ဧပြီလ ၄ ရက်နေ့မှာ မိတ်ဆက်မယ့် realme Pad Mini ရဲ့ Specs အသေးစိတ်ပေါက်ကြားလာပြီ

realme ကနေ Tablet စျေးကွက်အတွက် စျေးနှုန်းသက်သာပြီး အရွယ်အစားသေးငယ်တဲ့ realme Pad Mini ကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုတာကို အတည်ပြုပြီဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ realme ဟာ အဆိုပါ realme Pad Mini ကို လာမယ့် ဧပြီလ ၄ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလိုမျိုး မိတ်ဆက်ဖို့ရက်ပိုင်းအလိုမှာ realme Pad Mini မှာပါဝင်လာမယ့် Specification အသေးစိတ်က ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ Specification တွေကို Lazada Website မှာ တင်ထားခဲ့တာဖြစ်ပြီး Specification တွေအပြင် Promo ဓါတ်ပုံတွေပါ ပါဝင်လာခဲ့ပါတယ်။

realme Pad Mini ဟာ 8.7″ Display ကို အသုံးပြုထားမှာဖြစ်ပြီး ကိုယ်ထည်အထူအနေနဲ့ 7.6mm ပဲရှိတာကြောင့် ပါးလွှာတယ်လို့ ပြောနိုင်ပါတယ်။ Battery အနေနဲ့ကတော့ 6400mAh Battery ပါဝင်မှာဖြစ်ပြီး 18W Fast Charging ကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

Processor ပိုင်းအနေနဲ့ကတော့ Unisoc ကနေ ထုတ်လုပ်ပေးထားတဲ့ T616 Processor ကို အသုံးပြုထားမှာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာ ဘယ်လောက်ထိရှိမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ Android 11 ကို အခြေခံထားတဲ့ realme UI for Pad ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

အခုလိုမျိုး Specs တွေသိရပေမယ့်လည်း လောလောဆယ်အထိ စျေးနှုန်းကိုတော့ မသိရသေးဘဲ ယခင်မိတ်ဆက်ထားတဲ့ realme Pad 10.4″ ထက်တော့ စျေးသက်သာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena

The post ဧပြီလ ၄ ရက်နေ့မှာ မိတ်ဆက်မယ့် realme Pad Mini ရဲ့ Specs အသေးစိတ်ပေါက်ကြားလာပြီ appeared first on MyTech Myanmar.

Comments