ကိုယ်ပိုင် Stories Feature ကို ဆောင်ရွက်နေတဲ့ Spotify

လက်ရှိအချိန်မှာ Social App တွေအကုန်လုံးနီးပါးက Instagram Stories နဲ့ ဆင်တူတဲ့ Stories Feature တွေကို ထည့်သွင်းလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတုန်းကလည်း Twitter ကနေ Fleets နာမည်နဲ့ Stories Feature ကို ထည့်သွင်းထားခဲ့ပါတယ်။

အခုလည်း Music Streaming Platform တစ်ခုဖြစ်တဲ့ Spotify ကနေ Stories Feature ကို စမ်းသပ်နေပြီလို့ သိရပါတယ်။ အဆိုပါ Spotify အတွက် Stories Feature ဟာ လက်ရှိအချိန်မှာ Artist တွေနဲ့ Music Company တွေအတွက် Audience တွေနဲ့ ပိုပြီးချိတ်ဆက်နိုင်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဒီ Spotify ရဲ့ Stories Feature ကိုတော့ YouTube Gamer တစ်ဦးဖြစ်တဲ့ TmarTn ကနေ တွေ့ရှိခဲ့တာဖြစ်ပြီး Artist တွေရဲ့ Profile Picture ကို နှိပ်လိုက်ပြီး Stories တွေကို ကြည့်ရှုနိုင်တယ်ဆိုတဲ့ Hint ကို တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ ကျန်တဲ့ Viewing Experience အရတော့ တခြားသော Instagram နဲ့ Facebook Stories တွေနဲ့ ဆင်တူတယ်လို့ သိရပါတယ်။

Spotify ဟာ Stories Feature ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၀၁၉ ခုနှစ်ထဲက ထည့်သွင်းဖို့အတွက် Internal Testing တွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိမှာ အသုံးပြုသူအများဆုံး Music Streaming Platform တစ်ခုဖြစ်နေတဲ့အတွက် ဒီလိုမျိုး Stories Feature ကို ရရှိလာတာက အားသာချက်ဖြစ်လာမလား၊ ဒါမှမဟုတ် အဆင်ပြေနိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Android Police

The post ကိုယ်ပိုင် Stories Feature ကို ဆောင်ရွက်နေတဲ့ Spotify appeared first on MyTech Myanmar.

Comments