လာမယ့် သြဂုတ်လမှာ တရားဝင်မိတ်ဆက်သွားမယ့် Google Pixel 5a

Google ရဲ့ Pixel A Series စမတ်ဖုန်းတွေဟာ စျေးနှုန်းသက်သာပြီး အသုံးပြုရတာရိုးရှင်းတဲ့အတွက် Mid Range စျေးကွက်မှာ အောင်မြင်မှုရရှိခဲ့တဲ့ဖုန်းတွေဖြစ်ပါတယ်။ Google ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း Pixel 4a စမတ်ဖုန်းအပြင် 5G Support ပြုလုပ်ပြီး အနည်းငယ်ပိုကောင်းမွန်တဲ့ Pixel 4a 5G ဖုန်းကိုပါ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google ကနေ နောက်ထပ် Mid Range Pixel A Series ဖုန်းတစ်လုံးဖြစ်တဲ့ Pixel 5a ဖုန်းကို မကြာခင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ယခုနှစ်အစောပိုင်းတုန်းက Google ဟာ Pixel 5a ဖုန်းကို မိတ်ဆက်နိုင်ခြင်းမရှိတော့ဘူးလို့ သတင်းထွက်ပေါ်ခဲ့ပြီးတော့ Google ကိုယ်တိုင်ကနေ အဆိုပါ သတင်းကို မှားယွင်းကြောင်းငြင်းဆိုခဲ့ပါသေးတယ်။

Bloomberg Media က Mark Gurman ကတော့ Pixel 5a စမတ်ဖုန်းဟာ လာမယ့် သြဂုတ်လအတွင်းမှာ မိတ်ဆက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မနှစ်တုန်းကလည်း Pixel 4a စမတ်ဖုန်းဟာ သြဂုတ်လမှာ စတင်ရောင်းချခဲ့တာဖြစ်ပြီး Android 12 Stable Update ကိုလည်း Pixel 5a ဖုန်းနဲ့အတူ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Pixel 5a စမတ်ဖုန်းဟာ လက်ရှိသိထားတဲ့သတင်းတွေအရတော့ Design ပိုင်းကြီးကြီးမားမားပြောင်းလဲမှုမရှိဘဲ မနှစ်တုန်းက Pixel 4a 5G နဲ့အတော်များများဆင်တူမှာဖြစ်ပါတယ်။ Specification အနေနဲ့ကတော့ Qualcomm Snapdragon 765G Chipset ၊ Dual Camera Setup ၊ 5G Support နဲ့ Headphone Jack တွေပါဝင်မယ်လို့ သိရပါတယ်။

Google ဟာ Pixel 5a စမတ်ဖုန်းကို စျေးနှုန်းအနေနဲ့ $349 သို့မဟုတ် $400 ဝန်းကျင်နဲ့ ရောင်းချလာနိုင်ပါတယ်။ Flagship ဖုန်းတွေဖြစ်လာမယ့် Google Pixel 6 Series ဖုန်းတွေမှာတော့ Design ပိုင်းပြောင်းလဲထားမယ့်အပြင် Camera ပိုင်းအဆင့်မြှင့်တင်မှုတွေ၊ ကိုယ်ပိုင် Whitechapel Chipset တွေကိုလည်း အသုံးပြုလာမှာဖြစ်ပါတယ်။

Ref – Android Authority

The post လာမယ့် သြဂုတ်လမှာ တရားဝင်မိတ်ဆက်သွားမယ့် Google Pixel 5a appeared first on MyTech Myanmar.

Comments