Samsung က ကားတွေအတွက် ပထမဆုံး 5G Modem ကို ကြေညာ

Samsung က ကားတွေမှာ 5G ကွန်ရက်ကို ချိတ်ဆက်နိုင်ပြီး Download အမြန်နှုန်း 5.1Gbps အထိ ရရှိနိုင်တဲ့ Modem အသစ်ကို ကြေညာလိုက်ပါတယ်။ Exynos Auto T5123 လို့ နာမည်ပေးထားပြီး အမြောက်အများ ထုတ်လုပ်နေပါပြီ။

Samsung unveils the first 5G modem for cars, plus a chipset for in-vehicle infotainment

Exynos Auto T5123 ဟာ Modem ၁ ခုထက် စွမ်းဆောင်ရည် ပိုမြင့်မားတယ်လို့ ပြောနိုင်ပါတယ်။ Modem မှာ Cortex-A55 Cores CPU ၂ ခု တပ်ဆင်ထားပြီး Navigation အတွက် ဂြိုလ်တု အခြေပြု တည်နေရာ ဒေတာတွေကို ထောက်ပံ့ပါတယ်။

Samsung unveils the first 5G modem for cars, plus a chipset for in-vehicle infotainment

Exynos Auto T5123 က ဆက်သွယ်မှုနဲ့ တည်နေရာ လမ်းညွှန်မှုအတွက် ကိုင်တွယ်နိုင်ပြီး Exynos Auto V7 Chipset (8nm) က Infotainment System အတွက် ဦးနှောက်လို့ တင်စားရမှာ ဖြစ်ပါတယ်။ 32GB LPDDR4x RAM (68.3 GB/s) အထိ ထည့်သွင်းနိုင်ပါတယ်။

GPU ကို ၂ ပိုင်းခွဲထားပြီး Core ၈ ခုဟာ Dashboard က ပင်မ မျက်နှာပြင်အတွက် ဂရပ်ဖစ်တွေ ပြသပေးနိုင်ပါတယ်။ ကျန်တဲ့ Core ၃ ခုက AR Heads-up Display တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ Chipset က မျက်နှာပြင် ၄ ခုအထိ ထောက်ပံ့ပေးနိုင်ပြီး Audio Processor ၃ ခု ထည့်သွင်းထားပါတယ်။ AI Application တွေအတွက် NPU ၁ ခု တပ်ဆင်ထားပြီး Face နဲ့ Gesture Recognition တွေကို ထောက်ပံ့ပါတယ်။ ယာဉ်မောင်းသူက အသံအမိန့်တွေကို အသုံးပြုနိုင်ပါတယ်။

V7 က Surround View နဲ့ ကားပါကင်ထိုးတာလို လုပ်ဆောင်ချက်တွေကို ထောက်ပံ့ဖို့အတွက် ကင်မရာ ၁၂ လုံးအထိကို ကိုင်တွယ်နိုင်ပါတယ်။ Exynos Auto V7 ကို နောက်မျိုးဆက် ကားတွေရဲ့ Infotainment System တွေမှာ ထည့်သွင်းထားမှာ ဖြစ်ပြီး အဲဒီကားတွေထဲမှာ Volkswagen ရဲ့ နောက်ဆုံးထုတ် In-car Application Server (ICAS) Version 3.1 ပါဝင်ပါတယ်။

Ref : gsmarena

The post Samsung က ကားတွေအတွက် ပထမဆုံး 5G Modem ကို ကြေညာ appeared first on MyTech Myanmar.

Comments