OPPO က အောက်တိုဘာလမှာ 4K 120Hz TV ကို ရောင်းမည်

OPPO က 4K ဗီဒီယိုတွေကို 120fps နဲ့ ပြသပေးနိုင်တဲ့ TV အသစ် ၁ လုံးရဲ့  သတင်းအချက်အလက် တချို့ကို အသိပေးလိုက်ပါတယ်။ အရောင်အသွေး စုံလင်လှပပြီး သဘာဝကျတဲ့ ပုံရိပ်တွေကို ပြသပေးနိုင်အောင် 8KRAW နဲ့ OPPO တို့ ပူးပေါင်း ဖန်တီးထားကြပါတယ်။

OPPO ရဲ့ TV အသစ်ကို အောက်တိုဘာလမှာ ရောင်းချမှာ ဖြစ်တယ်လို့ ကြေညာထားပေမယ့် TV ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မပြောသေးပါဘူး။ OPPO 4K TV ရဲ့ ရုပ်ထွက်တွေကို အောက်က ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။ 720p Resolution နဲ့ ပြသထားပေမယ့် ရုပ်ထွက် အရည်အသွေး အပြည့်အဝကို ခံစားချင်ရင် 4K 120fps မျက်နှာပြင်နဲ့ ကြည့်ရမယ်လို့ သိရပါတယ်။

OPPO မပြောသေးပေမယ့် Leakster Digital Chat Station က အဲဒီ TV ရဲ့ သတင်းအချက်အလက် တချို့ကို သတင်းပေးထားပါတယ်။ OPPO 4K Smart TV အတွက် ၅၅ လက်မနဲ့ ၆၅ လက်မ အရွယ်အစား ၂ မျိုး ထုတ်လုပ်ပေးထားမှာ ဖြစ်ပြီး 4K Quantum Dot Panels နဲ့ 120 Hz Refresh Rate ထောက်ပံ့ထားမှာပါ။

Digital Chat Station က အသံစနစ်ကို နာမည်ကျော် ဒိန်းမတ် ကုမ္ပဏီ ၁ ခုက ဖန်တီးပေးထားမယ်လို့ ပြောတဲ့အတွက် Bang & Olufsen ဖြစ်နိုင်ပါတယ်။ OPPO ဟာ အဲဒီ ကုမ္ပဏီနဲ့ ပူးပေါင်းထားပြီး Bang & Olufsen ရဲ့ နားကြပ်တွေကို Find X2 Series ကြိုတင်မှာယူသူတွေအတွက် လက်ဆောင်ပေးခဲ့ပါတယ်။ OPPO ရဲ့ ၅၅ လက်မ TV ဟာ ဈေးအရမ်းချိုမယ်လို့ သတင်းထွက်နေပေမယ့် ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gsmarena

The post OPPO က အောက်တိုဘာလမှာ 4K 120Hz TV ကို ရောင်းမည် appeared first on MyTech Myanmar.

Comments