ဒီဇင်ဘာလမှာ Honor က နိုင်ငံတကာအတွက် Honor X7b (4G) ကို ကြေညာခဲ့ပြီး အခုတော့ 5G Version ကို မိတ်ဆက်လိုက်ပါတယ်။ 4G Version မှာ Snapdragon 680 Chipset ကို သုံးထားပြီး 5G Version မှာ Dimensity 6020 Chipsert ကို သုံးထားပါတယ်။
Honor X7b 5G မှာ 6.8” FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Android 13 အခြေပြု Honor MagicOS 7.2 မောင်းနှင်ထားပါတယ်။
အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ပါလာပြီး အနောက်ဘက်မှာ 108MP Main , 2MP Depth နဲ့2MP Macro ကင်မရာတွေ တပ်ဆင်ထားပါတယ်။
Dimensity 6020 Chip မောင်းနှင်ထားပြီး 35W Fast Charging ထောက်ပံ့တဲ့ 6,000mAh Battery ပါလာပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ နားကြပ်ပေါက်တွေ ထည့်သွင်းထားပါတယ်။ Honor က အဲဒီဖုန်းရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။
Ref : gizmochina
The post Dimensity 6020 နဲ့ 6,000mAh Battery ပါတဲ့ Honor X7b 5G ကို ကြေညာ appeared first on MyTech Myanmar.
Comments
Post a Comment