Nelson Mandela ရဲ့ ပန်းချီကားတွေကို NFT အနေနဲ့ ရောင်းမည်

ကမ္ဘာ့ အထင်ကရ ပုဂ္ဂိုလ် Nelson Mandela ရဲ့ ရေဆေး ပန်းချီကားတွေကို NFT အနေနဲ့ ပထမဆုံး အကြိမ် ရောင်းချတော့မှာ ဖြစ်ပြီး “My Robben Island” NFT လို့ အမည်ပေးထားပါတယ်။ မတ်လ ၉ ရက်နေ့မှာ NFT ပလက်ဖောင်း Nifty Gateway ကနေ ရောင်းချမှာ ဖြစ်ပြီး NFT ၁ ခုကို ၆၉၉ ဒေါ်လာနဲ့ Set ၁ ခုလုံးကို ၃,၄၉၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ လူကြိုက်များရင် များသလို အဲဒီ NFT Edition ကို အခုရေ ၁၀,၀၀၀ အထိ တိုးချဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ Nelson Mandela ရဲ့ အကြီးဆုံး သမီး ဖြစ်သူ Makaziwe Mandela နဲ့ Bonhams တို့ ပူးပေါင်းရောင်းချတဲ့ အစီအစဉ် ဖြစ်ပါတယ်။

Robben Island Cell painted by Nelson Mandela.

Bonhams ဒါရိုက်တာ Giles Peppiatt က “ Nelson Mandela ဟာ တစ်ကမ္ဘာလုံးက လူသား သန်းပေါင်းများစွာ လေးစားအားကျခဲ့ပြီး ကြီးမားတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ အထင်ကရ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ Bonhams ဟာ အရင်ကလည်း သူ့ရဲ့ အနုပညာလက်ရာတွေကို ရောင်းချခဲ့ဖူးပြီး အခုတော့ အနုပညာလက်ရာ စုဆောင်းသူတွေနဲ့ သူ့ကို ချစ်ခင်လေးစားသူတွေအတွက် NFT Edition တွေကို ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Makaziwe Mandela က “ ကျွန်မ ဖခင်ရဲ့ အနုပညာလက်ရာတွေကို NFT အနေနဲ့ ရောင်းချဖို့ Bonhams , Nifty Gateway တို့နဲ့ ပူးပေါင်းရတာ အရမ်းကို ဝမ်းသာပါတယ်။ NFT တွေဟာ အနုပညာလက်ရာတွေကို လွတ်လပ်စွာ ဖော်ပြနိုင်တဲ့ နည်းလမ်း ဖြစ်ပြီး ကျွန်မ ဖခင်ရဲ့ အမွေအနှစ်တွေကို ပုံစံ အသစ်နဲ့ တင်ဆက်ပြသရမှာ ပျော်ရွှင်ကျေနပ်မိပါတယ်။ “ လို့ ပြောပါတယ်။

Nelson Mandela ဟာ ၁၉၉၉ ခုနှစ် ဇွန်လမှာ တောင်အာဖရိက သမ္မတ ရာထူးကနေ အနားယူခဲ့ပါတယ်။ အဲဒီနောက်မှာ သူဟာ ရောဂါ ကုထုံး အနေနဲ့ အနုပညာတွေကို စတင် ဖန်တီးခဲ့ပြီး Robben Island မှာ အကျဉ်းကျခံနေရချိန်ကို ထင်ဟပ်ပြသထားတဲ့ ရေဆေး ပန်းချီကားတွေကို ဖန်တီးခဲ့ပါတယ်။

Ref : bonhams

The post Nelson Mandela ရဲ့ ပန်းချီကားတွေကို NFT အနေနဲ့ ရောင်းမည် appeared first on MyTech Myanmar.

Comments