Dimensity 1300 Chipset ၊ 6000mAh Battery ပါဝင်တဲ့ vivo T2x ကို တရားဝင်မိတ်ဆက်လိုက်ပြီ

vivo ကနေ အစောပိုင်းတုန်း vivo T2x နာမည်နဲ့ စမတ်ဖုန်းအသစ်ကို လာမယ့် ဇွန်လ ၆ ရက်နေ့မှာ မိတ်ဆက်ဖို့စီစဥ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ တရုတ်နိုင်ငံတွင်းမှာပဲ တိတ်တဆိတ်မိတ်ဆက်လိုက်ပါပြီ။

အဆိုပါ vivo T2x စမတ်ဖုန်းဟာ တရုတ်နိုင်ငံတွင်း E-commerce Platform တစ်ခုဖြစ်တဲ့ JD.com မှာ မေလ ၂၉ ရက်နေ့ကစတင်ပြိး မိတ်ဆက်ခဲ့တာဖြစ်ပြီး လာမယ့် ဇွန်လ ၁၂ ရက်နေ့နောက်ပိုင်းမှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

vivo T2x ဖုန်းဟာ MediaTek ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ Dimensity 1300 Chipset ကို အသုံးပြုထားတာဖြစ်ပါတယ်။ အဆိုပါ Chipset ဟာ 6nm Architecture ကိုအခြေခံထားပြီးတော့ Casual Mobile Gaming အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Chipset တစ်ခုဖြစ်ပါတယ်။ တခြား Specs တွေအနေနဲ့ကတော့ 8GB LPDDR4X RAM ၊ 256GB UFS 3.1 Storage တွေပါဝင်မှာဖြစ်ပါတယ်။

Display ပိုင်းအနေနဲ့ကတော့ vivo T2x ဟာ 6.58″ IPS LCD Display ကိုအသုံးပြုထားပြီး 144Hz Refresh Rate ကိုပါ ထောက်ပံ့ပေးထားပါတယ်။ အဆိုပါ LCD Display ဟာ Touch Sampling Rate အနေနဲ့ 240Hz အထိရှိမှာဖြစ်ပြီး DC Dimming ၊ DCI-P3 Color Space နဲ့ အမြင့်ဆုံး 650Nits Brightness အထိ ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

Battery ပိုင်းမှာတော့ vivo T2x ဖုန်းဟာ 6000mAh Battery ကိုထည့်သွင်းပေးထားပြီး 44W FlashCharge Fast Charging ကိုပါ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် 0-50% ကို အားသွင်းဖို့အတွက် အချိန် ၃၅ မိနစ်ပဲ ပေးရမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ Dual 50MP Primary Sensor + 2MP Macro Sensor ပါဝင်တဲ့ Dual Camera Setup ပါဝင်မယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ RAM 8GB + 128GB Version ကို 1,699 Yuan (မြန်မာငွေ ၄ သိန်း ၇ သောင်းဝန်းကျင်) ၊ RAM 8GB + 256GB Version ကိုတော့ 1,899 Yuan (မြန်မာငွေ ၅ သိန်း ၃ သောင်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gizmo China

The post Dimensity 1300 Chipset ၊ 6000mAh Battery ပါဝင်တဲ့ vivo T2x ကို တရားဝင်မိတ်ဆက်လိုက်ပြီ appeared first on MyTech Myanmar.

Comments