ဒစ်ဂျစ်တယ် ငွေကြေး အရောင်းအဝယ်ပြုလုပ်တဲ့ Genesis က NFT or Non-fungible Token ကို အပေါင် ပစ္စည်း အဖြစ် လက်ခံလိုက်ပါတယ်။ ဒစ်ဂျစ်တယ် အနုပညာလက်ရာ ပစ္စည်း ဈေးကွက်ဟာ အရမ်းကို လူကြိုက်များလာတဲ့အတွက် အခုလို ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။
Genesis ဟာ NFT က ထောက်ပံ့တဲ့ ငွေကြေးဆိုင်ရာ ထုတ်ကုန်တွေကို ဖန်တီးခြင်းဖြင့် ရေပန်းအစားဆုံးဖြစ်လာတဲ့ ဒစ်ဂျစ်တယ် ငွေကြေး နယ်ပယ်ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ NFT ဟာ ဒစ်ဂျစ်တယ် Collectible အမျိုးအစား ၁ ခု ဖြစ်ပြီး Blockchain မှာ အရောင်းအဝယ် ပြုလုပ်နိုင်ပါတယ်။
Genesis မှ အကြီးအကဲ ၁ ယောက် ဖြစ်တဲ့ Joshua Lim က NFT ကို လူတိုင်းနီးပါးရဲ့ ပါးစပ်ဖျားမှာ ပြောဆိုနေကြပြီလို့ သုံးသပ်ပါတယ်။
NFT ဈေးကွက်ဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၄၀ ဘီလီယမ် ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာလည်း ရောင်းအား ဆက်လက် ကောင်းနေမယ်လို့ ခန့်မှန်းထားကြပါတယ်။ အားကစားနဲ့ ပတ်သက်တဲ့ ဒစ်ဂျစ်တယ် Collectible ရောင်းအားဟာ ဒီနှစ်ထဲမှာ ဒေါ်လာ ၂ ဘီလီယမ် ရှိလာနိုင်တယ်လို့ တွက်ချက်ထားကြပါတယ်။
NFT ဟာ ဒစ်ဂျစ်တယ် ပစ္စည်း နယ်ပယ်မှာ ရေပန်းအစားဆုံးထဲက ၁ ခု ဖြစ်လာတယ်လို့ ဒစ်ဂျစ်တယ် ငွေကြေး သုတေသန အဖွဲ့အစည်း Kraken က ပြောပါတယ်။ အားကစား၊ ဝိုင်၊ အနုပညာနဲ့ ဖက်ရှင် နယ်ပယ်မှ နာမည်ကြီး Brand တွေဟာ ပြီးခဲ့တဲ့ လတွေအတွင်းမှာ NFT တွေကို ဖန်တီးလာကြပါတယ်။
Ref : ft.com
The post Crypto အရောင်းအဝယ် ပြုလုပ်တဲ့ Genesis က NFT ကို အပေါင်ပစ္စည်း အဖြစ်လက်ခံ appeared first on MyTech Myanmar.
Comments
Post a Comment