iPhone 14 မှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ Periscope ကင်မရာ မပါလာနိုင်

Apple အရေး လေ့လာဆန်းစစ်ရာမှာ နာမည်ကြီးတဲ့ Ming-Chi Kuo က ဒီနှစ် ကြေညာမယ့် iPhone တွေမှာ မျက်နှာပြင်အောက် Touch ID နဲ့ Periscope ကင်မရာ မပါလာနိုင်ဘူးလို့ ဟောကိန်းထုတ်လိုက်ပါတယ်။ သူက Periscope ကင်မရာဟာ ၂၀၂၃ ခုနှစ်ကျမှ ပါလာနိုင်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာဟာ ၂၀၂၅ ခုနှစ်ကျမှ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။

iPhone 14 Pro: Everything We Know | MacRumors

အခုဆိုရင် ဧပြီလထဲ ဝင်လာပြီ ဖြစ်တဲ့အတွက် iPhone အသစ်တွေကို ကြေညာဖို့ ၅ လခွဲလောက်ပဲ လိုပါတော့တယ်။ iPhone 14 မှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ Periscope ကင်မရာ မပါလာဘူးဆိုတော့ ဘာတွေ ပါလာမလဲ ဆိုတာ လေ့လာကြည့်ရအောင်။ iPhone 14 မှာ Punch Hole ၂ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး ပင်မ ကင်မရာဟာ ပိုတိုးတက်လာမှာပါ။ ကိုယ်ထည်က ပိုထူလာပြီး Chipset အသစ် ထည့်သွင်းထားမှာပါ။

iPhone 14 enters engineering validation stage as periscope camera reportedly destined for iPhone 15 - 9to5Mac

အရင်က Kuo ဟာ iPhone 14 Pro 2 လုံးမှာပဲ နောက်မျိုးဆက် A16 Bionic Chipset ထည့်သွင်းထားမှာ ဖြစ်ပြီး iPhone 14 နဲ့ iPhone 14 Max မှာ A15 ပဲ ပါလာမယ်လို့ ပြောထားပါတယ်။

Pro မဟုတ်တဲ့ မော်ဒယ်တွေမှာ ProMotion Display မပါလာနိုင်ပါဘူး။ ( ProMotion Display ဆိုတာ 120Hz Adaptive Refresh Rate ကို ဆိုလိုတဲ့ Apple ရဲ့ အမည် ဖြစ်ပါတယ်။ ) အကြောင်းအရင်းကတော့ မျက်နှာပြင် ထုတ်လုပ်သူ BOE ဟာ Apple ရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တဲ့အတွက် Apple ဟာ အရည်အသွေးကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ရလို့ ဖြစ်ပါတယ်။

Ref : gsmarena

The post iPhone 14 မှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ Periscope ကင်မရာ မပါလာနိုင် appeared first on MyTech Myanmar.

Comments