စွမ်းရည်သင့် Dimensity 900 Chipset ပါတဲ့ OPPO Find X5 Lite ကို ကြေညာ

OPPO က Find X5 နဲ့ Find X5 Pro တို့ အပြင် တန်ဖိုးနည်း စွမ်းရည်နိမ့် Find X5 Lite ကိုပါ ကြေညာလိုက်ပါတယ်။ Find X5 Lite မှာ ၆.၄၃ လက်မ 1080x2400p မျက်နှာပြင် တပ်ဆင်ထားပြီး HDR10+ Support ပါပါတယ်။ ဒါပေမယ့် Refresh Rate က 90Hz ပဲ ပါလာတာက စွမ်းရည် မမြင့်မားဘူးလို့ ပြောနိုင်ပြီး Touch Sampling Rate က 180Hz ဖြစ်ပါတယ်။ မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး IP Rating မပါပါဘူး။

Oppo unveils Find X5 Lite with Dimensity 900 chip, Enco X2 with improved ANC

စွမ်းရည်သင့် Dimensity 900 Chipset မောင်းနှင်ထားပြီး 8GB LPDDR4X RAM နဲ့ 256GB UFS 2.2 Storage ထည့်သွင်းထားပါတယ်။ microSD Card စိုက်နိုင်ပြီး နားကြပ်ပေါက် ပါပါတယ်။ Android 12 အခြေပြု ColorOS 12.1 မောင်းနှင်ထားပြီး 5GB Virtual RAM ထည့်နိုင်တဲ့ လုပ်ဆောင်ချက်က မိုက်ပါတယ်။

Oppo unveils Find X5 Lite with Dimensity 900 chip, Enco X2 with improved ANC

Find X5 Lite ရဲ့ ကင်မရာတွေအကြောင်း  ပြောရရင် 64MP Main , 8MP Ultrawide ,  2MP Macro ကင်မရာ ၃ လုံးကို အနောက်ဘက်နဲ့ 32MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ Main ကင်မရာဟာ 4K 30fps ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပြီး MariSilicon X Chip မပါတဲ့အတွက် 4K Ultra Night Mode ရိုက်ကူးလို့ မရပါဘူး။

Oppo unveils Find X5 Lite with Dimensity 900 chip, Enco X2 with improved ANC

4,500mAh ဘက်ထရီ တပ်ဆင်ထားပြီး 65W Fast Charging က ၃၁ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ ၅ မိနစ်အားသွင်းရင် ၂ နာရီ ဂိမ်း ကစားနိုင်တာက တော်တော် မိုက်ပြီး ကြိုးမဲ့အားသွင်းနည်းပညာတော့ မပါလာပါဘူး။ OPPO Find X5 Lite ကို ယူရို ၄၈၀ သတ်မှတ်ထားပြီး မြန်မာငွေ ၉၆၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

Oppo unveils Find X5 Lite with Dimensity 900 chip, Enco X2 with improved ANC

Ref : gsmarena

The post စွမ်းရည်သင့် Dimensity 900 Chipset ပါတဲ့ OPPO Find X5 Lite ကို ကြေညာ appeared first on MyTech Myanmar.

Comments