Xiaomi က အိန္ဒိယမှာ Mi Watch Revolve နဲ့ Mi Band 5 ကို ကြေညာ

Xiaomi ဟာ အိန္ဒိယမှာ Lifestyle ထုတ်ကုန် ၂ ခုကို ကြေညာလိုက်ပြီး  Mi Watch Revolve စမတ်နာရီနဲ့ Mi Band 5 စမတ်လက်ပတ်တို့ ဖြစ်ပါတယ်။

Mi Watch Revolve

Mi Watch Revolve မှာ Stainless Steel ကိုယ်ထည် တပ်ဆင်ထားပြီး ၁.၃၉ လက်မ AMOLED မျက်နှာပြင် ထည့်သွင်းထားပါတယ်။ ဆီလီကွန်လက်ပတ်ကြိုး အရောင် ၄ မျိုး အပြင် သားရေလက်ပတ်ကြိုးကိုလည်း ရွေးချယ်နိုင်ပြီး Watchfaces ပေါင်း ၁၀၀ ကျော် ဖန်တီးပေးထားပါတယ်။ Google WearOS အခြေပြု MIUI for Watch မောင်းနှင်ထားပါတယ်။

ကိုယ်လက်လှုပ်ရှားမှုတွေကို တိုင်းတာပေးနိုင်ပြီး GPS, Bluetooth 5.0 နဲ့ NFC တွေ ထောက်ပံ့ထားပါတယ်။ သွေးတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာပေးတာက ကိုဗစ် ကာလမှာ တော်တော် အသုံးဝင်ပြီး နှလုံးခုန်နှုန်းနဲ့ အိပ်စက်မှု အခြေအနေတွေကို တွက်ချက်ပေးနိုင်ပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပြီး ဘက်ထရီသက်တမ်းက ၁၄ ရက် ဖြစ်ပါတယ်။ သာမာန်သုံးရင် ၂၂ ရက်တောင် အသုံးခံတဲ့အတွက် မိုက်ပါတယ်။

အိန္ဒိယမှာ ရူပီး ၁၀,၉၉၉ နဲ့ နောက်လ ၆ ရက်နေ့ စရောင်းမှာ ဖြစ်ပြီး မြန်မာငွေ ၁ သိန်း ၉ သောင်းလောက် ကျသင့်မှာပါ။

Mi Band 5

Mi Band 5 ကို နိုင်ငံတကာမှာ ကြေညာထားတာ လအနည်းငယ်ကြာပြီ ဖြစ်ပြီး အခုတော့ အိန္ဒိယကို ရောက်လာပါပြီ။ ၁.၁ လက်မ AMOLED မျက်နှာပြင်၊ အချိန်ပြည့် နှလုံးခုန်နှုန်းတိုင်းတာတာနဲ့ ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်တာ စတဲ့ စွမ်းရည်တွေ ပါပါတယ်။ အိပ်စက်မှုနဲ့ စိတ်ဖိစီးမှုကို တွက်ချက်တာ၊ အသက်ရှူလေ့ကျင့်ခန်း သင်ကြားပေးတာ အပါအဝင် အားကစားနည်း ၁၁ မျိုးကို တွက်ချက်ပေးနိုင်ပါတယ်။

၂ ပတ်ကြာ ဘက်ထရီ သက်တမ်းက တော်တော် လန်းပြီး Black, Teal, Purple, Navy Blue နဲ့ Orange ရောင်တွေ ရွေးချယ်နိုင်ပါတယ်။ ၂,၄၉၉ ရူပီးနဲ့ နောက်လ ၁ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး ၄ သောင်း ၄ ထောင်လောက် ရှိပါတယ်။

Ref : gsmarena

The post Xiaomi က အိန္ဒိယမှာ Mi Watch Revolve နဲ့ Mi Band 5 ကို ကြေညာ appeared first on MyTech Myanmar.

Comments