ပြင်သစ်၊ မိုနာကိုနဲ့ နယူးဇီလန်မှာ ပိုပြီးကောင်းမွန်တဲ့ Data ကို စမ်းသပ်နေတဲ့ Apple Maps

Cupertino အခြေစိုက်ကုမ္ပဏီကြီးဟာ Apple Maps ဒေတာကို အခါအားလျော်စွာ Update ပြုလုပ်နေပြီး ကမ္ဘာတစ်ဝန်းက နိုင်ငံအချို့မှာ ပိုပြီးအသေးစိတ်တဲ့ မြင်ကွင်းတွေ ရရှိလာပြီ ဖြစ်ပါတယ်။ Apple Maps ရဲ့ ပိုပြီးကောင်းမွန်တဲ့ မြေပုံတွေကို ပြင်သစ်၊ မိုနာကိုနဲ့ နယူးဇီလန်တို့မှာ မကြာခင်ရရှိတော့မယ်လို့ သိရပါတယ်။

Update ပြုလုပ်ထားတာတွေကို စတင်စမ်းသပ်နေပြီဖြစ်ပေမဲ့လည်း အများသူငါအသုံးပြုခွင့်ရရှိဖို့ ဇူလိုင်လလယ်လောက်အထိ စောင့်ရနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Apple ရဲ့ Update ဖြန့်ချိမှုတွေကို ခြေရာခံနေတဲ့ Justin O’Beirne ကတော့ လာမဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ဒီ Update တွေ ထွက်လာလိမ့်မယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။

မြေပုံအသစ်မှာ Eiffel Tower နဲ့ Notre Dame Cathedral တို့လိုမျိုး ကျော်ကြားတဲ့ အထင်ကရနေရာတွေရဲ့ အသေးစိတ် 3D ပုံတွေလည်း ပါဝင်လာတယ်လို့ သိရပါတယ်။ Auckland နဲ့ Mont Saint-Michel တို့လိုမျိုး အချို့နေရာတွေကတော့ မြေပုံဟောင်းမှာ 3D အဆောက်အဦတွေ လုံးဝမရှိပါဘူး။ ဒါ့အပြင် မြေပုံရဲ့ အလုံးစုံအသွင်အပြင်ဟာ လမ်းတွေကိုအလေးထားပြီး နေရာနာမည်တွေကိုလည်း ပိုပြီးတော့ သယ်ဆောင်လာတယ်လို့ သိရပါတယ်။

အရင်ကတော့ ဒီမြေပုံတေကို ဂျာမနီနဲ့ စင်ကာပူ၊ သြစတြေးလျ၊ အီတလီ၊ ဆန်မာရီနို၊ ဗာတီကန်စီးတီးနဲ့ အန်ဒိုရာ၊ စပိန်နဲ့ ပေါ်တူဂီ တွေမှာရရှိခဲ့တာ ဖြစ်ပါတယ်။ O’Beirne ရဲ့အဆိုအရ အခု တိုးတက်လာတဲ့မြေပုံတွေဟာ ကမ္ဘာ့မြေထုရဲ့ ငါးပုံတစ်ပုံနဲ့ လူဦးရေရဲ့ ဆယ်ပုံတစ်ပုံနီးပါးကို လွှမ်းခြုံထားတယ်လို့ သိရပါတယ်။

Ref: GSM Arena

The post ပြင်သစ်၊ မိုနာကိုနဲ့ နယူးဇီလန်မှာ ပိုပြီးကောင်းမွန်တဲ့ Data ကို စမ်းသပ်နေတဲ့ Apple Maps appeared first on MyTech Myanmar.

Comments