Design ဓါတ်ပုံတွေ ပေါက်ကြားလာပြီဖြစ်တဲ့ Samsung Galaxy Z Flip 3

Samsung ဟာ လာမယ့်လပိုင်းအတွင်းမှာ Galaxy Z Flip 3 နဲ့ Galaxy Z Fold 3 ကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အခုလည်း Galaxy Z Flip 3 စမတ်ဖုန်းရဲ့ Design အသေးစိတ်ဓါတ်ပုံတွေပေါက်ကြားလာခဲ့ပါပြီ။

Samsung Galaxy Z Flip 3 ဟာ Design ပိုင်းအရ သိသိသာသာပြောင်းလဲထားတဲ့အပြင် အရောင်အနေနဲ့ ပုံမှန် အနက်ရောင်နဲ့ ခရမ်းရောင်တင်မဟုတ်ဘဲ Dark Green, Light Violet, Beige, Grey, Black, Pink, Dark Blue, and White ဆိုပြီး အရောင် ၈ မျိုးအထိ မိတ်ဆက်လာမှာဖြစ်ပါတယ်။ Camera Setup အနေနဲ့ကတော့ Dual Camera Setup ကိုပဲ ဆက်လက်အသုံးပြုထားပြီး Secondary Display က ယခင်ထက်ပိုကြီးလာတာကိုတွေ့ရပါတယ်။

Design ပိုင်းအရ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် Two-tone Design ကို အခြေခံထားတာဖြစ်ပြီး တော်တော်လေးကိုပိုလှနေတာဖြစ်ပါတယ်။ Camera Design အနေနဲ့ကတော့ လက်ရှိထွက်ရှိထားတဲ့ Galaxy S21 Series နဲ့တောင် ဆင်တူနေပါတယ်။

Specification တွေအနေနဲ့ကတော့ Qualcomm Snapdragon 888 Chipset ၊ RAM 8GB + 128GB Storage ပါဝင်ပြီးတော့ 6.7″ FullHD+ 120Hz Display ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Back Camera Setup ကိုတော့အတိအကျမသိရသေးပေမယ့် Selfie Camera ကို Under Display Camera အနေနဲ့ စတင်အသုံးပြုလာမှာဖြစ်ပါတယ်။ Battery ကတော့ 3300mAh ပဲပါဝင်မှာဖြစ်ပြီး 15W Charging ကို Support ပေးနိုင်မှာပါ။

စျေးနှုန်းအနေနဲ့ကတော့ Samsung Galaxy Z Flip 3 ဟာ ဒေါ်လာ ၁,၄၀၀ ဝန်းကျင် (မြန်မာငွေ ၂၂ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။ မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရှိရသေးပေမယ့် လာမယ့် သြဂုတ်လအတွင်းမှာ မိတ်ဆက်လာနိုင်ပါတယ်။

Ref – 9to5Google

The post Design ဓါတ်ပုံတွေ ပေါက်ကြားလာပြီဖြစ်တဲ့ Samsung Galaxy Z Flip 3 appeared first on MyTech Myanmar.

Comments