ကမ္ဘာ့ ပထမဆုံး Foldable တက်ဘလက် Lenovo ThinkPad X1 Fold ကို ရောင်းပြီ

၂၀၁၉ ခုနှစ် မေလမှာ ကြေညာခဲ့ Lenovo ThinkPad X1 Fold ကို အခုတော့ ရောင်းပေးလိုက်ပါပြီ။ အဲဒီ တက်ဘလက်ဟာ ကမ္ဘာ့ ပထမဆုံး Foldable တက်ဘလက် အဖြစ် မှတ်တမ်းဝင်ထားတာပါ။ X1 မှာ ၁၃.၃ လက်မ OLED 2048x1536p မျက်နှာပြင် ထည့်သွင်းထားပြီး 300 Nits Brightness ထောက်ပံ့ထားပါတယ်။ တက်ဘလက် ဆိုပေမယ့် လက်ပ်တော့ ၁ လုံးလို့တောင် ပြောနိုင်ပါတယ်။

Lenovo ThinkPad X1 Fold မှာ Windows 10 OS နဲ့ Intel Core i5-L16G7 Processor တွေ ထည့်သွင်းထားပြီး 8GB LPDDR4X RAM ပါပါတယ်။ 1TB  NVMe SSD အထိ ရွေးချယ်နိုင်တဲ့အတွက် ဒေတာတွေ အများကြီး သိမ်းနိုင်ပါတယ်။ ဘက်ထရီက 50 Wh ဖြစ်ပြီး USB-C နဲ့ 65 W Power Brick ကနေ အားသွင်းရမှာ ဖြစ်ပါတယ်။

၂.၂ ပေါင် အလေးချိန်ရှိပြီး ခေါက်ချိုးထားရင် အရွယ်အစား အပြည့်အစုံက 236.0 x 158.2 x 27.8 mm ဖြစ်ပါတယ်။ Kickstand ပါတဲ့ သားရေ ကာဗာ ပါလာပြီး တွဲဖက် သုံးနိုင်တဲ့ Lenovo Fold Bluetooth ကီးဘုတ်ကို ဖန်တီးပေးထားပါတယ်။ တက်ဘလက်ကို လက်ပ်တော့လို ခေါက်ချိုးထားချိန်မှာ ကီးဘုတ်ကို အောက်ဘက်က မျက်နှာပြင်အပေါ်တင်ပြီး အသုံးပြုနိုင်ပါတယ်။ ကီးဘုတ်ကို ကြိုးမဲ့အားသွင်းနိုင်ပြီး Touchpad ၁ ခု ထည့်သွင်းထားပါတယ်။ တက်ဘလက်နဲ့ တွဲသုံးနိုင်တဲ့ Mod Pen Stylus ကိုလည်း ဖန်တီးပေးထားတဲ့အတွက် စာရေး၊ ပုံဆွဲရင် မိုက်ပါတယ်။

WiFi 6 ထောက်ပံ့ထားပြီး   5G Version လည်းရွေးချယ်နိုင်ပါတယ်။ USB-C Port ၂ ခု တပ်ဆင်ထားပြီး Lenovo.com ကနေ ကြိုတင်မှာယူနိုင်ပါပြီ။ 256GB SSD ကို ဒေါ်လာ ၂,၅၀၀ သတ်မှတ်ထားပြီး ၃၂ သိန်းခွဲလောက် ရှိတဲ့အတွက် ဒီဇိုင်း လန်းသလို ဈေးလည်း မြောက်ပါတယ်။

Ref : gsmarena

The post ကမ္ဘာ့ ပထမဆုံး Foldable တက်ဘလက် Lenovo ThinkPad X1 Fold ကို ရောင်းပြီ appeared first on MyTech Myanmar.

Comments