SD 8 Gen 1 နဲ့ SSD+UFS Storage ပါတဲ့ Black Shark 5 Pro ကို ကြေညာ

သတင်းများစွာထွက်နေတဲ့ Black Shark 5 Series ကို ကြေညာလိုက်ပြီ ဖြစ်ပြီး မော်ဒယ် ၃ ခု ထုတ်လုပ်ပေးထားပါတယ်။ အဲဒီအထဲက စွမ်းရည်အမြင့်ဆုံး Black Shark 5 Pro အကြောင်းကို ပြောပြချင်ပါတယ်။

Black Shark 5 Pro highlights

Black Shark 5 Pro မှာ Snapdragon 8 Gen 1 ထည့်သွင်းထားပြီး Chip ကို အေးမြအောင် တစ်ဖက်တစ်ချက်စီမှာ Vapor Chamber ၁ ခုစီ ထည့်သွင်းထားပါတယ်။ 16GB RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်ပြီး Storage အပိုင်းကို NVMe SSD နဲ့ ပုံမှန် UFS 3.1 တို့ ညီတူညီမျှ ခွဲခြားထားပါတယ်။ DM Cache နည်းပညာကို သုံးထားတဲ့အတွက် Read & Write စွမ်းရည်ကို သိသိသာသာ တိုးတက်စေပါတယ်။

120W Fast Charging ထောက်ပံ့တဲ့ 4,650mAh ဘက်ထရီ ထည့်သွင်းထားပြီး ၁၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းနိုင်ပါတယ်။ အပူချိန်ထိန်းချုပ်တဲ့ Mode ကို သုံးရင်တော့ ၂၄ မိနစ်ကြာမှ အားအပြည့်သွင်းပေးမှာပါ။ ဂိမ်း ကစားတဲ့အချိန် အားသွင်းထားရင် ပိုမို စွမ်းဆောင်ရည် ကောင်းစေတဲ့ လုပ်ဆောင်ချက်လည်း ပါပါတယ်။

၆.၆၇ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 10-bit Panel က HDR10+ နဲ့ DCI-P3 Color Gamut ကို ထောက်ပံ့ပါတယ်။ အရှေ့နဲ့ အနောက်ဘက်မှာ Ambient Light  Sensor ၁ လုံးစီ တပ်ဆင်ထားတဲ့အတွက် အခြေအနေအပေါ်လိုက်ကာ အလင်းရောင်ကို ချိန်ညှိနိုင်ပါတယ်။

144Hz Refresh Rate နဲ့ 720Hz Touch Sampling Rate ထည့်သွင်းထားပြီး ဖုန်းရဲ့ ထောင့်ဘက်တွေမှာ Magnetic Shoulder Button တပ်ဆင်ထားပါတယ်။ 1.5 cc Cavities ပါတဲ့ စပီကာ ၂ လုံး ပါလာပြီး DxOMark ရဲ့ Audio Chart မှာ ၈၆ မှတ်နဲ့ လက်ရှိမှာ အများဆုံး ဖြစ်နေပါတယ်။ Haptic Feedback ပိုကောင်းတဲ့ X-Axis Linear Motor တပ်ဆင်ထားပြီး အသံဖမ်းယူမှု ပိုကောင်းအောင် ဖုန်းရဲ့ လေးဘက်လေးတန်မှာ မိုက်ကရိုဖုန်း ၄ လုံး ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 108MP Main , 13MP Ultrawide Angle နဲ့ 5MP Telephoto ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး တရုတ်မှာ ဧပြီလ ၂ ရက်နေ့ ရောင်းမှာပါ။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၄,၂၀၀ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁,၁၇၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

Ref : gsmarena

The post SD 8 Gen 1 နဲ့ SSD+UFS Storage ပါတဲ့ Black Shark 5 Pro ကို ကြေညာ appeared first on MyTech Myanmar.

Comments