Case Photo တွေက Galaxy Z Fold4 မှာ ပိုကျယ်တဲ့ မျက်နှာပြင်အချိုးရှိကြောင်း ထောက်ခံနေ

Samsung ဟာ ဒီနှစ်နှောင်းပိုင်းမှာထွက်ရှိမဲ့ Galaxy Z Fold4 မှာ ပိုကောင်းတဲ့အသုံးပြုမှုအတွေ့အကြုံတွေ ယူဆောင်လာနိုင်ဖို့ ကြိုးစားနေသလို ဖုံးကွယ်နေတဲ့ ပြဿနာတွေကိုလည်း အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတာကို တွေ့မြင်ရပါတယ်။

လက်ရှိသတင်းကြီးနေတာက Galaxy Z Fold4 ရဲ့ မျက်နှာပြင်ပိုင်းဟာ တိုးတက်မှုတွေများလာပြီဆိုတာပါပဲ။ Cover screen နဲ့ Foldable display နှစ်ခုစလုံးအတွက် အသုံးပြုရလွယ်ကူစေဖို့ အနည်းငယ်ပိုကျယ်တဲ့ Aspect ration ရှိလာမယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်နေခဲ့တာ ကြာပြီဖြစ်ပါတယ်။

Galaxy Z Fold4 ရဲ့ Aspect ratio ပြောင်းလဲမှုကို မကြာသေးခင်ကပဲ Twitter မှာ တင်ထားတဲ့ ရုပ်ပုံအချို့က အရိပ်အမြွက်ဖော်ပြနေပါတယ်။ ရုပ်ပုံတွေဟာ Galaxy Z Fold4 အတွက် Clear Case ကို ဖော်ပြထားတာဖြစ်ပါတယ်။ ဒီ ကာဗာအကြည်တွေဟာ လာမဲ့ Foldable အမျိုးအစားက ပြီးခဲ့တဲ့ Galaxy Z Fold3 ထက် ဘေးမှာ အနည်းငယ်ပိုကျယ်တဲ့ပုံကို ဖော်ပြနေတာပါ။

ဒီအရွယ်အစားကွာခြားချက်ကို တိုင်းတာမှုရလဒ်တွေအပေါ်အခြေခံထားတာ ဖြစ်ပါတယ်။ လက်ရှိမြင်တွေ့ရတဲ့ ကာဗာအကြည်နဲ့ ထွက်ခဲ့ပြီးတဲ့ အခြား Renders တွေအရ Galaxy Z Fold4 ဟာ Galaxy Z Fold3 နဲ့ အကြမ်းအားဖြင့် တူညီတဲ့အပြင်ပိုင်းဒီဇိုင်းကို သယ်ဆောင်လာဖွယ်ရှိပါတယ်။ အနည်းငယ်သာကွဲပြားပြီး ကင်မရာအိမ်ဒီဇိုင်းကတော့ Samsung က အတော်လေးကို စိတ်တိုင်းကျပြင်ဆင်ထားပုံရပါတယ်။

Samsung Galaxy Z Fold4 မှာ အခြားသောတိုးတက်မှုတွေကိုလည်း တွေ့မြင်ရမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ပိုပါး၊ ပိုကောင်းတဲ့ Foldable panel, ပိုပြီးကောင်းမွန်တဲ့ ကင်မရာတပ်ဆင်မှုအပြင် Snapdragon 8+ Gen 1 chipset စတာတွေပါဝင်လာမယ်ဆိုတာကတော့ သိရှိပြီးဖြစ်ကြပါလိမ့်မယ်။ Samsung ဟာ လာမဲ့ သြဂုတ်လလောက်မှာ Galaxy Z Fold4 နဲ့ Galaxy Z Flip4 တို့ကို မိတ်ဆက်လာဖွယ်ရှိပါတယ်။

Ref: GSM Arena

The post Case Photo တွေက Galaxy Z Fold4 မှာ ပိုကျယ်တဲ့ မျက်နှာပြင်အချိုးရှိကြောင်း ထောက်ခံနေ appeared first on MyTech Myanmar.

Comments