Instagram ရဲ့ Messaging Feature အသစ်တစ်ခုပေါက်ကြားလာပြီ

Unicode

Instagram ဟာ ထွက်ရှိတဲ့အချိန်ထဲက ဆက်တိုက်ကို Feature အသစ်တွေကို စမ်းသပ်နေပေမယ့် တကယ်တမ်းကြတော့ Facebook မှာ ပါဝင်လာတဲ့ Feature တွေကိုပဲ ထည့်သွင်းလာတယ်လို့ ပြောရမှာပါ။ အခုလည်း Facebook Feature တစ်ခုကို Instagram အတွက် စတင်စမ်းသပ်နေတယ်လို့ သိိရပါတယ်။

ဒီ Feature ကတော့ လက်ရှိ Instagram ရဲ့ Direct Message တွေမှာ Reaction တွေကို ထည့်သွင်းလာမှာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ မမိတ်ဆက်ရသေးတဲ့ Feature တွေကို အမြဲတမ်းရှာဖွေတတ်တဲ့ Reverse Engineer Jane Manchun Wong ဆီကနေ သိလာရတာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Facebook ရဲ့ Tech Communications Manager ဖြစ်တဲ့ Alex Voica ကလည်း Instagram က အဆိုပါ Reaction Feature ကို စမ်းသပ်နေတာ ရက်အနည်းငယ်ရှိသွားပြီးလို့ တရားဝင်ပြောကြားခဲ့ပါတယ်။ အဲ့ဒါကြောင့် Facebook နဲ့ Instagram က စမ်းသပ်နေတဲ့ ဝန်ထမ်းတွေကလွဲပြီး တခြားသူတွေကတော့ အဆိုပါ Reaction တွေကို အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

Reaction Emoji တွေအနေနဲ့ကတော့ လက်ရှိ Facebook Messenger မှာ ရရှိနေတဲ့ Reaction ၇ မျိုးနဲ့ တူတူပဲဖြစ်ပြီး Twitter ကလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက Reaction Feature ကို ထည့်သွင်းခဲ့တဲ့အတွက် Instagram ကပါ လိုက်လုပ်လာတဲ့ပုံစံပါပဲ။

အခုအချိန်မှာ ဒီ Instagram Direct Message Reaction Feature ကို စမ်းသပ်နေပြီဖြစ်တဲ့အတွက် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ တရားဝင် Update ရရှိလာနိုင်ပါတယ်။

Ref – Phone Arena

Zawgyi

Instagram ဟာ ထြက္ရွိတဲ့အခ်ိန္ထဲက ဆက္တိုက္ကို Feature အသစ္ေတြကို စမ္းသပ္ေနေပမယ့္ တကယ္တမ္းၾကေတာ့ Facebook မွာ ပါဝင္လာတဲ့ Feature ေတြကိုပဲ ထည့္သြင္းလာတယ္လို႔ ေျပာရမွာပါ။ အခုလည္း Facebook Feature တစ္ခုကို Instagram အတြက္ စတင္စမ္းသပ္ေနတယ္လို႔ သိိရပါတယ္။

ဒီ Feature ကေတာ့ လက္ရွိ Instagram ရဲ႕ Direct Message ေတြမွာ Reaction ေတြကို ထည့္သြင္းလာမွာျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ မမိတ္ဆက္ရေသးတဲ့ Feature ေတြကို အၿမဲတမ္းရွာေဖြတတ္တဲ့ Reverse Engineer Jane Manchun Wong ဆီကေန သိလာရတာျဖစ္ပါတယ္။

ဒါတင္မဟုတ္ေသးဘဲ Facebook ရဲ႕ Tech Communications Manager ျဖစ္တဲ့ Alex Voica ကလည္း Instagram က အဆိုပါ Reaction Feature ကို စမ္းသပ္ေနတာ ရက္အနည္းငယ္ရွိသြားၿပီးလို႔ တရားဝင္ေျပာၾကားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ Facebook နဲ႔ Instagram က စမ္းသပ္ေနတဲ့ ဝန္ထမ္းေတြကလြဲၿပီး တျခားသူေတြကေတာ့ အဆိုပါ Reaction ေတြကို အသုံးျပဳႏိုင္မွာမဟုတ္ပါဘူး။

Reaction Emoji ေတြအေနနဲ႔ကေတာ့ လက္ရွိ Facebook Messenger မွာ ရရွိေနတဲ့ Reaction ၇ မ်ိဳးနဲ႔ တူတူပဲျဖစ္ၿပီး Twitter ကလည္း ၿပီးခဲ့တဲ့ရက္သတၱပတ္ပိုင္းတုန္းက Reaction Feature ကို ထည့္သြင္းခဲ့တဲ့အတြက္ Instagram ကပါ လိုက္လုပ္လာတဲ့ပုံစံပါပဲ။

အခုအခ်ိန္မွာ ဒီ Instagram Direct Message Reaction Feature ကို စမ္းသပ္ေနၿပီျဖစ္တဲ့အတြက္ ရက္သတၱပတ္အနည္းငယ္အတြင္းမွာ တရားဝင္ Update ရရွိလာႏိုင္ပါတယ္။

Ref – Phone Arena

The post Instagram ရဲ့ Messaging Feature အသစ်တစ်ခုပေါက်ကြားလာပြီ appeared first on MyTech Myanmar.

Comments