Rollable နဲ့ Slidable Display တွေကို ဆောင်ရွက်နေတယ်လို့ အတည်ပြုလိုက်တဲ့ Samsung

Samsung ဟာ လက်ရှိစမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ Foldable စမတ်ဖုန်းတွေကို အများဆုံးထုတ်လုပ်နိုင်နေတာဖြစ်ပါတယ်။ အခုလည်း နောက်ထပ် Display နည်းပညာအသစ်အဆန်းတွေကို Samsung ကနေ စမ်းသပ်ဆောင်ရွက်နေတယ်ဆိုပြီး ပြောကြားလိုက်ပါတယ်။

ဒါကတော့ Samsung Display ရဲ့ Senior Vice President ဖြစ်တဲ့ Choi Kwon-young ကနေ Rollable နဲ့ Slidable Display တွေကိုပါ ယခုနှစ်အတွင်း မိတ်ဆက်ဖို့ စီစဥ်နေတယ်ဆိုပြီး ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်းက LG ကနေ Rollable စမတ်ဖုန်းအသစ်ကို ယခုနှစ်အတွင်းမိတ်ဆက်မယ်ဆိုပြီး ပြောကြားခဲ့ပေမယ့် အခုအချိန်မှာတော့ အချိန်ကို ဆက်တိုက်ရွေ့ဆိုင်းနေတာဖြစ်ပါတယ်။

Samsung ဟာ လက်ရှိအချိန်မှာ Galaxy Z Fold 2 နဲ့ Galaxy Z Flip စမတ်ဖုန်းတွေကို မိတ်ဆက်ထားပြီး ယခုနှစ်မှာလည်း မတူညီတဲ့ Foldable ဖုန်းအနည်းဆုံး ၂ မျိုးခန့် ထပ်မံမိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အဲ့ဒီအတွက် Rollable နဲ့ Sildeable Display တွေကို မိတ်ဆက်လာမယ်ဆိုရင်လည်း စမတ်ဖုန်းအနေနဲ့ မိတ်ဆက်တာမျိုးမဟုတ်ဘဲ နည်းပညာကိုပဲ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung ဟာ ယခုနှစ်အတွင်းမှာ Under Display Selfie Camera နည်းပညာကိုလည်း Flagship ဖုန်းတွေမှာ ထည့်သွင်းသွားမယ်လို့ သိရတဲ့အတွက် Galaxy Z Fold 3 ဖုန်းမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

Ref – GSM Arena

The post Rollable နဲ့ Slidable Display တွေကို ဆောင်ရွက်နေတယ်လို့ အတည်ပြုလိုက်တဲ့ Samsung appeared first on MyTech Myanmar.

Comments