YouTube Android TV App မှာ 8K ဗီဒီယို ကြည့်လို့ရပြီ

8K ကင်မရာနဲ့ TV တွေ မပေါ်သေးခင် ၂၀၁၅ ခုနှစ်ကတည်းက YouTube မှာ 8K ဗီဒီယိုတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။ အခုတော့  ၅ နှစ်အကြာမှာ စွမ်းရည်မြင့် စမတ်ဖုန်းတွေကနေတောင် 8K ဗီဒီယိုတွေကို ရိုက်ကူးလာနိုင်ပြီ ဖြစ်ပြီး 8K TV တွေလည်း ပေါ်လာကြပါပြီ။

အခုတော့ ခေတ်နဲ့အညီ YouTube Android TV App မှာ 8K ဗီဒီယို ကြည့်လို့ရပြီ ဖြစ်ပြီး နည်းနည်းတောင် နောက်ကျနေပြီလို့ ပြောနိုင်ပါတယ်။ Changelog အရ App Version အသစ်မှာ Android 10 အတွက် 8K Support ကို အကန့်အသတ်နဲ့ ထည့်သွင်းထားတယ်လို့ ရေးသားထားပါတယ်။ အကန့်အသတ် ဆိုတဲ့ စကားက ဘာကို ဆိုလိုတာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် Android 10 ပါတဲ့ စမတ် TV ရှိရင် မြည်းစမ်းကြည့်နိုင်ပါတယ်။

Android TV's YouTube App Gets a Refreshed UI with Latest Update

ဒါ့အပြင် App Version အသစ်မှာ Cast Connect ထောက်ပံ့ထားပြီး Developer တွေ Cast စွမ်းရည်ပါတဲ့ App တွေကို ဖန်တီးရာမှာ ပိုလွယ်ကူလာမှာပါ။ TV Remote ကနေ App ကို ထိန်းချုပ်လာနိုင်ပြီ ဖြစ်တဲ့အတွက် စမတ် TV နဲ့ ပိုတူလာပါတယ်။ Resolution ရွေးရတဲ့ Interface ကို ပိုကောင်းအောင်  ပြုလုပ်ပေးထားပါတယ်။

Changelog မှာ အစောပိုင်းတုန်းက AV1 HDR Playback ကို ထောက်ပံ့တယ်လို့ ရေးထားပေမယ့် နောက်ပိုင်းမှာ ဖျက်သွားကာ Cast Connect ကို ထပ်ဖြည့်ထားပါတယ်။ YouTube Android TV မှာ AV1 Support ကို ဧပြီလက ထည့်သွင်းခဲ့ပေမယ့် HDR မှာ အလုပ်လုပ်တာ မပါလာသေးဘူးလို့ ထင်ပါတယ်။

Ref : gsmarena

The post YouTube Android TV App မှာ 8K ဗီဒီယို ကြည့်လို့ရပြီ appeared first on MyTech Myanmar.

Comments