ဒေါ်လာ ၃၀၀ ကနေ စတင်ရောင်းချသွားမယ့် 2022 iPhone SE

Apple ဟာ လာမယ့် မတ်လအတွင်းမှာ iPhone SE အသစ်ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ယခင်တုန်းကတော့ iPhone SE 2022 ဟာ Face ID ပါဝင်လာမှာဖြစ်သလို Design ပိုင်းမှာလည်း ပြောင်းလဲသွားမယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Apple iPhone SE (2022) Model ဟာ ပြီးခဲ့တဲ့ iPhone SE (2020) Model နဲ့ Design ပိုင်း အတူတူပဲဖြစ်လာမှာ သေချာသလောက်ဖြစ်နေပြီဖြစ်ပါတယ်။ ဒါကြောင့် iPhone SE (2022) ဟာ iPhone 8 ရဲ့ Body Chassis ကိုပဲ အခြေခံပြီး အသုံးပြုလာမှာပါ။

ဒါက Design ပိုင်းအရ အားနည်းတယ်ဆိုပေမယ့် Performance ပိုင်းမှာတော့ iPhone SE (2022) ဟာ A15 Bionic Chip ကို အသုံးပြုထားမှာဖြစ်တာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ အကောင်းဆုံး Flagship ဖုန်းတွေနဲ့ ပြိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ iPhone SE (2022) ဟာ 5G Network ကိုပါ အသုံးပြုနိုင်မှာပါ။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတစ်ခုအရတော့ iPhone SE (2022) ဟာ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၃၀၀ ကနေ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ ဒါက ယခင် iPhone SE (2020) ဖုန်းရဲ့ စျေးနှုန်းဖြစ်တဲ့ $399 ထက် ဒေါ်လာ ၁၀၀ ဝန်းကျင်ပိုသက်သာမှာဖြစ်ပါတယ်။ ဒါက စွမ်းဆောင်ရည်အကောင်းဆုံး iPhone ကို စျေးနှုန်းအသက်သာဆုံးနဲ့ ရရှိစေမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် iPhone SE (2022) ဟာ တကယ်တမ်း ဒေါ်လာ ၃၀၀ (မြန်မာငွေ ၆ သိန်းဝန်းကျင်) နဲ့ ရောင်းချသွားမယ်ဆိုရင် စျေးကွက်အတွင်းမှာ အောင်မြင်တဲ့ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena

The post ဒေါ်လာ ၃၀၀ ကနေ စတင်ရောင်းချသွားမယ့် 2022 iPhone SE appeared first on MyTech Myanmar.

Comments