Snapdragon 460, 90Hz Screen ကို ၂ သိန်းဝန်းကျင်သာ ကျသင့်မယ့် OPPO A33

OPPO A53 ကို ပြီးခဲ့တဲ့လကတည်းက အိန္ဒိယဈေးကွက်မှာဖြန့်ချိပြီးဖြစ်သလို၊ မကြာသေးခင်ရက်ပိုင်းကပဲ အင်ဒိုနီးရှားဈေးကွက်မှာလည်း ဖြန့်ချိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကုမ္ပဏီဟာ နောက်ထပ် ဟန်းဆက်သစ်ဖြစ်တဲ့ OPPO A33 ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။

OPPO A53 နဲ့ OPPO A33 တို့ဟာ အချက်အလက်အတော်များများမှာ တူညီနေတာလည်း တွေ့ရပါတယ်။ 6.5-inch LCD မျက်နှာပြင်ဟာ 720p resolution နဲ့ဖြစ်ပြီး 90Hz refresh rate ကို ထောက်ပံ့ထားပါတယ်။ အသုံးပြုထားတဲ့ Chipset ကတော့ Qualcomm Snapdragon 460 ဖြစ်ပါတယ်။

ဒီဟန်းဆက်နှစ်မျိုးရဲ့ အဓိကခြားနားချက်က Memory ပိုင်းနဲ့ ကင်မရာပိုင်းအဖြစ် တွေ့ရပါတယ်။ OPPO A33 ဟာ 3GB of RAM နဲ့ 32GB storage တွဲဖက်ထားပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားဈေးကွက်မှာရောင်းချတဲ့ OPPO A53 ကတော့ 6GB of RAM နဲ့ 128GB storage အတွဲအဖက် ဖြစ်ပါတယ်။

OPPO A33 ရဲ့ Selfie ကင်မရာဟာ 8MP ဖြစ်ပြီး f/2.0 aperture ဖြစ်တာကြောင့် A53 ရဲ့ 16MP ထက်တော့ နိမ့်တာကို တွေ့ရပါတယ်။ ကျောဘက်မှာတော့ 13MP + 2MP (depth sensor) + 2MP (macro) ကင်မရာသုံးလုံးချင်း တူညီကြပါတယ်။ ဘက်ထရီပမာဏကလည်း 5,000mAh တွေပဲဖြစ်ကြပါတယ်။ OPPO A33 ရဲ့ ဈေးနှုန်းကတော့ $155 ဖြစ်ပြီး Mint Green နဲ့ Midnight Black အရောင်နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Ref: GSM Arena

The post Snapdragon 460, 90Hz Screen ကို ၂ သိန်းဝန်းကျင်သာ ကျသင့်မယ့် OPPO A33 appeared first on MyTech Myanmar.

Comments