OnePlus ဖုန်းအနေနဲ့ ပြောင်းလဲမိတ်ဆက်နိုင်တဲ့ realme V25

realme ဟာ လာမယ့် မတ်လ ၃ ရက်နေ့ကြရင် တရုတ်နိုင်ငံအတွင်းမှာ realme V25 စမတ်ဖုန်းကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ realme ကိုယ်တိုင်ကလည်း ယခု realme V25 ဖုန်းရဲ့ Design ကို တရားဝင် Teaser ပုံတွေနဲ့ ပြသထားပြီးပြီဖြစ်ပါတယ်။

ဒါပေမယ့် အားနည်းချက်အနေနဲ့ကတော့ အဆိုပါ realme V25 စမတ်ဖုန်းဟာ Global Version အနေနဲ့ ထွက်ရှိမှာမဟုတ်ဘဲ တရုတ်နိုင်ငံတွင်းမှာပဲ ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ အဆိုပါ realme V25 ဖုန်းကို Global စျေးကွက်အတွက် OnePlus ဖုန်းအနေနဲ့ Rebrand ပြုလုပ်ပြီး မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့သိရပါတယ်။

ဒါပေမယ့်လည်း အဆိုပါသတင်းဟာ မသေချာသေးဘဲ realme V25 ဖုန်းရဲ့ Specification တွေဟာ realme 9 Pro နဲ့ ဆင်တူနေတာကြောင့် realme 9 Pro အနေနဲ့လည်း မိတ်ဆက်သွားနိုင်ပါတယ်။ တချို့ကလည်း OnePlus Nord CE 2 အနေနဲ့ Global စျေးကွက်မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

OnePlus Nord CE 2 စမတ်ဖုန်းဟာ Specification ပေါက်ကြားမှုတွေအရ realme V25 လိုမျိုးပဲ Qualcomm Snapdragon 695 Chipset ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ Display အနေနဲ့ကတော့ 6.58″ 120Hz IPS LCD Display ၊ RAM 6/8GB နဲ့ 64/128GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ 64MP + 2MP + 2MP Back Camera Setup နဲ့ 16MP Selfie Camera တွေကို အသုံးပြုထားပြီး 33W Fast Charging ပါဝင်တဲ့ 5000mAh Battery လည်းထည့်သွင်းပေးထားပါတယ်။

Ref – Gizmo China

The post OnePlus ဖုန်းအနေနဲ့ ပြောင်းလဲမိတ်ဆက်နိုင်တဲ့ realme V25 appeared first on MyTech Myanmar.

Comments