ဖြုတ်နိုင်၊ တပ်နိုင်တဲ့ Tablet ပုံစံ Nest Hub အသစ်ကို ဆောင်ရွက်နေတဲ့ Google

Google ဟာလက်ရှိအချိန်မှာ Smart Home စျေးကွက်အတွက် Nest ဆိုတဲ့ နာမည်နဲ့ Product တွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုအချိန်မှာလည်း Google ကနေ ယခင်တုန်းက Nest Product တွေနဲ့မတူညီတဲ့ Nest Hub 2022 Model ကို မိတ်ဆက်ဖို့ ဆောင်ရွက်နေပြီလို့ သိရပါတယ်။

လောလောဆယ်မှာ Google ကနေ Soli Rader ကိုအသုံးပြုပြီး Sleep Tracking နဲ့ Air Gesture တွေကို Support ပြုလုပ်ထားတဲ့ Nest Hub (2nd Gen) ကို ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း Nest Hub Max ကို မိတ်ဆက်ခဲ့ပါသေးတယ်။ အဆိုပါ Nest Hub Max ဟာ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Speaker အပြင် Screen Size ကလည်း 10″ အထိရှိမှာဖြစ်တာကြောင့် အောင်မြင်ခဲ့တဲ့ Product တစ်ခုလည်းဖြစ်ပါတယ်။

အခု Google ကနေ အသစ်မိတ်ဆက်ဖို့ ပြုလုပ်နေတဲ့ Nest Hub အသစ်ဟာဆိုရင် ယခင်တုန်းက ထွက်ရှိထားတဲ့ Nest Hub တွေနဲ့ မတူညီဘဲ Tablet အနေနဲ့လည်း ဖြုတ်နိုင်၊ တပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် Smart Home Hub အနေနဲ့ အသုံးပြုနိုင်သလို Tablet အနေနဲ့လည်း ပြောင်းလဲအသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။

ဒါပေမယ့်လည်း Google ဟာ အဆိုပါ Nest Hub ကို ဘယ်လိုမျိုး Software OS တွေကို အသုံးပြုသွားမလဲဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောနိုင်ပါတယ်။ လက်ရှိအချိန်မှာ Google ဟာ Nest Hub တွေကို Android OS အစား Fuchsia OS ကို ပြောင်းလဲအသုံးပြုထားတာကြောင့် အခုမိတ်ဆက်လာမယ့် Nest Hub ဟာလည်း Fuchsia OS ကိုပဲ အသုံးပြုလာနိုင်ပါတယ်။

Google ဟာ လာမယ့် မေလ ၁၁ ရက်နေ့မှာ Google I/O Event ကို ပြုလုပ်သွားဖို့ရှိတာကြောင့် အဆိုပါ Event မှာ ယခု Nest Hub အသစ်ကို မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Ref – 9to5Google

The post ဖြုတ်နိုင်၊ တပ်နိုင်တဲ့ Tablet ပုံစံ Nest Hub အသစ်ကို ဆောင်ရွက်နေတဲ့ Google appeared first on MyTech Myanmar.

Comments