သဘာဝဘောင်သတ်မှတ်ချက်များမှ ခွဲထွက်နေသော ခေတ်သစ်ဓါတ်ပုံနည်းပညာများနှင့် HUAWEI P50 Pro

Huawei Consumer Business Group (မြန်မာ)မှ Huawei ၏ အထင်ကရ စမတ်ဖုန်းလိုင်းတစ်ခုဖြစ်သော P Series ၏ နောက်ဆုံးထုတ်ကုန်ဖြစ်သည့် HUAWEI P50 Pro အားမြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့သည်။ P Series တိုင်းတွင် Huawei ၏ အကောင်းဆုံး ဓါတ်ပုံနည်းပညာပါလာစမြဲဖြစ်ပြီး P Serie တစ်ခုစီတိုင်းသည် Huawei ၏ခေတ်အမှီဆုံးနည်းပညာနှင့် အကောင်းဆုံးဓါတ်ပုံနည်းပညာကို ကိုယ်စားပြုထားသည်။ အသစ်တစ်ဖန်ထွက်ရှိ လာသည့် HUAWEI P50 Pro သည် မွမ်းမံပြောင်းလဲထားသော HUAWEI XD Optics၊ လက်တွေ့ဆန်ပြီး သစ်လွင်သော ကင်မရာပိုင်းအတွေ့အကြုံတို့နှင့်အတူ high-end photography ၏အနှစ်သာရအနေဖြင့် ပြန်လည်ထွက်ပေါ် လာခြင်းဖြစ်သည်။

Dual-Matrix Camera System တွင် ခေတ်ရှေ့ပြေးနည်းပညာဖြစ်သည့် HUAWEI XD Optics နှင့် XD Fusion Pro Image Engine တို့ပေါင်းစပ်ဖွဲ့စည်းထားသည့်အတွက် True-Chroma ရိုက်ချက်များ၊ ကြည်လင်ပြတ်သားသော ပုံရိပ်များ၊ မှန်ကန်သည့်အလင်းအမှောင် ကာလာအချိုးတို့အပြင် လျှပ်တစ်ပျက်ရိုက်သည့် ရိုက်ချက်များတွင်လည်း ပိုမိုကောင်းမွန်တိုးတက်လာသည်ကိုတွေ့ကြုံရမည်ဖြစ်သည်။ ထို့ပြင်ကင်မရာဒီဇိုင်းအား အလွန်ကောင်းမွန်သည့်လုပ်ဆောင်ချက်နှင့် ဒီဇိုင်းတို့တွဲဖက်ညီစွာဖြင့် တစ်မူထူးခြားသည့် စက်ဝိုင်းနှစ်ခုပုံစံ ဖန်တီးထားသည်။ HUAWEI P50 Pro တွင် နောက်ဆုံးပေါ် EMUI 12 ထည့်သွင်းပေးထားသည့်အတွက် အသုံးပြုသူများအနေဖြင့် အကောင်းဆုံးအတွေ့အကြုံများကို ခံစားမည်ဖြစ်သည်။

HUAWEI P9 အား dual camera design ဖြင့် စတင်မိတ်ဆက်သည့်အချိန်မှစ၍ HUAWEI P series များသည် အနုပညာနှင့် ဓါတ်ပုံပညာတို့ကို ပေါင်းစပ်ကာ အမြဲတမ်း အကောင်းဆုံးဖန်တီးထားခြင်းဖြစ်သည်။ ယခုအခါတွင်လည်း HUAWEI P50 Pro အား Dual-Matric Camera ဒီဇိုင်းအသစ်ဖြင့် မိတ်ဆက်ထားပြီး ၎င်း၏စက်ဝိုင်းနှစ်ခုပုံစံ ကင်မရာဒီဇိုင်းသည် စမတ်ဖုန်းကင်မရာများ၏ အဆုံးမရှိသော ဖန်တီးနိုင်စွမ်းကို ကိုယ်စားပြုခြင်းဖြစ်သည်။

HUAWEI P Series များ၏ တစ်မူထူးခြားသည့် ကာလာပေါင်းစပ်မှုကြောင့် HUAWEI သည် ဒီဇိုင်းပိုင်းနှင့် ထုတ်လုပ်မှုပိုင်းတွင် ဦးဆောင်နေခြင်းဖြစ်သည်။ HUAWEI P50 Pro အားအရောင်အားဖြင့် ပရီမီယမ်ဆန်သည့် Cocoa Gold (ရွှေရောင်) နှင့် Golden Black (အနက်‌ရောင်)ဟူ၍နှစ်မျိုးထုတ်လုပ်ထားသည်။

HUAWEI P50 Pro သည် သေးသွယ်ပါးလွှာပြီး ပေါ့ပါးသော်လည်း ပိုမိုကျယ်ပြန့်သောမျက်နှာပြင်နှင့် ကြီးမားသော ဘက်ထရီတို့ ပါရှိသည်။ လက်ထဲတွင်သက်တောင့်သက်သာ ဖြစ်စေရန် ဒီဇိုင်းပြုလုပ်ထားပြီး အနားသတ်များအား ကိုင်တွယ်ရလွယ်ကူစေရန် ဖန်တီးထားသည်။ HUAWEI P50 Pro ၏ Display သည် 3D curved Glass Display ဖြစ်ပြီး display အလယ်တွင် Punch hole front camera လေးတစ်ခုထည့်ထားသည့်အတွက် သိသာမနေဘဲ Display ကြားထဲတွင်မြုပ်နေပြီး ပိုကျယ်သည့် Display ကိုမြင်တွေ့ရမည် ဖြစ်သည်။ တိကျပြတ်သားပြီး အရောင်ထွက်မှန်ကန်စေရန် P3 wide colour gamut ကိုအထောက်အပံ့ပေးပြီး အရောင်အသွေးစုံလင်သောပတ်ဝန်းကျင်အလှတရားများကို ‌ဖော်ပြနိုင်သည့် HDR အတွေ့အကြုံအပြင် 1.07 billion အထိအ‌ရောင်များကို ကြည့်ရှုနိုင်ရန် အထောက်အပံ့ပေးသည်။ Refresh rate 120Hz နှင့် touch sampling rate 300Hz ထိရှိသည့်အတွက် အသုံးပြုရာတွင်လျင်မြန်ချောမွေ့မှုကို ခံစားရမည်ဖြစ်သည်။ HUAWEI P50 Pro သည် ဖုန်နှင့် ရေစိုခံနိုင်မှု IP68 ရှိပြီး Dual stereo speakers များပါရှိသည်။

HUAWEI P9 Series ၏ Multi-camera မှသည် HUAWEI P10 Series ၏ Portrait camera၊ ထိုမှသည် HUAWEI P20 Series ၏ ရှေ့ဆောင် AI ဓါတ်ပုံနည်းပညာစသည်ဖြင့် HUAWEI P Series များသည် ဓါတ်ပုံပညာမှတစ်ဆင့် လှပသော အခိုက်အတန့်လေးများကို မှတ်တမ်းတင်နိုင်စေရန် ကူညီပေးသည်။ P40 Series ၏ HUAWEI Computational Photography ခေတ်မစတင်မှီ HUAWEI P30 Series မှ ခေတ်ရှေ့ပြေး Periscope zoom ကိုမိတ်ဆက်ခဲ့သည်။ ယခု HUAWEI P50 Pro သည်လည်းထပ်မံ၍ ခေတ်ရှေ့ပြေး စမတ်ဖုန်းဓါတ်ပုံနည်းပညာကိုမိတ်ဆက်ခဲ့သည်။

HUAWEI P50 Pro ၏ Dual-Matrix Camera စနစ်မှ လက်တွေ့ပတ်ဝန်းကျင်နှင့်တစ်ထပ်တည်းကျကာကြည်လင်ပြတ်သားပြီး ကာလာအချိုးအစားမှန်သည့် အကောင်းဆုံးပုံရိပ်များကို ရရှိစေသည့်အပြင် 10-channel multi-spectrum sensor၊ HUAWEI XD Optics၊ XD Fusion Pro Engine နှင့် Lenses အမျိုးအစားပေါင်းများစွာအား ထိန်းညှိပေးနိုင်သည်။

အသစ်ပါရှိသော HUAWEI XD Optics သည် အကောင်းဆုံးသောပုံရိပ်များကိုဖန်တီးပေးနိုင်ပြီး Optical imaging system တွင် optical errorများအား ကွန်ပျုတာနည်းပညာဖြင့် အသေးစိတ်ပြန်လည် ပြင်ဆင်ပေးနိုင်သည့် ပထမဆုံး Image signal restoration system ထည့်သွင်းထားသည်။ (ဤစနစ်ထည့်သွင်းထားခြင်းဖြင့် Image signal ၏ 25% နီးပါးပြန်လည်ရယူရာတွင် Optical Design ကန့်သတ်ချက်များထက်ကျော်လွန်နေမှာဖြစ်သည်။)

HUAWEI သည် တိကျပြတ်သားဆုံးသော ဓါတ်ပုံနည်းပညာဖြစ်သည့် XD Fusion Image Engine အား HUAWEI P40 Series ဖြင့် မိတ်ဆက်ခဲ့ပြီး ယခု HUAWEI P50 Pro တွင် အသေးစိတ်ကျမှုများ၊ အရောင်နှင့် ကာလာအချိုးအစပ်ညီမှုတို့အား ပိုမိုတိုးတက်လာစေရန် Super Colour Filter System၊ True-Chroma Image Engine နှင့် Super HDR Technology တို့ပါဝင်သည့် XD Fusion Pro အား ဖန်တီးမိတ်ဆက်ခဲ့သည်။

HUAWEI P50 Pro သည် အကောင်းဆုံးဓါတ်ပုံနှင့် ဗီဒီယိုများအား လွယ်ကူစွာ ဖန်တီးနိုင်ရန်ကူညီပေးသည့်အပြင် Zoom Range အနေဖြင့် အဆ ၂၀၀ ချဲ့နိုင်သည့်အတွက် အကွာအဝေးကို မှုစရာမလိုဘဲ မကြုံစဖူးသော ရိုက်ချက်များကိုရိုက်နိုင်မည်ဖြစ်သည်။ အနီးကပ်ရိုက်ချက်များမှာလည်း အသေးစိတ်ကျလှပြီး အဆ ၁၀၀ ချဲ့ရိုက်လျင်တောင်မှ ကြည်လင်ပြတ်သားသောပုံရိပ်များ ရရှိမည်ဖြစ်သည်။ Ultra-wide angle lens မှ မြင်ကွင်းကျယ်ရိုက်ချက်များအတွက် focal length 13mm ရှိပြီး အနီးဆုံး 2.5cm အထိရိုက်ကူးနိုင်သော Macro photography ကိုလည်း အထောက်အပံ့ပေးသည်။

True-Chroma Image Engine သည် မျက်လုံးနှင့်မြင်ရသည့်အတိုင်း အနီးစပ်ဆုံးအရောင်ကို ဖော်ပြနိုင်သည်။ ပတ်ဝန်းကျင်အလင်း အာရုံခံသည့်စနစ်သည် ပတ်ဝန်းကျင်အလင်းရောင် 50% နှင့် ပုံမှန်အရောင်အသွေးမှန်ကန်မှု 20% တိုးတက်စေရန် P3 wide colour gamut မှတစ်ဆင့် အရောင်ပေါင်း ၂၀၀၀ ကျော်ကို တွဲဖက်ပြသနိုင်သည့် 10-channel multi-spectrum sensor ကိုအသုံးပြုထားသည်။ ထို့ကြောင့်ပတ်ဝန်းကျင်ရှိသဘာဝအရောင်များနှင့် အတိကျဆုံးတူညီကာ ပိုမိုကွဲပြားစုံလင်သောအရောင်များ ရရှိမည်ဖြစ်သည်။

HUAWEI P50 Pro တွင် ပိုမိုကြည်လင်ပြတ်သားသောပုံရိပ်များရရှိစေရန် Main Camera ၏ အလင်းစုပ်ယူမှုပမာဏ 103% တိုးမြှင့်ထားကာ True-Chroma Camera (Colour)၊ True-Chroma Camera (Monochrome)တို့ဖြင့် Super Colour Filter System အသစ်ကိုတည်ဆောက်ထားသည်။ အလင်းရောင်အားနည်းသည့် အခါတွင်လည်း အသေးစိတ်တိကျပြီး လင်းသောပုံရိပ်များ ရရှိစေသည်။ လူအများစုပြီးဓါတ်ပုံရိုက်သည့်အခါတွင် တစ်ယောက်ချင်း Zoom ချဲ့ကြည့်လျင်တောင်မှ တစ်ယောက်ချင်းစီ၏ ကြည်လင်ပြတ်သားသော ပုံရိပ်များကိုမြင်တွေ့ရမည်ဖြစ်ပြီး Super HDR Technology ထည့်သွင်းထားသည့်အတွက် အလင်းအမှောင်ကာလာအချိုး 28% ပိုမိုကောင်းမွန်သည့် နောက်ခံအလင်းကိုရရှိစေကာ ညက်ညောပြီး ကြည်လင်လှပသည့် ပုံရိပ်များကိုရရှိစေမှာဖြစ်သည်။

HUAWEI P50 Pro သည် 4K video ရိုက်ကူးမှုကို အထောက်အပံ့ပေးပြီး AIS Pro Image stabilization solution ပါရှိသည့်အတွက် 4K time lapse mode အား လက်ဖြင့်ရိုက်လျင်တောင်မှ တည်ငြိမ်သည့်ပုံရိပ်များကိုလွယ်ကူစွာရိုက်ကူးနိုင်မည်ဖြစ်သည်။ AI Cinemagraph ထည့်သွင်းထားသည့်အတွက် သာမာန်လှုပ်ရှားမှုပုံရိပ်များအား တီထွင်ဖန်တီးကာရိုက်ကူးနိုင်မည်ဖြစ်သည်။ ဗီဒီယိုများကို Gallery တွင် “Edit” နှိပ်ပြီး Petal Clip Application မှတစ်ဆင့် ပြင်ဆင်နိုင်သည်။ Petal Clip Application တွင် templates၊ filters၊ special effects ပေါင်းများစွာအား အသုံးပြုကာ အကောင်းဆုံးသော ဗီဒီယိုများအား ဖန်တီးနိုင်သည်။

HUAWEI P50 Pro တွင် EMUI 12 ကိုထည့်သွင်းထားပြီး အနုစိတ်ကျကာ လက်တွေ့ဆန်သောပုံရိပ်များကို Display မှတစ်ဆင့် တွေ့မြင်နိုင်သည်။ UI တွင် အနက်ရောင်၊ အဖြူရောင်နှင့် အပြာရောင်စသည့် တည်ငြိမ်လှပသည့် အရောင်များကို အဓိကအရောင်များအဖြစ်အသုံးပြုထားသည်။ ထို့ပြင်EMUI 12 သည် Font-weight ထိန်းညှိမှုအား အထောက်အပံ့ပေးပြီး စိတ်ကြိုက် စာလုံးအရွယ်အစားကိုရွေးချယ်နိုင်သည်။

EMUI 12 တွင် တစ်ခုထက်ပိုသော Devices များအား အသုံးပြုရပိုမိုလွယ်ကူစေသော Control Panel ပါဝင်သည်။ HUAWEI P50 Pro တွင် ညာဘက်ထိပ်နားမှ အောက်သို့ဆွဲချပါက Control Panel ကိုဖွင့်နိုင်ပြီး ဤလုပ်ဆောင်ချက်သည် လက်ရှိဖုန်းတွင်အသုံးပြုနေသော လုပ်ဆောင်ချက်များအား အနှောက်အယှက်မဖြစ်စေဘဲ Wi-fi၊ Bluetooth setting များနှင့် သီချင်းနားထေားင်ခြင်းများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ Control Panel ရှိ Device+ မှလည်း အခြားသော Devices များနှင့် multi-device collaboration အား လွယ်ကူစွာ လုပ်ဆောင်နိုင်ရန် ကူညီပေးသည်။

HUAWEI P50 Pro ၏ Smart Features အနေဖြင့် စမတ်ဖုန်းအား PC များနှင့်ချိတ်ဆက်ကာ Flash Drive အဖြစ်အသုံးပြုနိုင်သည့် HUAWEI ၏ ကိုယ်ပိုင် Distributed technology ပါဝင်သည်။ HUAWEI P50 Pro ဖြင့် MeeTime calls များကို Smart TV သို့ ပြောင်းရွေ့ခေါ်ဆိုနိုင်ပြီး ပိုမိုကြီးမားသည့် Display၊ camera နှင့် Speakers များအားအသုံးပြုနိုင်သည်။ ထို့ပြင် MeeTime call မှာ HD voice နှင့် Videos calls များအား အထောက်အပံ့ပေးကာ ၁၂ ယောက်အထိချိတ်ဆက်ပြောနိုင်မည်ဖြစ်သည်။

EMUI 12 သည် အရင် Version များထက် Performance ပိုမိုကောင်းမွန်ပြီး စိတ်ချရသည့်အပြင် အသုံးပြုရာတွင် တုန့်ပြန်မှုမြန်ဆန်ကောင်းမွန်သည်။ HUAWEI P50 Pro အား ၃၆လကြာ အသုံးပြုပြီး Storage space အနည်းငယ်ပဲကျန်လျင်တောင်မှ Read-Write Speed ကောင်းနေမှာဖြစ်သည်။ Distributed security features ပါဝင်သည့်အတွက် တစ်ခုထက်ပိုသော Devices များအကြား Passwords နှင့် Facial Recognition တို့အားဖလှယ်နိုင်မည်ဖြစ်ပြီး Data များအားတစ်ဦးတည်းအသုံးပြုနိုင်ကာ လုံခြုံစိတ်ချနိုင်မည်ဖြစ်သည်။

Snapdragon 888 4G၊ 5nm flagship SoC ပါဝင်သည့် HUAWEI P50 Pro ကို RAM 8 GB + 256GB Storage အမျိုးအစားဖြင့်ရရှိမှာဖြစ်ပြီး ဈေးနှုန်းအားဖြင့် မြန်မာကျပ် 1,899,000 ဖြင့် မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်တော့မည်ဖြစ်သည်။

Press Release of HUAWEI

The post သဘာဝဘောင်သတ်မှတ်ချက်များမှ ခွဲထွက်နေသော ခေတ်သစ်ဓါတ်ပုံနည်းပညာများနှင့် HUAWEI P50 Pro appeared first on MyTech Myanmar.

Comments