Shazam App ကနေ Apple Music ၅ လစာ အခမဲ့ပေးသုံးနေတဲ့ Apple

Apple ဟာ ပြီးခဲ့တဲ့ Christmas ကာလတုန်းက iOS အသုံးပြုသူတွေကို Apple Music Subscription ကို ၆ လအထိ အခမဲ့အသုံးပြုခွင့်ပေးခဲ့တာဖြစ်ပါတယ်။ အခုလည်း အလားတူ Campaign တစ်ခုကို စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

ဒါကတော့ အခုမှ Apple Music ကို စတင်အသုံးပြုတဲ့သူတွေကို First Trial ၃ လအစား ၅ လအထိ အခမဲ့ပေးသုံးနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူတိုင်းကို ပေးသုံးတာမျိုးမဟုတ်ဘဲ ပြုလုပ်ရမယ့်အဆင့်အနည်းငယ်ရှိနေပါတယ်။

ပထမဆုံးအနေနဲ့ Apple ပိုင်ဆိုင်ထားပြီဖြစ်တဲ့ Music Recognition App တစ်ခုဖြစ်တဲ့ Shazam ကို Download ပြုလုပ်ရမှာဖြစ်ပါတယ်။ ပြီးရင် အဆိုပါ Shazam App ကနေတစ်ဆင့် ဖွင့်ထားတဲ့ သီချင်းတစ်ပုဒ်ပုဒ်ကို ရှာဖွေပြီးတော့ Apple Music ကနေ ဖွင့်မယ်ဆိုပြီး ရွေးချယ်လိုက်မှ အခုလိုမျိုး ၅ လ အခမဲ့အသုံးပြုနိုင်မယ့် Offer ကို တွေ့မြင်ရမှာပါ။ ဒါကလည်း Apple Music ကို အခုမှစတင်အသုံးပြုမယ့်သူတွေအတွက်ပဲဖြစ်တဲ့အတွက် Apple Music ကို အသုံးပြုဖူးရင်တော့ အကျုံးဝင်မှာမဟုတ်ပါဘူး။

Apple ကိုယ်တိုင်ကနေ အခုလိုမျိုး ၅ လအထိ အခမဲ့ပေးအသုံးပြုခွင့်ပေးနေတယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။ Apple ရဲ့ ပြောကြားချက်အရတော့ United States ၊ Australia ၊ Canada နဲ့ တခြားသော နိုင်ငံတွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပြီး ဇန်နဝါရီလ ၁၇ ရက်နေ့ ၂၀၂၁ အထိ အကျုံးဝင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple Music ကို အသုံးမပြုဖူးသေးဘူးဆိုရင် Apple ရဲ့ Shazam App ကနေတစ်ဆင့် သီချင်းတွေရှာဖွေရင်းနဲ့ အခမဲ့အသုံးပြုနိုင်မှာဆိုတော့ စမ်းကြည့်သင့်ပါတယ်။

Ref – 9to5Mac

The post Shazam App ကနေ Apple Music ၅ လစာ အခမဲ့ပေးသုံးနေတဲ့ Apple appeared first on MyTech Myanmar.

Comments