ထူးခြားဆန်းသစ်သည့် နောက်ကျောဘက်လှိုင်းတွန့်ရုပ်ကြွဒီဇိုင်းနှင့် အလင်းဝင်အားပိုကောင်းသော HM6 Image Sensor သုံး 108MP ကင်မရာတို့ပါဝင်သည့် realme 9 ကို ဇွန်လဆန်းတွင် မိတ်ဆက်ပေးရန်ရှိ

realme Myanmar က realme 9i ကို ပြီးခဲ့သည့် မတ်လတွင်မိတ်ဆက်ပေးခဲ့ပြီးနောက် realme 9 series ၏နောက်ထပ်ထုတ်ကုန်သစ်အဖြစ် realme 9 ကိုပါ ဇွန်လဆန်းပိုင်းတွင် မိတ်ဆက်ပေးသွားမည်ဖြစ်သည်။ ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် realme က realme 9 တွင် ထူးခြားသည့်ဒီဇီုင်းဆန်းသစ်မှုအဖြစ် ကမ္ဘာ့ပထမဆုံးသော လှိုင်းတွန့်ရုပ်ကြွဒီဇိုင်းကို ဖန်တီးမိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး မိုဘိုင်းနယ်ပယ်တွင် ကြီးမားသည့်သက်ရောက်မှုတစ်ခုကိုပါရရှိနိုင်ရန် မျှော်မှန်ထားခြင်းဖြစ်သည်။

realme 9 တွင်ဖန်တီးထားသည့် လှိုင်းတွန့်ရုပ်ကြွဒီဇိုင်းမှာ ကန္တာရတွင်ရှိသည့် သဲခုံလွှာလေးများကိုအခြေခံကာ ခက်ခဲ့သည့်ထုတ်လုပ်မှုအဆင့်ဆင့်တို့ကိုကျော်ဖြတ်ပြီး ဆန်းသစ်သည့် Plasma Atom အပေါ်လွှာထပ်လောင်းခြင်းနှင့် UV-Nano ပုံရိုက်ခြင်းလုပ်ဆောင်မှုတို့မှတစ်ဆင့် ဖန်တီးထားခြင်းဖြစ်သည်။ လက်ရာမြောက်စွာကွဲပြား ခြင်းကို realme 9 တွင် ထိတွေ့ခံစားနိုင်မည်ဖြစ်သလို 7.99mm အထူသာရှိသည့်အတွက်သွယ်လျပါးလွှာသည့် ဝိသေသကိုပါတစ်ပြိုင်တည်းခံစားရစေမည်ဖြစ်သည်။

ထို့အပြင် realme 9 ၏နောက်ထပ်ထူးခြားချက်မှာ ဓာတ်ပုံရိုက်ကူမှုပိုင်းဆိုင်ရာများတွင် ဆန်းသစ်သည့် feature သစ်များနှင့်အတူ ရုပ်ထွက်အားနှင့် အလင်းဝင်အားတို့ကို ပိုမိုကောင်းမွန်စွာရရှိစေရန်အတွက် ပရိုဆန်သည့် 108MP ကင်မရာအမျိုးအစားကိုပါအသုံးပြုပေးထားခြင်းဖြစ်သည်။ realme 9 အတွက် အထူးထုတ်လုပ်ပေးထား သည့် Samsung ၏ HM6 Image Sensor ကို ထည့်သွင်းအသုံးပြုပေးထားခြင်းကြောင့် ယခင် HM2 Image Sensor ထက် အလင်းစုပ်ယူအားဖြည့်မှုအပိုင်းတွင် ၁၂၃ ရာခိုင်နှုန်းအထိပိုမိုအားကောင်းသွားစေမည်ဖြစ်သည်။ realme 9 တွင်ပါဝင်သည့် HM6 Image Sensor မှာ Nonapixel Plus နည်းပညာကိုအသုံးပြုထားခြင်းဖြစ်ပြီး 9-sum Pixel Binning အားသာချက်ကြောင့် လုံလောက်ပြည့်ဝသည့်အလင်းအားကိုရရှိစေကာ အလင်းရောင်နည်း သည့်ပတ်ဝန်းကျင်အခြေအနေများတွင်ပါ ပိုမိုပြတ်သားကြည်လင်သည့် ပုံများကိုဖန်တီးနိုင်စေမည်ဖြစ်သည်။ ထို့အပြင် ဓာတ်ပုံတစ်ခုအတွက်အဓိကအဟန့်အတားဖြစ်သည့် Noise (ပုံဖွယ်ခြင်း) ကိုပါ အနည်းဆုံးအဖြစ်လျှော့ ချပေးထားခြင်းကြောင့် လွတ်လပ်သည့်ဓာတ်ပုံရိုက်ကူးခြင်းကို realme 9 နှင့်အတူ ရရှိစေမည်ဖြစ်သည်။

ထို့အပြင် HM6 Image Sensor တွင်တစ်ပါတည်းထည့်သွင်းပေးထားသည့် Hardware အခြေပြု In-sensor Ultra Zoom စနစ်ကြောင့် အဝေးမြင်ကွင်းများကို ၃ဆချဲ့ယူရိုက်ကူးနိုင်သလို အနုစိပ်ကျသည့်အရည်အသွေးကိုရရှိစေ မည်ဖြစ်သည်။ မြင်ကွင်းကျယ်ရိုက်ကူးမှုအပိုင်းအတွက်လည်း ၁၂၀ဒီဂရီအထိရရှိစေမည့် Super Wide ကင်မရာကိုပါထည့်သွင်းပေးထားခြင်းကြောင့် ပတ်ဝန်းကျင်းအလှတရားများကို ကင်မရာဘောင်ထဲတွင်အပြည့်အဝရယူနိုင်သလို Crop ပြန်ဖြတ်ထုတ်ရာတွင်လည်း ပိုမိုလွတ်လပ်စွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။ Street Photography Mode 2.0 တွင်လည်း လူငယ်များသဘောကျစေမည့် filter များစွာကိုပါအသုံးပြုနိုင်စေမည်ဖြစ်ပြီး ယခု feature မှာ လူကြိုက်များလှသည့် realme 9 Pro+ တွင်အသုံးပြုထားသည့်ကင်မရာ feature စနစ်ကိုပြန်လည်ရယူပေးထားခြင်းဖြစ်သည်။

realme 9 တွင် အရောင်ပိုစိုသည့် 90Hz Super AMOLED မျက်နှာပြင်နှင့်အတူ မျက်နှာပြင်အောက်တွင်ထည့်သွင်းပေးထားသည့် လက်ဗွေဖတ်စနစ်ကိုပါအသုံးပြုရမည်ဖြစ်သည်။ ယခုလက်ဗွေဖတ်စနစ်တွင်လည်း ပိုမိုအသုံးဝင်စေမည့်ကျန်မာရေးဆိုင်ရာ feature တစ်ခုဖြစ်သည့်နှလုံးခုန်းတိုင်းတာပေးမည့် Hear-rate ဆင်ဆာကိုပါထည့်သွင်းပေးထားသည်။

The post ထူးခြားဆန်းသစ်သည့် နောက်ကျောဘက်လှိုင်းတွန့်ရုပ်ကြွဒီဇိုင်းနှင့် အလင်းဝင်အားပိုကောင်းသော HM6 Image Sensor သုံး 108MP ကင်မရာတို့ပါဝင်သည့် realme 9 ကို ဇွန်လဆန်းတွင် မိတ်ဆက်ပေးရန်ရှိ appeared first on MyTech Myanmar.

Comments