OPPO F21 Pro Series ဖုန်းတွေကို လာမယ့် ဧပြီလ ၁၂ ရက်နေ့မှာ မိတ်ဆက်မယ်

OPPO ဟာ ပြီးခဲ့တဲ့မတ်လတုန်းက F19 Series ဖုန်းတွေကို မိတ်ဆက်ခဲ့သလို အခုလည်း လာမယ့် ဧပြီလ ၁၂ ရက်နေ့မှာ F21 Pro Series ဖုန်းတွေကို မိတ်ဆက်သွားတော့မယ်လို့ သိရပါတယ်။

အခုသတင်းကိုတော့ OPPO India ကနေ Twitter စာမျက်နှာမှာ ကြေညာခဲ့တာဖြစ်ပြီး တခြားသော Region တွေအနေနဲ့ကတော့ နောက်ပိုင်းမှပဲ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။ OPPO F21 Pro Series ဖြစ်တာကြောင့် လောလောဆယ် သတင်းထွက်ပေါ်နေတဲ့ F21 Pro 4G နဲ့ F21 Pro 5G ဖုန်းတွေအပြင် F21 Pro+ ဖုန်းကိုပါ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။

အဆိုပါ OPPO F21 Pro Series ဖုန်းတွေဟာ အဓိကအနေနဲ့ Design ပိုင်းကို အာရုံစိုက်ထားမှာဖြစ်ပြီး 4G နဲ့ 5G Version တွေဟာ ပုံမှန် Cosmic Black Color အပြင် Sunset Orange နဲ့ Rainbow Spectrum ဆိုပြီး Special Color တစ်မျိုးစီရရှိလာမှာဖြစ်ပါတယ်။ OPPO ရဲ့ ပြောကြားချက်အရတော့ F21 Pro 5G ရဲ့ Rainbow Spectrum အရောင်အတွက် Three-layer Texture အပြင် Two-layer Coating ဖြင့်ပြုလုပ်ခဲ့ရပြီး F21 Pro 4G အတွက် Sunset Orange ကိုလည်း ပထမဆုံးအနေနဲ့ Fiberglass–Leather Design ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

OPPO ရဲ့ပြောကြားချက်အရတော့ အဆိုပါ Leather အသားကို ရရှိဖို့အတွက် Base Material အနေနဲ့ Lychee-grain Leather ကို အခြေခံထားပြီး ရေစိုဒါဏ်အပြင် ထိခိုက်မှုဒါဏ်တွေကိုလည်း ခံနိုင်ရည်ရှိစေမှာဖြစ်ပါတယ်။

ကျန်တဲ့ Feature တွေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးပေမယ့် F21 Pro Series ဟာ 64MP Primary Sensor ကိုအသုံးပြုထားတဲ့ Triple Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။ OPPO ဟာ မကြာသေးခင်တုန်းကပဲ Snapdragon 680 Chipset ကိုအသုံးပြုထားတဲ့ Reno 7 4G ကို မိတ်ဆက်ခဲ့တာကြောင့် အခု F21 Pro Series ဟာလည်း အဆိုပါ Reno 7 Series နဲ့ Specification ပိုင်းဆင်တူနိုင်ပါတယ်။

Ref – GSM Arena

The post OPPO F21 Pro Series ဖုန်းတွေကို လာမယ့် ဧပြီလ ၁၂ ရက်နေ့မှာ မိတ်ဆက်မယ် appeared first on MyTech Myanmar.

Comments