125W Charging ပါတဲ့ realme ရဲ့ ပထမဆုံးဖုန်းကို ဥရောပမှာ မိတ်ဆက်မည်

ဒီလ အစောပိုင်းမှာ ကျင်းပခဲ့တဲ့ IFA Berlin နည်းပညာ ပြပွဲမှာ realme က လာမယ့်နှစ်တွေအတွင်း ဥရောပမှာ နယ်ချဲ့မယ့် အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။ realme ဟာ အချိန်တိုအတွင်း အအောင်မြင်ဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖြစ်သလို အနာဂတ် ရည်မှန်းချက်ကလည်း မသေးပါဘူး။ ၂၀၂၁ ခုနှစ် အကုန်မှာ ကမ္ဘာ့ ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီ ၅ ခုစာရင်းထဲပါဖို့ ရည်မှန်းထားပါတယ်။ အခုလည်း ဥရောပမှာ အလန်းစား နည်းပညာ ပါတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို ချပြတော့မှာပါ။

ဩဂုတ်လမှာ realme က 125W UltraDart Charger ကို ကြေညာခဲ့ပြီး အခုတော့ realme အိန္ဒိယနဲ့ ဥရောပရဲ့ စီအီးအို Madhav Sheth က 125W Fast Charger ပါတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို ဥရောပမှာ မိတ်ဆက်မယ်လို့ အသိပေးလိုက်ပါတယ်။ သူက တွစ်တာကနေ ဒီသတင်းကို အသိပေးလိုက်တာ ဖြစ်ပြီး အဲဒီ Charger ရဲ့ ဓါတ်ပုံကိုလည်း ပြသထားပါတယ်။

အဲဒီ စမတ်ဖုန်း နာမည်နဲ့ ကြေညာမယ့် အချိန်ကို မသိရသေးပေမယ့် realme က အဲဒီ UltraDart Charger ဟာ 4,000mAh ဘက်ထရီကို ၃ မိနစ်အတွင်း ၀ ကနေ ၃၃ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ညွှန်းထားပါတယ်။ အဲဒီအတွက် ၉ မိနစ်လောက် အားသွင်းရင် ၁၀၀ ရာခိုင်နှုန်းတောင် အားသွင်းပေးနိုင်တဲ့ ဒီ နည်းပညာက အရမ်းကို လန်းပါတယ်။ အဲဒီ Charger ဟာ 125W PPS, 65W PD နဲ့ 36W QC အပါအဝင် အရင် စံနှုန်းတွေနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။

realme ကြုံးဝါးထားသလို နောက်နှစ် ဥရောပမှာ အောင်မြင်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena

The post 125W Charging ပါတဲ့ realme ရဲ့ ပထမဆုံးဖုန်းကို ဥရောပမှာ မိတ်ဆက်မည် appeared first on MyTech Myanmar.

Comments