Apple က Caltech ကို WiFi Patents ပုံတူကူးမှုကြောင့် ဒေါ်လာ ၈၃၇ သန်း ပေးရမည်

[Unicode]

California Institute of Technology က WiFi ဒေတာ ပေးပို့မှုနဲ့ ပတ်သက်တဲ့ Patent ၄ ခုကို ပုံတူကူး အသုံးပြုမှုကြောင့် Apple နဲ့ Broadcom တို့ကို တရားစွဲထားတာ ၄ နှစ်နီးပါးရှိပါပြီ။ အခုတော့ တရားရုံးက Apple နဲ့ Broadcom တို့ဟာ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး Caltech ကို လျော်ကြေး ဒေါ်လာ ၁.၁ ဘီလီယမ် ပေးဖို့ အမိန့်ချလိုက်ပါတယ်။

တရားရုံးက Apple ကို ဒေါ်လာ ၈၃၇ သန်းနဲ့ Broadcom ကို ဒေါ်လာ ၂၇၀ သန်း ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ ငွေ ပမာဏဟာ ၂၀၁၀ ခုနှစ်က Caltech တွက်ချက်ခဲ့တဲ့ အပေါ်မူတည်ပြီး သတ်မှတ်ထားတာဖြစ်နိုင်ပါတယ်။ Caltech က 802.11n နဲ့ 801.11ac Wi-Fi Chips အတွက် သူ့ရဲ့ Patent ကို သုံးဖို့ Apple ကို Device ၁ ခုလျှင် ၁.၄ ဒေါ်လာနဲ့ Broadcom ကို ၂၆ ဆင့် တောင်းဆိုခဲ့တာပါ။

အမှု ဖြစ်ခါစမှာ Apple က ပုံတူ ကူးထားတဲ့ နည်းပညာကို ဖန်တီးတဲ့ အစား Broadcom ဆီကနေ WiFi Chips တွေကိုပဲ ဝယ်ယူခဲ့တဲ့အတွက် တရားစွဲ မခံရသင့်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ တရားရုံးက Apple ရဲ့ အဆိုကို ပယ်ချလိုက်ပြီး Broadcom ကနေ Apple ကို ရောင်းခဲ့တဲ့ Patents တွေဟာ ပုံတူကူးထားတာ ဖြစ်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ Caltech ဟာ အဲဒီ နည်းပညာကို သုံးထားတဲ့ တခြား အီလက်ထရောနစ် ကိရိယာ ထုတ်လုပ်သူတွေကိုလည်း တရားစွဲ မလားဆိုတာ မသိရသေးပါဘူး။

တိုက်တိုက်ဆိုင်ဆိုင်ပဲ Broadcom ဟာ Apple အတွက် Wireless Chips တွေကို နောက် ၃ နှစ်ခွဲအတွင်း ပိုမိုရောင်းချပေးဖို့အတွက် ကုမ္ပဏီ ၂ ခုဟာ ပြီးခဲ့တဲ့ ၁ ပတ်က ဒေါ်လာ ၁၅ ဘီလီယမ် တန်ကြေးရှိတဲ့ သဘောတူညီမှုကို ပြုလုပ်ခဲ့ကြပါတယ်။

Ref : theverge

[Zawgyi]

Apple က WiFi Patents ပုံတူကူးမႈေၾကာင့္ Caltech ကို ေဒၚလာ ၈၃၇ သန္း ေပးရမည္

California Institute of Technology က WiFi ေဒတာ ေပးပို႔မႈနဲ႔ ပတ္သက္တဲ့ Patent ၄ ခုကို ပုံတူကူး အသုံးျပဳမႈေၾကာင့္ Apple နဲ႔ Broadcom တို႔ကို တရားစြဲထားတာ ၄ ႏွစ္နီးပါးရွိပါၿပီ။ အခုေတာ့ တရား႐ုံးက Apple နဲ႔ Broadcom တို႔ဟာ အျပစ္ရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ၿပီး Caltech ကို ေလ်ာ္ေၾကး ေဒၚလာ ၁.၁ ဘီလီယမ္ ေပးဖို႔ အမိန႔္ခ်လိုက္ပါတယ္။

တရား႐ုံးက Apple ကို ေဒၚလာ ၈၃၇ သန္းနဲ႔ Broadcom ကို ေဒၚလာ ၂၇၀ သန္း ေပးဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ အဲဒီ ေငြ ပမာဏဟာ ၂၀၁၀ ခုႏွစ္က Caltech တြက္ခ်က္ခဲ့တဲ့ အေပၚမူတည္ၿပီး သတ္မွတ္ထားတာျဖစ္ႏိုင္ပါတယ္။ Caltech က 802.11n နဲ႔ 801.11ac Wi-Fi Chips အတြက္ သူ႔ရဲ႕ Patent ကို သုံးဖို႔ Apple ကို Device ၁ ခုလွ်င္ ၁.၄ ေဒၚလာနဲ႔ Broadcom ကို ၂၆ ဆင့္ ေတာင္းဆိုခဲ့တာပါ။

အမႈ ျဖစ္ခါစမွာ Apple က ပုံတူ ကူးထားတဲ့ နည္းပညာကို ဖန္တီးတဲ့ အစား Broadcom ဆီကေန WiFi Chips ေတြကိုပဲ ဝယ္ယူခဲ့တဲ့အတြက္ တရားစြဲ မခံရသင့္ဘူးလို႔ ေျပာခဲ့ဖူးပါတယ္။ တရား႐ုံးက Apple ရဲ႕ အဆိုကို ပယ္ခ်လိုက္ၿပီး Broadcom ကေန Apple ကို ေရာင္းခဲ့တဲ့ Patents ေတြဟာ ပုံတူကူးထားတာ ျဖစ္တယ္လို႔ ဆုံးျဖတ္လိုက္ပါတယ္။ Caltech ဟာ အဲဒီ နည္းပညာကို သုံးထားတဲ့ တျခား အီလက္ထေရာနစ္ ကိရိယာ ထုတ္လုပ္သူေတြကိုလည္း တရားစြဲ မလားဆိုတာ မသိရေသးပါဘူး။

တိုက္တိုက္ဆိုင္ဆိုင္ပဲ Broadcom ဟာ Apple အတြက္ Wireless Chips ေတြကို ေနာက္ ၃ ႏွစ္ခြဲအတြင္း ပိုမိုေရာင္းခ်ေပးဖို႔အတြက္ ကုမၸဏီ ၂ ခုဟာ ၿပီးခဲ့တဲ့ ၁ ပတ္က ေဒၚလာ ၁၅ ဘီလီယမ္ တန္ေၾကးရွိတဲ့ သေဘာတူညီမႈကို ျပဳလုပ္ခဲ့ၾကပါတယ္။

Ref : theverge

The post Apple က Caltech ကို WiFi Patents ပုံတူကူးမှုကြောင့် ဒေါ်လာ ၈၃၇ သန်း ပေးရမည် appeared first on MyTech Myanmar.

Comments