာခိုင္ႏႈန္း တိုးတက္လာတာလည္း ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Samsung ကပဲ ဦးေဆာင္ထားတာျဖစ္ၿပီး Huawei က ဒုတိယေနရာနဲ႔ Apple က တတိေနရာမွာ ရွိေနတာ ျဖစ္ပါတယ္။

Ref: Gizmochina

The post အမေရိကန်ဈေးကွက်ကို လက်လွှတ်ထားရပေမယ့် Samsung နဲ့ ကွာဟမှုကို ၃.၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့တဲ့ Huawei appeared first on MyTech Myanmar.

Comments