NFT နဲ့ ပတ်သက်ပြီး အလိမ်မခံရအောင် ဘယ်လိုမျိုးရှောင်ရှားကြမလဲ

NFT သို့မဟုတ် Non-fungible Token ဟာ လက်ရှိအချိန်မှာ ရေပန်းအစားဆုံးဖြစ်လာပါတယ်။ တကယ်လို့ ကိုယ့်မှာရှိတဲ့ NFT ဟာ ကံကောင်းပါက ဒေါ်လာ သိန်း၊ သန်းနဲ့ချီပြီး ရောင်းချရနိုင်တာကြောင့် အခုနောက်ပိုင်းမှာ Digital Art တွေတင်မဟုတ်ဘဲ တခြားသော NFT တွေကလည်း အများအပြားထွက်ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း သင်က NFT ကို အခုမှစတင်ပြီး လေ့လာနေတဲ့သူတစ်ယောက်ဆိုရင် အလိမ်ခံရနိုင်တာကလည်း ဖြစ်နိုင်ခြေများပြားပါတယ်။ ဒါကြောင့် ဘယ်လိုမျိုးအလိမ်မခံရအောင် ရှောင်ရှားကြမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

NFT Store အတုတွေနဲ့ လိမ်လည်ခြင်း

လက်ရှိအချိန်မှာ OpenSea လိုမျိုး NFT Marketplace တွေဟာ အလွန်အောင်မြင်နေတာကြောင့် တချို့သော Scammer တွေက NFT Store အတုတွေကို အတူညီဆုံးဖြစ်တဲ့အထိ လိုက်ပြီး ပြုလုပ်နေကြတာဖြစ်ပါတယ်။ အဆိုပါ Store တွေမှာ တန်ဖိုးကြီးမားတဲ့ နာမည်ကြီး NFT တွေကို စျေးသက်သက်သာသာနဲ့ရတတ်ပြီး ဝယ်ယူသူတွေဆီက ပိုက်ဆံရရှိဖို့အဓိကထားနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ NFT Store ဟာ အတုဖြစ်တာကြောင့် တကယ်တမ်းဝယ်ယူလိုက်ပြီဆိုရင် အလိမ်ပဲခံရမှာဖြစ်ပြီး ဘာ NFT မှရရှိမှာမဟုတ်ပါဘူး။

Social Media Profile အတုတွေနဲ့ လိမ်လည်ခြင်း

နောက်ထပ်တစ်နည်းကတော့ NFT ကို ဖန်တီးနေတဲ့အသင်းအဖွဲ့ရဲ့ Page တစ်ခုခုအနေနဲ့ အယောင်ဆောင်ပြီး လိမ်လည်တာဖြစ်ပါတယ်။ တချို့သော Social Media Page အတုတွေဟာ လုံးဝကို Page အစစ်တွေနဲ့ ဆင်တူအောင် ပြုလုပ်ထားတာဖြစ်တာကြောင့် ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် မှားယွင်းပြီး အလိမ်ခံရတတ်ပါတယ်။ အဲ့ဒါကြောင့် အကောင်းဆုံးကတော့ Blue Mark လိုမျိုး Verification ရရှိထားတဲ့ Page တွေကိုပဲ ဆက်သွယ်မေးမြန်းတာပဲဖြစ်ပါတယ်။

Customer Support အယောင်ဆောင်ပြီး လိမ်လည်ခြင်း

နောက်ထပ် အခုမှစတင်ပြီး NFT တွေကို ဝယ်ယူမယ့်သူတွေအတွက် အဖြစ်များတဲ့ လိမ်လည်မှုတစ်ခုကတော့ Customer Support အနေနဲ့ အယောင်ဆောင်ပြီး လိမ်လည်တာပဲဖြစ်ပါတယ်။ ဒါက အထူးသဖြင့် အခုမှ နားမလည်သေးတဲ့ Customer ကို Customer Support အယောင်ဆောင်ပြီး Data တွေတောင်းယူပြီး လိမ်လည်တာအပြင် တကယ့်တန်ကြေးထက် အဆမတန်တင်ပြီး လိမ်လည်ရောင်းချတာတွေပါဝင်ပါတယ်။

Investor အနေနဲ့ ရင်းနှီးမြုပ်နှံမယ်ဆိုပြီး လိမ်လည်ခြင်း

ဒါကတော့ ကိုယ်က NFT Art တွေကို အခုမှ ဖန်တီးနေတဲ့ Artist တွေအတွက် ပိုပြီး သတိထားသင့်တဲ့အချက်ဖြစ်ပါတယ်။ တစ်ခါတလေမှာ ကိုယ့်ကို NFT Art တွေ အမြောက်အများဖန်တီးပြီး ရောင်းချပေးမယ်ဆိုတာမျိုးအပြင် တခြားသော ပုံစံမျိုးစုံနဲ့ ရင်းနှီးမြုပ်နှံမယ်ဆိုပြီး လိမ်လည်မှုတွေလည်း အများအပြားရှိနေတာဖြစ်ပါတယ်။

Giveaway ပေးမယ်ဆိုပြီး လိမ်လည်ခြင်း

အခုလိုမျိုး လိမ်လည်မှုကတေ့ာ အဖြစ်အများဆုံးလိမ်လည်မှုပဲဖြစ်ပါတယ်။ ဒါကတော့ Social Media သို့မဟုတ် Discord ၊ Reddit လိုမျိုး Forum တွေမှာ NFT တွေကို အခမဲ့ Giveaway ပေးမယ်ဆိုပြီး လိမ်လည်နေတာပဲဖြစ်ပါတယ်။ အဆိုပါ လိမ်လည်မှုတွေဟာ အသုံးပြုသူတွေကို Website Link အတုတွေထဲဝင်ရောက်ခိုင်းပြီး Crypto Wallet Address အပြင် Information တွေကိုပါ ရယူပြီး ကိုယ့်မှာရှိပြီးသား NFT နဲ့ Cryptocurrency ကိုပါ လိမ်လည်တတ်ပါတယ်။

Ref – Make Use Of

The post NFT နဲ့ ပတ်သက်ပြီး အလိမ်မခံရအောင် ဘယ်လိုမျိုးရှောင်ရှားကြမလဲ appeared first on MyTech Myanmar.

Comments