“အားသွင်းမြန်ဆန် အသုံးခံ” သည့် OPPO A Series အသစ် OPPO A76 မြန်မာနိုင်ငံ ဈေးကွက်သို့ ရောက်ရှိ

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO မှ ခေတ်မီဒီဇိုင်းဖြင့် “အားသွင်းမြန်ဆန် အသုံးခံ” သော OPPO A Series အသစ် OPPO A76 နှင့် OPPO Enco Buds တို့ကို မတ်လ ၂၉ ရက်နေ့ တွင် OPPO ၏ Official Facebook Page မှ တိုက်ရိုက်ထုတ်လွှင့်သည့် Fast Flash Launch မှ တစ်ဆင့် မြန်မာနိုင်ငံ ဈေးကွက်သို့ စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ အားသွင်းမြန်ဆန်အသုံးခံသည့် OPPO A76 ကို မြန်မာနိုင်ငံဈေးကွက်တွင် မတ်လ ၃၀ ရက်နေ့မှ စတင်ကာ ၄၇၉,၉၀၀ ကျပ်ဖြင့် Glowing Blue နှင့် Glowing Black ဟူ၍ အရောင်နှစ်ရောင် ရွေးချယ် ဝယ်ယူနိုင်ပြီဖြစ်ပြီး OPPO Enco Buds ကို ၅၀,၀၀၀ ကျပ်ဖြင့် ‌ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာ လိုက်သည်။

OPPO A76 ကို ၂၉ရက် မတ်လ ၂၀၂၂ မှ ၂၉ရက် မတ်လ ၂၀၂၃ အထိ တစ်နှစ်တာကာလအတွင်း ဝယ်ယူအားပေးသော Customer များအနေဖြင့် MPT Top up တစ်လကို အနည်းဆုံး ၃,၀၀၀ ကျပ် ဖြည့်သွင်းပါက 1GB + 50 Min (On Net) ကို တစ်လတစ်ကြိမ် ခံစားခွင့် ရရှိမည်ဖြစ်ပြီး ခြောက်လအထိ (ခြောက်ကြိမ်) အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကာ ဘေးတစောင်း လွယ်အိတ်များကိုလည်း မေတ္တာလက်ဆောင်အနေဖြင့် OPPO မှ ပေးအပ်သွားမည်ဖြစ်သည်။

“အားသွင်းမြန်ဆန် အသုံးခံ” ဟူသည့်ဆောင်ပုဒ်အတိုင်း OPPO A76 တွင် 33W SUPERVOOC အမြန်အားသွင်းစနစ်နှင့် ကြီးမား၍ အသုံးခံသော 5,000 mAh ဘတ်ထရီကိုလည်း တွဲဖက်အသုံးပြုထားသည့်အတွက်‌ ၃၀ မိနစ်အားသွင်းလျှင် ၅၅ ရာခိုင်နှုန်းအထိနှင့် ၇၁ မိနစ်အားသွင်းလျှင် ၁၀၀ ရာခိုင်နှုန်းအထိ လျင်မြန်စွာ အားဖြည့်သွင်းနိုင်မည်ဖြစ်သည်။ OPPO A76 ၏ 5,000 mAh ဘတ်ထရီဖြင့် ဖုန်းခေါ်ဆိုမှု လုပ်‌ဆောင်လျှင် ၄၂ နာရီအထိ၊ Viber နှင့် Messenger အသုံးပြုလျှင် ၁၇ နာရီကျော် အထိ အသုံးခံမည်ဖြစ်သည်။

OPPO A76 ကို ဆန်းသစ်လှပသည့် Glowing Blue နှင့် Glowing Black ဟူ၍ အရောင်နှစ်ရောင်ဖြင့် ရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်သည်။ Glowing Blue အရောင်သည် ယနေ့ခေတ်ကာလတွင် ရေပန်းစားနေသည့် Glowing ဒီဇိုင်းအရောင်များထဲမှ တစ်ခုဖြစ်သည်။ Glowing Blue အ‌ရောင်သည် အလှရသပြည့်ဝသော အပြာနုရောင်ပေါ်တွင် တောက်ပပြောင်လက်သော ရောင်ပြေးလေးများသန်းနေသည့် အသွင်အပြင်ရှိသည့်အတွက် လန်းဆန်းတက်ကြွသော စိတ်ခံစားချက်ကို ပေးစွမ်းနိုင်သည်။ Glowing Black အ‌ရောင်သည်လည်း အခြေခံကျ၍ ရိုးရှင်းလေးနက်သော အနက်ရောင် ဖြစ်သည့်အတွက် Premium Look ကို ရရှိစေပြီး အသက်အရွယ်မရွေး နှစ်သက်စေလောက်သည့် အရောင်မျိုးဖြစ်သည်။ ကျောဘက်ဒီဇိုင်းကိုလည်း IPX4 ရေစိုခံမှုနဲ့ IP5X ဖုန်မှုန့်ဒဏ်ခံစမ်းသပ်မှုကို အောင်မြင်ထားသည့် လက်ဗွေရာ မထင်စေဘဲ ဖုန်ဒဏ်၊ ချွေးစိုဒဏ်၊ ရေစိုဒဏ် ခံနိုင်သော Texture ဖြင့် ပြုလုပ်ထားသည်။

OPPO A76 သည် သုံးစွဲသူများ နှစ်ခြိုက်စေမည့် ဒီဇိုင်းအသွင်အပြင်ကို ပေးစွမ်းနိုင်မည်သာမက Android 11 နှင့် အဆင့်မြင့်သော 90Hz Color-Rich Punch-Hole Display ပါဝင်ပြီး 6nm နည်းပညာအသုံးပြုထားသော Qualcomm Snapdragon 680 CPU ကို ထည့်သွင်းထားသည့်အတွက် ပိုမိုချောမွေ့မြန်ဆန်သော ဖုန်းသုံးစွဲမှု အတွေ့အကြုံကို ရရှိစေမည်ဖြစ်သည်။ ဖုန်းမျက်နှာပြင်အကျယ် 6.56” ၊ ထုထည် 164.4 x 75.7 x 8.4mm နှင့် အလေးချိန် 189 g သာ ရှိသောကြောင့် Hand Feeling ပေါ့ပါးမှုကို ရရှိစေပြီး သုံးစွဲသူများ၏ နေ့စဉ်ဘဝကို အဆင်ပြေ လွယ်ကူစေနိုင်မည် ဖြစ်သည်။

ထို့အပြင် OPPO A76 တွင် 6GB RAM + 128GB ROM Storage ပါရှိပြီး RAM Expansion နည်းပညာကိုလည်း ထည့်သွင်းထားသည်။ အဆိုပါ RAM Expansion နည်းပညာဖြင့် Build-In ပါဝင်တဲ့ 6GB RAM ကို Up to 5GB Extended RAM အထိ ထပ်တိုးချဲ့အသုံးပြုနိုင်မည်ဖြစ်သောကြောင့် Multi-Tasking ကောင်းမွန်စေပြီး App များစွာကို တစ်ပြိုက်တည်း အသုံးပြုသည့်အခါ ထစ်ခြင်း Lag ခြင်း မရှိဘဲ အဆင်ပြေပြေ အသုံးပြုနိုင်မည်ဖြစ်သည်။ 13MP Main Camera + 2MP Camera နှင့် 8MP Selfie Camera ပါရှိပြီး ပုံထွက် ကြည်လင်စွာ ရိုက်ကူးယူနိုင်မည်ဖြစ်သည်။

OPPO A76 နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက OPPO A76 Website Page https://www.oppo.com/mm/smartphones/series-a/a76/ နှင့် OPPO Myanmar ၏ Facebook Page https://www.facebook.com/OPPOMyanmar/posts/2193447587479784 တို့တွင် ဝင်ရောက်လေ့လာနိုင်သည်။

Press Release of OPPO

The post “အားသွင်းမြန်ဆန် အသုံးခံ” သည့် OPPO A Series အသစ် OPPO A76 မြန်မာနိုင်ငံ ဈေးကွက်သို့ ရောက်ရှိ appeared first on MyTech Myanmar.

Comments