11th Gen Intel Tiger Lake Processor နဲ့ Pixelbook ကို မိတ်ဆက်တော့မယ့် Google

Google ကနေ ကိုယ်ပိုင် Chromebook တွေဖြစ်တဲ့ Pixelbook နဲ့ Pixelbook Go တွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းကတော့ Chrome Tablet တစ်ခုဖြစ်တဲ့ Pixel Slate ကို မိတ်ဆက်ခဲ့သေးပေမယ့် အောင်မြင်ခြင်းမရှိခဲ့တဲ့အတွက် အရောင်းရပ်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

အခုလည်း Google ကနေ နောက်ထပ် ကိုယ်ပိုင် Chromebook တစ်ခုဖြစ်လာမယ့် Pixelbook အသစ်ကို မိတ်ဆက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ Pixelbook ကိုတော့ Codename အနေနဲ့ Halvor လို့ ပေးထားပြီးတော့ လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ ရောင်းချသွားဖွယ်ရှိနေပါတယ်။

Google Halvor Pixelbook အသစ်ဟာ Intel ရဲ့ 11th Gen Tiger Lake Processor တွေကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါက နောက်ဆုံးထွက်ရှိထားတဲ့ Pixelbook Go မှာ အသုံးပြုထားတဲ့ 8th Gen Intel Processor တွေထက်တော့ သိသိသာသာကို စွမ်းဆောင်ရည်ကောင်းမွန်လာမှာပါ။ ဒါပေမယ့်လည်း CPU Processor အမျိုးအစား ဘယ်နှမျိုးအထိရွေးချယ်နိုင်မလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ RAM အနေနဲ့ကတော့ 16GB အထိ Support ပြုလုပ်မှာဖြစ်ပြီး USB-C ၃ ပေါက်နဲ့ 3.5mm Headphone Jack တွေပါဝင်မှာပါ။

Google Pixelbook အသစ်ဟာ ယခင် Pixelbook Go တွေလိုမျိုးပဲ Touch Screen Support ပြုလုပ်သွားမှာဖြစ်ပြီး Android ဖုန်းတွေနဲ့ ချိတ်ဆက်အလုပ်လုပ်ကိုင်နိုင်တဲ့ Feature အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း Google Chromebook တွေဟာ Android ဖုန်းတွေနဲ့အတူ File Sharing ပြုလုပ်နိုင်တဲ့ Nearby Share Feature ကို Support ပြုလုပ်တော့မှာပါ။

ဘာပဲဖြစ်ဖြစ် Google ကနေ မကြာခင်မှာ Pixel 4a (5G) နဲ့ Pixel 5 စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေပြီးတော့ Pixelbook အသစ်ကိုတော့ လာမယ့်နှစ်မှပဲ အေးဆေးမိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

Ref – Giz China

The post 11th Gen Intel Tiger Lake Processor နဲ့ Pixelbook ကို မိတ်ဆက်တော့မယ့် Google appeared first on MyTech Myanmar.

Comments