OPPO A92 ရဲ့ Aurora Purple အရောင် ထွက်ပေါ်လာ

OPPO A92 ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပြီး ဒီဇိုင်းဟာ OPPO A72 , A92s နဲ့ တော်တော်တူပါတယ်။ အနောက်ဘက်မှာ L ပုံစံ ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ Punch Hole ၁ လုံး ပါလာပါတယ်။ အရင်က OPPO A92 ရဲ့ ဓါတ်ပုံတွေ ထွက်ခဲ့ဖူးပေမယ့် အခု Evleaks က ထွက်လာတဲ့ ဓါတ်ပုံတွေမှာ ဖုန်း ဒီဇိုင်းကို ပို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာပြီး AMOLED အစား LCD သုံးထားနိုင်ပါတယ်။

Aurora Purple အရောင် ဖြစ်ပြီး အရင်ကတော့ တခြား အရောင် ၁ မျိုးကို တွေ့ခဲ့ရပါတယ်။ ၆.၅ လက်မ အရွယ် မျက်နှာပြင်နဲ့ Snapdragon 665 Chipset တွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။ 8GB RAM နဲ့ 128GB Storage ထည့်ထားနိုင်ပြီး Chip ဟာ A72 နဲ့ တူညီပါတယ်။

အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါလာနိုင်ပြီး A72 နဲ့ တူပါတယ်။ OPPO A92 ကို ကြေညာမယ့် အချိန်ကို မသိရသေးသလို ဈေးနှုန်းလည်း ပေါက်ကြားထွက်လာတာ မရှိသေးပါဘူး။ တရုတ်မှာ A52 ကို ၂၂၅ ဒေါ်လာလောက်နဲ့ ရောင်းပေးထားပြီး မြန်မာငွေ   ၃ သိန်း ၂ သောင်းလောက်ရှိပါတယ်။ OPPO A92 နဲ့ A52 တို့မှာ တူညီတဲ့ မျက်နှာပြင်နဲ့ Chipset ထည့်ထားပေမယ့် A52 မှာ Memory ပိုနည်းပါတယ်။ A92 ကိုလည်း အဲဒီဈေးလောက်နဲ့ ရောင်းနိုင်ပါတယ်။

Ref : gsmarena

The post OPPO A92 ရဲ့ Aurora Purple အရောင် ထွက်ပေါ်လာ appeared first on MyTech Myanmar.

Comments