အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ ကုမ္ပဏီကနေ မထွက်ခွာသွားအောင် ဆီလီကွန်တောင်ကြားက နည်းပညာ ကုမ္ပဏီကြီးတွေ မက်လုံးပေး စွဲဆောင်နေကြပါတယ်။ အဲဒီအထဲမှာ Apple လည်း ပါဝင်လာပြီး အရင် မပေးခဲ့ဖူးတဲ့ များပြားတဲ့ Stock Bonus တွေကို ဝန်ထမ်းတချို့အား ပေးလိုက်ပါတယ်။
Bloomberg က Apple ဟာ Meta (Facebook) လို ပြိုင်ဖက် ကုမ္ပဏီတွေကို မထွက်ခွာသွားအောင် အင်ဂျင်နီယာတချို့ကို များပြားတဲ့ Bonus တွေ ပေးနေတယ်လို့ ပြောပါတယ်။ Silicon Design , Hardware နဲ့ Software Development က အင်ဂျင်နီယာ တချို့ကို Apple ဟာ ဒေါ်လာ ၅၀,၀၀၀ ကနေ ၁၈၀,၀၀၀ တန်ကြေးရှိတဲ့ Stock Bonus တွေ ပေးနေပါတယ်။
အင်ဂျင်နီယာ အများစုဟာ ဒေါ်လာ ၈၀,၀၀၀ ကနေ ၁၂၀,၀၀၀ ကြားတန်ကြေးရှိတဲ့ Stock တွေ ရကြပါတယ်။ Bloomberg က အခု Bonus ဟာ အခြေခံ လစာ၊ Stock နဲ့ ငွေသား Bonus တွေ ပါဝင်တဲ့ အငြိမ်းစားလစာနဲ့ မသက်ဆိုင်ဘူးလို့ ပြောပါတယ်။ Apple ဟာ တခါတလေ ဝန်ထမ်းတွေကို ငွေသား Bonus တွေ ပေးလေ့ရှိပေမယ့် အခုလို ပမာဏများတဲ့ Stock Bonus တွေ ပေးလေ့ မရှိပါဘူး။
Apple က အခု Bonus ဟာ စွမ်းရည်မြင့်မားတဲ့ အင်ဂျင်နီယာတွေကို ပေးတာလို့ မန်နေဂျာတွေကို အသိပေးထားပါတယ်။ Apple ရဲ့ ဝန်ထမ်း ၁၀၀ ကျော်ဟာ ပြီးခဲ့တဲ့ လအနည်းငယ်က Meta ကို ပြောင်းသွားခဲ့တဲ့အတွက် Apple ဟာ အခုလို Bonus တွေနဲ့ ဝန်ထမ်းတွေကို မက်လုံးပေး စွဲဆောင်တာ ဖြစ်နိုင်ပါတယ်။
Ref : gizmochina
The post Apple က ဝန်ထမ်းတွေ Meta ကို မထွက်ခွာသွားအောင် ဒေါ်လာ ၁၈၀,၀၀၀ တန် Bonus တွေ ပေးနေ appeared first on MyTech Myanmar.
Comments
Post a Comment