Motorola က အမေရိကန်မှာ Moto One 5G ကို ကြေညာ

Motorola က စွမ်းဆောင်ရည်သင့် 5G စမတ်ဖုန်း အသစ် ၁ လုံးကို အမေရိကန်မှာ ကြေညာလိုက်ပါတယ်။ နာမည်က Motorola Moto One 5G ဖြစ်ပြီး  အဲဒီ စမတ်ဖုန်းဟာ Moto G 5G Plus ကို အမေရိကန်မှာ နာမည်ပြောင်းရောင်းချတာ ဖြစ်ပါတယ်။ ကုမ္ပဏီက Moto One 5G ရဲ့ ဈေးနှုန်းကို မပြောသေးပေမယ့် ဒေါ်လာ ၅၀၀ အောက်ပဲ ရှိမယ်လို့ ကြေညာထားပါတယ်။ မြန်မာငွေ ၆ သိန်း ၆ သောင်းလောက် ကျသင့်မှာပါ။

Moto One 5G ရဲ့ Specs တွေဟာ Moto G 5G Plus နဲ့ အတူတူပါပဲ။ Moto One 5G မှာ စုစုပေါင်း ကင်မရာ ၆ လုံးတောင် ပါပါတယ်။ အရှေ့ ကင်မရာ ၂ လုံးက 16MP နဲ့ 8MP Ultrawide တွေ ဖြစ်ပြီး Group ဆဲလ်ဖီးတွေ ဆွဲရင် မိုက်ပါတယ်။ အနောက် ကင်မရာတွေက 48MP , 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာတွေ ဖြစ်ပါတယ်။

Moto G 5G Plus နဲ့ အဓိက ကွာခြားချက်က Moto One 5G ရဲ့ ပင်မ ကင်မရာကို ဘောင်ကွပ်ထားတာပါ။ ကင်မရာတွေရဲ့ ညာဘက်ဘေးမှာ LED Flash ၂ လုံးကို နေရာချထားပါတယ်။ Chipset ကို မသိရသေးပေမယ့် Snapdragon 730G ဖြစ်နိုင်ပါတယ်။

၆.၇ လက်မ CinemaVision LCD မျက်နှာပြင် တပ်ဆင်ထားပြီး FullHD+ Resolution နဲ့ 21:9 Aspect Ratio ပါပါတယ်။ 90Hz Refresh Rate ထောက်ပံ့ထားပြီး 20W Fast Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

Ref : gsmarena

The post Motorola က အမေရိကန်မှာ Moto One 5G ကို ကြေညာ appeared first on MyTech Myanmar.

Comments