Cryptocurrency စျေးကွက်ဟာ အခုအချိန်မှာ တကမ္ဘာလုံးမှာ ရေပန်းစားနေတာဖြစ်ပါတယ်။ Cryptocurrency ပိုင်းမှာ Mining ပြုလုပ်ပြီးရှာဖွေနေတဲ့သူတွေကလည်း အများအပြားရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဆိုပါ Cryptocurrency Mining ပြုလုပ်မှုဟာ ပမာဏများပြားရင် များပြားသလောက် လျှပ်စစ်ဓါတ်အားစားသုံးမှုလည်း မြင့်မားနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် တရုတ်နိုင်ငံအတွင်းမှာဆိုရင် အဆိုပါ Cryptocurrency Mining ကို ပိတ်ပင်မှုတွေပါ ပြုလုပ်နေပါပြီ။
ဒါပေမယ့်လည်း Kazakhstan နိုင်ငံမှာတော့ Cryptocurrency Mining ပြုလုပ်မှုဟာ လူအမြောက်အများပြုလုပ်နေတဲ့အရာတစ်ခုဖြစ်ပြီး အခုဆိုရင် စွမ်းအင်စားသုံးမှုများပြားလွန်းတာကြောင့် လျှပ်စစ်ဓါတ်အားစားသုံးမှုတွေ မြင့်မားနေတာကြောင့်ဖြစ်ပါတယ်။ ဒါက ခွင့်ပြုချက်ရယူထားတဲ့ Miner အယောက် ၅၀ ခန့်က လျှပ်စစ်ဓါတ်အားဆွဲသုံးမှုများပြားနေတာကြောင့် လာမယ့်အောက်တိုဘာလအတွင်းမှာ Power Plant ၃ ခုအထိ ပါဝါပြတ်တောက်မှုတွေကို ခံရနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါတင်မဟုတ်သေးဘဲ စွမ်းအင်ဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ လျှပ်စစ်သုံးစွဲမှုနှုန်းက ၂၀၂၁ မှာ ယခင်ထက် ၈ ရာခိုင်နှုန်းခန့် ပိုမိုများပြားနေပြီးတော့ အောက်တိုဘာလထဲက မီးပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာဖြစ်တယ်လို့ သိရပါတယ်။
အခုလိုမျိုး လျှပ်စစ်စွမ်းအင်စားသုံးမှု များပြားနေတာကို သက်ဆိုင်ရာအစိုးရကတော့ အိမ်တွေမှာ တရားမဝင် Mining ပြုလုပ်သူတွေကြောင့်လို့ စွပ်စွဲခဲ့ပြီး နောက်ပိုင်းမှာ စစ်ဆေးတာတွေ၊ ခွင့်ပြုထားတဲ့ Miner တွေကို ငွေကြေးတိုးမြှင့်ကောက်ခံတာတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Ref – Engadget
The post Cryptocurrency Mining ကြောင့် မီးပြတ်တောက်မှုဖြစ်နေတဲ့ Kazakhstan နိုင်ငံ appeared first on MyTech Myanmar.
Comments
Post a Comment