MacBook တွေအတွက် High Power Mode Feature အသစ်ကို စမ်းသပ်နေတဲ့ Apple

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀၂၀ ခုနှစ်တုန်းက Apple ဟာ MacBook အသုံးပြုသူတွေအတွက် Power စားသုံးမှုအတွက် ကန့်သတ်ထားတာကို ဖယ်ရှားပြီး စွမ်းဆောင်ရည်ကို အပြည့်အဝအသုံးချနိုင်မယ့် Pro Mode ကို ထည့်သွင်းသွားဖို့ရှိတယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ အခုအချိန်အထိ အဆိုပါ Feature ဟာ တရားဝင်မိတ်ဆက်ထားခြင်းမရှိသေးပေမယ့် နောက်ဆုံး macOS Monterey Beta Update မှာ အလားတူ Feature တစ်ခုကို Apple က ဆောင်ရွက်နေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါကိုတော့ Pro Mode အစား High Power Mode ဆိုပြီး နာမည်ပေးထားတယ်လို့ သိရပါတယ်။ အဆိုပါ High Power Mode ကို macOS Monterey Beta 8 မှာတွေ့ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ Stable အနေနဲ့ပါ ထုတ်ပေးသွားဖွယ်ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ MacBook တွေအတွက် “Low Power Mode” ကို ထည့်သွင်းထားပြီးတော့ Battery အားကို ချွေတာချင်တဲ့အချိန်တွေမှာ CPU အသုံးပြုမှုကို လျော့ချပေးနိုင်တဲ့ Mode တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခု High Power Mode ကတော့ လုံးဝကို ပြောင်းပြန်အသုံးချနိုင်တဲ့ Mode တစ်ခုဖြစ်လာနိုင်ပြီး Battery အားသွင်းကြိုးမတပ်ထားတဲ့အချိန်မှာလည်း တကယ့်ကို Performance အပြည့်အဝအသုံးချနိုင်အောင် ပြုလုပ်ပေးထားတယ်လို့ ယူဆရပါတယ်။

အခုလိုမျိုး High Power Mode Feature ကို macOS Monterey Beta 8 မှာ စတင်တွေ့ရှိရခြင်းမရှိသေးတာကြောင့် တကယ်တမ်းဘယ်လိုမျိုးအလုပ်လုပ်မလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းနေတာကတော့ MacBook တွေအားလုံးမှာ ယခု Feature ကို အသုံးပြုနိုင်မလားဆိုတာပဲဖြစ်ပါတယ်။

Apple အနေနဲ့ ယခင်တုန်းက အလားတူ Pro Mode ကိုထည့်သွင်းဖို့ စီစဥ်ခဲ့ပြီး မထည့်သွင်းခဲ့တာက ကိုယ်ပိုင် M1 Chip လိုမျိုး Processor အသုံးပြုထားတဲ့ Mac ကွန်ပျူတာတွေကို မိတ်ဆက်ခဲ့တာကြောင့်ဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် ဒီသတင်းထွက်ရှိလာတဲ့ High Power Mode Feature ကလည်း M1 Chip လိုမျိုး Apple ကိုယ်ပိုင် Processor အသုံးပြုထားတဲ့ MacBook တွေအတွက်ပဲ သီးသန့်လည်းဖြစ်လာနိုင်ပါတယ်။

Ref – 9to5Mac

The post MacBook တွေအတွက် High Power Mode Feature အသစ်ကို စမ်းသပ်နေတဲ့ Apple appeared first on MyTech Myanmar.

Comments