အတည်မပြုရသေးတဲ့သတင်းအချက်အလက်နဲ့ ဗီဒီယိုကိုဝေမျှမိရင် သတိပေးတော့မယ့် TikTok

Content တွေမှာ အချက်အလက်တွေကို စစ်ဆေးရတာဟာ ဆိုရှယ်မီဒီယာကုမ္ပဏီအများစုအတွက် အဓိကဦးတည်ချက်လို ဖြစ်လာပါတယ်။ ဒီအထဲမှာ TikTok လည်း ပါဝင်လာပါတယ်။ အတည်မပြုရသေးတဲ့ သတင်းအချက်အလက်နဲ့ ဗီဒီယိုတစ်ခုကို မျှဝေမိရင် ချက်ချင်းသတိပေးမယ့်စနစ်တစ်ခု ထည့်သွားလာမယ်လို့ သိရပါတယ်။

သတိပေးမှုက ဗီဒီယိုကွန်းတန့်မှာ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ TikTok ကတော့ ဒီလုပ်ဆောင်ချက်ကို သူ့ရဲ့မိတ်ဖက်ကုမ္ပဏီတွေဖြစ်တဲ့ Web-based-fact-checking ပလက်ဖောင်း PolitiFact, Lead Stories နဲ့ SciVerify (အတည်မပြုရသေး) တို့နဲ့အတူ လက်တွဲလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ Fact-checker တွေက နောက်ဆုံး ထင်မြင်ချက်ကို မပြုလုပ်ခင်၊ အသုံးပြုသူက အထောက်အထားမဲ့လို့ယူဆရတဲ့သတင်းအချက်အလက်ကို မျှဝေမိမယ်ဆိုရင် အထူးပဲအသုံးဝင်မယ်လို့ TikTok က ဆိုပါတယ်။ အထောက်အထားမခိုင်လုံ၊ အတည်မပြုရသေးတာကို ထပ်ပြီးမျှဝေမိမယ်ဆိုရင်တော့ မီးခိုးရောင်သတိပေးချက်ကို ရရှိမှာ ဖြစ်ပါတယ်။

အသုံးပြုသူအနေနဲ့ အဆိုပါဗီဒီယိုကို မျှဝေနိုင်မှာဖြစ်ပေမယ့်၊ ဒီလိုမလုပ်ခင်မှာ နှစ်ခါပြန်စဉ်းစားမိစေဖို့ TikTok က ရည်ရွယ်ကြောင်း ပြောပါတယ်။ Flagged ဗီဒီယိုကို မျှဝေမယ်ဆိုရင်တော့ ဒီဗီဒီယိုဟာ အတည်မပြုရသေးတဲ့ အကြောင်းအရာဖြစ်ကြောင်း သတိပေးစာပေါ်ပေါက်လာမှာပဲ ဖြစ်ပါတယ်။ နောက်အဆင့်ကတော့ “ပယ်ဖျက်ရန်” ဒါမှမဟုတ် “ဝေမျှရန်” ကို ရွေးချယ်ခြင်းမပြုခင် ထပ်ပြီးစဉ်းစားနိုင်မှာလည်း ဖြစ်ပါတယ်။

ဒီ လုပ်ဆောင်ချက်အသစ် Beta ဗားရှင်းနဲ့စမ်းသပ်မှုကို အခြေခံရာမှာ မှားယွင်းတဲ့ဦးတည်မှုနဲ့ Content ကိုမျှဝေမှုဟာ ၂၄% လောက်နဲ့၊ နှစ်သက်သူတွေကတော့ ပျမ်းမျှအားဖြင့် ၇ ရာခိုင်နှုန်းလျော့ကျသွားတယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်အသစ်ကို US နဲ့ Canada တို့မှာပဲ ရရှိသေးတာဖြစ်ပြီး မကြာခင်ရသတ္တပတ်အတွင်းမှာတော့ ကျန်ဒေသတွေဆီ တဖြည်းဖြည်းဖြန့်ကျက်သွားမယ်လို့ သိရပါတယ်။

Ref: GSM Arena

The post အတည်မပြုရသေးတဲ့သတင်းအချက်အလက်နဲ့ ဗီဒီယိုကိုဝေမျှမိရင် သတိပေးတော့မယ့် TikTok appeared first on MyTech Myanmar.

Comments