တရုတ်နိုင်ငံမှာ Xiaomi 12 Lite ဖုန်းကို မိတ်ဆက်ဖို့မရှိဘူးလို့ အတည်ပြုလိုက်ပြီ

Xiaomi ဟာ Xiaomi 12 Series ဖုန်းတွေထဲမှာ Xiaomi 12 Lite နဲ့ Xiaomi 12 Lite Zoom ကို မိတ်ဆက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အဆိုပါ ဖုန်းတွေဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာထဲက စတင်ပြီး သတင်းတွေထွက်ပေါ်နေတာပါ။

အခုအချိန်မှာတော့ အဆိုပါ Xiaomi 12 Lite ဖုန်းနဲ့ 12 Lite Zoom ဖုန်းတွေနဲ့ပတ်သက်ပြီး သတင်းတစ်ခုထပ်မံထွက်ရှိလာပါပြီ။ ဒါကတော့ အဆိုပါ Xiaomi 12 Lite Series ဖုန်းတွေထဲက တစ်လုံးကိုပဲ China စျေးကွက်မှာ မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။

ယခုသတင်းကို Xiaomi Civi Senior Product Manager ဖြစ်တဲ့ Xinxin_Mia ကနေ Weibo စာမျက်နှာမှာပြောကြားခဲ့တာဖြစ်ပါတယ်။ ယခု တရုတ်နိုင်ငံစျေးကွက်အတွက် မိတ်ဆက်ဖို့ Cancel လိုက်တဲ့ ဖုန်းကတော့ Xiaomi 12 Lite ဖြစ်ပြီး မိတ်ဆက်ဖို့စီစဥ်ထားပြီးဖြစ်ပေမယ့် အခုအချိန်မှာတော့ အစီအစဥ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် Xiaomi ဟာ Xiaomi 12 Lite စမတ်ဖုန်းကို Global Version အနေနဲ့ပဲ သီးသန့်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် Xiaomi 12 Lite Zoom ဖုန်းကိုတော့ တရုတ်နိုင်ငံမှာ မိတ်ဆက်နိုင်ခြေရှိနေပါသေးတယ်။ Xiaomi ဘက်ကတော့ တရားဝင်အတည်ပြုပြောကြားခဲ့ခြင်းမရှိပါဘူး။

Xiaomi 12 Lite စမတ်ဖုန်းဟာ 6.55″ Full HD AMOLED Display ကိုအသုံးပြုလာမှာဖြစ်ပြီး 120Hz Refresh Rate အပြင် In-Display Fingerprint Sensor လည်းပါဝင်မှာဖြစ်ပါတယ်။ Performance ပိုင်းမှာတော့ Qualcomm Snapdragon 778 သို့မဟုတ် တခြားသော Snapdragon 7 Series Chipset ကို အသုံးပြုလာမှာပါ။ Camera ပိုင်းမှာတော့ 64MP Samsung ISOCELL GW3 Sensor ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

Ref – Gizmo China

The post တရုတ်နိုင်ငံမှာ Xiaomi 12 Lite ဖုန်းကို မိတ်ဆက်ဖို့မရှိဘူးလို့ အတည်ပြုလိုက်ပြီ appeared first on MyTech Myanmar.

Comments