MWC မှာမမိတ်ဆက်ခင် Teaser ပုံတွေထုတ်ပြလိုက်တဲ့ Poco M4 Pro

Xiaomi ဟာ လာမယ့် Mobile World Congress (MWC) 2022 အတွက် Poco M4 Pro ဖုန်းသစ်တစ်လုံးကို မိတ်ဆက်ဖို့ရှိနေတာဖြစ်ပါတယ်။ တရားဝင်မိတ်ဆက်မယ့်အချိန်က ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှဖြစ်ပေမယ့် အခုအချိန်မှာတော့ Teaser ဓါတ်ပုံတွေကို ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Teaser ဓါတ်ပုံတွေအရ Poco M4 Pro စမတ်ဖုန်းဟာ 6.43″ AMOLED Display ကို အသုံးပြုလာမှာဖြစ်ပြီး Full HD+ Resolution ကိုမှ 90Hz Refresh Rate Support ပေးထားမှာဖြစ်ပါတယ်။ Brightness ပိုင်းမှာလည်း ကောင်းမွန်ပြီး 1000nits Peak Brightness အထိ ရောက်ရှိမှာဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ အခု Poco M4 Pro ဟာ Poco M Series စမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ AMOLED Panel ကို အသုံးပြုလာတာဖြစ်ပါတယ်။ ဒါကြောင့် Selfie Camera ကိုလည်း Punch-hole ပုံစံပြုလုပ်ထားတာကို တွေ့ရပါတယ်။

Poco M4 Pro ဖုန်းဟာ L1 Widevine Certification ရရှိထားမှာဖြစ်တဲ့အတွက် Netflix လိုမျိုး Streaming Service တွေမှာ Full HD Playback ကို Support ပေးထားနိုင်မှာဖြစ်ပါတယ်။ Entertainment ပိုင်းအတွက်လည်း Stereo Speaker ၊ Headphone Jack လိုမျိုး Feature တွေထည့်သွင်းလာမှာဖြစ်ပါတယ်။

Software ပိုင်းမှာလည်း Poco M4 Pro ဖုန်းဟာ ကြော်ငြာတွေပါဝင်ခြင်းမရှိဘဲ Simple နဲ့ Minimal UI တစ်ခုဖြစ်တဲ့ POCO Launcher 2.0 ကို အသုံးပြုလာမယ်လို့ ပြောကြားခဲ့တာကြောင့် ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကို ဆက်ပြီး စောင့်ကြည့်ရမှာပါ။

Ref – GSM Arena

The post MWC မှာမမိတ်ဆက်ခင် Teaser ပုံတွေထုတ်ပြလိုက်တဲ့ Poco M4 Pro appeared first on MyTech Myanmar.

Comments