Twitter Profile Image မှာ NFT တွေကို ထားပြီးအသုံးပြုနိုင်တော့မယ်

Twitter ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက NFT တွေကို Display ပြထားနိုင်မယ့် Option တစ်ခုကို ထည့်သွင်းပေးတော့မယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုအချိန်မှာတော့ အဆိုပါ NFT တွေကို Profile မှာ ပြသနိုင်မယ့် Feature တစ်ခုကို ပြသလိုက်ပြီဖြစ်ပါတယ်။

အဲ့ဒီအတွက် Twitter အသုံးပြုသူတွေဟာ သူတို့ပိုင်ဆိုင်တဲ့ NFT တွေကို Direct Connection အနေနဲ့ ပြသနိုင်တော့မှာဖြစ်ပါတယ်။ နောက်ထပ်လည်း စိတ်ဝင်စားတဲ့သူတွေက Twitter Profile ကနေတစ်ဆင့် NFT တွေရဲ့ အချက်အလက်တွေ၊ ပိုင်ဆိုင်သူတွေကိုကြည့်ရှနိုင်ဦးမှာဖြစ်ပါတယ်။

 

ယခုသတင်းကို Twitter ရဲ့ Engineer တစ်ဦးဖြစ်တဲ့ Ethan Sutin ကနေ ဖော်ပြခဲ့တာဖြစ်ပြီး ဘယ်အချိန်မှာ တရားဝင်အသုံးပြုနိုင်မလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။ ကိုယ့် Profile မှာ NFT ကို Profile ဓါတ်ပုံအနေနဲ့ ထားပြီး အသုံးပြုနိုင်မှာဖြစ်သလို ကိုယ်ပိုင်ဆိုင်တဲ့ NFT တွေကို Collection အနေနဲ့လည်း ထည့်သွင်းထားနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ နည်းပညာပိုင်းစိတ်ဝင်စားတဲ့သူအတော်များများက NFT ပိုင်းကိုပါ စတင်ဝင်ရောက်လာပြီဖြစ်ပြီး အနည်းဆုံး ကိုယ့်စိတ်ကြိုက် NFT တွေကို ဝယ်ယူတာ၊ ဖန်တီးတာတွေပြုလုပ်နေကြပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး ကိုယ့်ရဲ့ NFT ကို Twitter Account နဲ့ ချိတ်ဆက်နိုင်တာက အားသာချက်တစ်ခုဖြစ်လာမှာပါ။

Ref – Social Media Today

The post Twitter Profile Image မှာ NFT တွေကို ထားပြီးအသုံးပြုနိုင်တော့မယ် appeared first on MyTech Myanmar.

Comments